Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်အသစ်ကို ပြင်သစ်ရေတပ် စမ်းသပ်၊ ပထမဆုံးအကြိမ် ဓာတ်ပုံတွေ ထုတ်ပြ

နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်ပြီး အဆင့်မြှင့်တင်ထားတဲ့ ဝေဟင်ကနေ မြေပြင်ပစ် ဒုံးကျည်အမျိုးအစားသစ်ကို ပြင်သစ် ရေတပ်က ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် စမ်းသပ် ပစ်ခတ်ခဲ့ပါတယ်။

နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်ပြီး အဆင့်မြှင့်တင်ထားတဲ့ ဝေဟင်ကနေ မြေပြင်ပစ် ဒုံးကျည်အမျိုးအစားသစ်ကို ပြင်သစ် ရေတပ်က ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် စမ်းသပ် ပစ်ခတ်ခဲ့ပါတယ်။

နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်ပြီး အဆင့်မြှင့်တင်ထားတဲ့ ဝေဟင်ကနေ မြေပြင်ပစ် ဒုံးကျည်အမျိုးအစားသစ်ကို ပြင်သစ် ရေတပ်က ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် စမ်းသပ် ပစ်ခတ်ခဲ့ပါတယ်။

ASMPA-R တာလတ်ပစ် ဒုံးကျည်ဟာ မူလ ASMP-Aကို ဘက်ပေါင်းစုံကနေ အဆင့်မြှင့်တင်ထားတဲ့ အမျိုးအစား ဖြစ်ပါတယ်။ ပြင်သစ် လေတပ်မှာ အဲဒီဒုံးကျည်ကို စတင်အသုံးပြုနေပြီး အခုတော့ ရေတပ်က တိုက်လေယာဉ်တွေ အတွက်ပါ လက်လွှဲပေးလာတဲ့ သဘောပဲ ဖြစ်ပါတယ်။

စူပါဆောနစ် မြန်နှုန်းနဲ့ ပျံသန်းပြီး ပစ်မှတ်ကို ခြေရာခံ ချေမှုန်းနိုင်တဲ့ ASMPA-R ဒုံးကျည်ကို ချားလ်စ်ဒီဂေါလ် လေယာဉ်တင် သင်္ဘောကြီးပေါ်မှာ အခြေစိုက်တဲ့ Rafale တိုက်လေယာဉ် တစ်စီးကနေ အောင်အောင်မြင်မြင် စမ်းသပ် ပစ်ခတ်နိုင်ခဲ့တယ်လို့ ရေတပ်က ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ အဲဒီဒုံးကျည်ကို ဒုတိယအကြိမ် စမ်းသပ်ခြင်းဖြစ်ပြီး ရန်သူ့ပစ်မှတ် တစ်ခုကို လက်ဦးမှုယူ တိုက်ခိုက်တဲ့ သရုပ်တူ ပုံစံမျိုး စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။ ASMPA-Rကို ပြင်သစ်ရဲ့ လေတပ်နဲ့ အာကာသတပ်ဖွဲ့တွေမှာတော့ ၂၀၂၃ ခုနှစ် ကတည်းက စတင် အသုံးပြုနေပါတယ်။

Public Service Announcement

Public Service Announcement

ပထမအကြိမ် စမ်းသပ်မှုကို ပြင်သစ် လေတပ်က လုပ်ဆောင်ခဲ့ပြီး အဲဒီတုန်းကတော့ တိုက်လေယာဉ်မှာ ချိတ်ဆွဲထားတဲ့ ဒုံးကျည်ရဲ့ ဓာတ်ပုံတွေကို ဖုံးကွယ်ပြီးမှ ထုတ်ပြန်ခဲ့ပါတယ်။ အခုတစ်ကြိမ် ရေတပ်ရဲ့ စမ်းသပ်မှုမှာတော့ Rafale လေယာဉ်မှာ တပ်ဆင်ထားတဲ့ ဒုံးကျည်ရဲ့ပုံကို ပထမဆုံး အကြိမ်အဖြစ် ရှင်းရှင်းလင်းလင်း ပြသထားပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့က ရေတပ်ရဲ့ Rafale M တိုက်လေယာဉ်ဟာ ထိပ်ဖူးအတု တပ်ဆင်ထားတဲ့ ဒုံးကျည်ကို စမ်းသပ် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဒုံးကျည်ဟာ အသံထက် ၃ ဆလောက်မြန်အောင် ပျံသန်းနိုင်ပြီး မူလ အမျိုးအစားက ရောက်ရှိနိုင်တဲ့ ကီလိုမီတာ ၅၀၀ ခရီးအကွာအဝေးထက် ပိုပြီး ခရီးပေါက်အောင် ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

ရုရှားရဲ့ ခြိမ်းခြောက်မှုတွေ ပိုမို ကြီးမားလာတာနဲ့အမျှ ပြင်သစ်ဟာ နိုင်ငံရဲ့ နျူကလီးယား တိုက်ခိုက်ရေး စွမ်းရည်ကို ပိုမို ချဲ့ထွင်ဖို့ ကြိုးစား ပြင်ဆင်နေပါတယ်။ ရေတပ်ဟာ ရေငုပ်သင်္ဘော အခြေစိုက် M51.3 နျူကလီးယား တိုက်ချင်းပစ် ဒုံးကျည်တွေကိုလည်း ပိုမို အဆင့်မြင့်တဲ့ M51.4တွေနဲ့ ပြောင်းလဲ တပ်ဆင်နေတယ်လို့ သိရပါတယ်။

ကိုးကား: Aero Time

ဓာတ်ပုံ – French Navy

ဆက်စပ်သတင်းများ