Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကစားစရာ သဲထုပ်ထဲ ကျောက်ဂွမ်း ရောပါနိုင်ခြေကြောင့် ဩစတြေးလျမှာ ကျောင်း ၇၀ လောက် ပိတ်ထားရ

ဩစတြေးလျ နိုင်ငံမှာ ကလေးတွေ ကစားဖို့ စီစဉ်ပေးထားတဲ့ ရောင်စုံသဲထုပ်တွေထဲမှာ ကျောက်ဂွမ်းအမှုန်တွေ ရောနှောပါဝင်နိုင်ခြေ ရှိနေတာကြောင့် ကျောင်း ၇၀ နီးပါးကို ပိတ်ထားစေဖို့ အစိုးရက ညွှန်ကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

ဩစတြေးလျ နိုင်ငံမှာ ကလေးတွေ ကစားဖို့ စီစဉ်ပေးထားတဲ့ ရောင်စုံသဲထုပ်တွေထဲမှာ ကျောက်ဂွမ်းအမှုန်တွေ ရောနှောပါဝင်နိုင်ခြေ ရှိနေတာကြောင့် ကျောင်း ၇၀ နီးပါးကို ပိတ်ထားစေဖို့ အစိုးရက ညွှန်ကြားခဲ့ပါတယ်။

ကင်ဘာရာမြို့နဲ့ အနီးတဝိုက်ကို သတ်မှတ်ထားရာ ဩစတြေးလျ မြို့တော်နယ်မြေ (ACT)ထဲမှာ ပါဝင်တဲ့ ကျောင်း ၆၉ ကျောင်းကို နိုဝင်ဘာ ၁၇ ရက်နေ့မှာ ပိတ်ထားစေမယ်လို့ အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။ အဲဒီ အတောအတွင်း ကျောင်းတွေမှာ ကလေးတွေ ထိတွေ့ကိုင်တွယ် ကစားတဲ့ ရောင်စုံသဲတွေကို ပြန်လည် သိမ်းဆည်းဖို့ စီစဉ်ထားပါတယ်။

တချို့ သဲထုပ်တွေထဲမှာ ကျောက်ဂွမ်းမှုန် ရောနှောပါဝင်နေကြောင်း အထောက်အထားတွေ တွေ့ရှိခဲ့တဲ့နောက် အဲဒီပစ္စည်းတွေကို ပြန်လည် သိမ်းယူဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ကတည်းက စတင် လုပ်ဆောင်နေပါတယ်။

ကျောက်ဂွမ်းမှုန်တွေဟာ ရေရှည်ထိတွေ့မှု ရှိနေရင် အသက်ရှူ လမ်းကြောင်းကို ဒုက္ခပေးနိုင်ပြီး အဆုတ်နာ၊ အဆုတ်ကင်ဆာ ရောဂါတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေမှာတော့ ရောင်စုံသဲတွေထဲက ကျောက်ဂွမ်းတွေဟာ လေထုထဲ ပျံ့နှံ့ပြီး အသက်ရှူ လမ်းကြောင်းထဲ ဝင်ရောက်ဖို့အထိ ဖြစ်နိုင်ခြေ အရမ်းနည်းတယ်လို့ ဩစတြေးလျ စျေးကွက်ပြိုင်ဆိုင်မှုနှင့် သုံးစွဲသူရေးရာ ကော်မရှင် (ACCC)က မှတ်ချက်ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ကျောင်းတွေမှာရှိတဲ့ ရောင်စုံသဲတွေကို စစ်ဆေးတာ၊ လိုအပ်သလို ပြန်လည်သိမ်းယူ လဲလှယ်တာတွေ လုပ်ဖို့ဆိုရင် ရက်ပိုင်းလောက် အချိန်ယူရမယ်လို့ ACTရဲ့ ပညာရေးဝန်ကြီး ဗက်ဗ်တေးဘယ်ရီက ပြောကြားခဲ့ပါတယ်။

ကျောင်းတွေဆီ ရောင်းချထားတဲ့ ကစားစရာ ရောင်စုံသဲတွေထဲမှာ ကျောက်ဂွမ်းပါဝင်နိုင်တယ်ဆိုတဲ့ သတိပေးချက်ကြောင့် နိုဝင်ဘာ ၁၄ ရက်နေ့ ကတည်းက ဩစတြေးလျနဲ့ နယူးဇီလန်တို့မှာ ကျောင်းတချို့ကို အပြည့်အဝ၊ ဒါမှမဟုတ် အချိန်ပိုင်း ပိတ်ခဲ့ရပါသေးတယ်။

ACTမှာ ရှိနေတဲ့ ကျောင်း ၂၃ ခုကတော့ အဲဒီသဲတွေကို မသုံးတာ၊ ဒါမှမဟုတ် အရမ်း အနည်းအကျဉ်းသာ အသုံးပြုတာတွေကြောင့် နိုဝင်ဘာ ၁၇ ရက်နေ့မှာ ပိတ်ထားမှာ မဟုတ်ပါဘူး။

အဓိက ပြန်လည် သိမ်းယူနေတဲ့ ထုတ်ကုန်ကတော့ Active Sandtubဆိုတဲ့ နာမည်နဲ့ ထုတ်လုပ်ထားပြီး သဲရဲတိုက်လေးတွေနဲ့ တခြား ပုံစံတွေ ဆောက်လုပ်လို့ရတဲ့ ရောင်စုံသဲထုပ်တွေ ဖြစ်ပါတယ်။

ကျောက်ဂွမ်းတွေကို အရင်က ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲတာမျိုး ရှိခဲ့ဖူးပေမယ့် အခုတော့ ဩစတြေးလျနဲ့ နယူးဇီလန် ဥပဒေတွေအရ အဲဒီ ပစ္စည်းရောနှောပါဝင်တဲ့ ထုတ်ကုန် အားလုံးကို တားမြစ်ထားကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ် နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီး တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လျက်ရှိရာ အာဏာသိမ်းပြီး ၅နှစ်ကျော်အတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၅၉လုံး ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းသူကျောင်းသားသေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း KNU ဗဟိုက အောက်တိုဘာ ၆ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ စစ်တပ်ထိန်းချုပ်မှု​အောက်ရှိ သာပေါင်းလေးရွာအလယ်တန်းကျောင်းကို စစ်တပ်ကဒရုန်းနဲ့ ဗုံးပြန်ကြဲလို့ ​ကျောင်းသားငယ်တွေအပါအဝင် ၈ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။