Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂိမ်းကစားတဲ့ ကလေးတွေကို အရွယ်ရောက်ပြီး လူစိမ်းတွေနဲ့ စကားပြောခွင့် Robloxပိတ်ပင်

ကမ္ဘာကျော် ကွန်ပျူတာနဲ့ မိုဘိုင်းဂိမ်း တစ်ခုဖြစ်တဲ့ Robloxဟာ ကလေးတွေကို အရွယ်ရောက်ပြီး လူစိမ်းတွေနဲ့ ချိတ်ဆက် စကားပြောဆိုခွင့်ကို တားမြစ် ပိတ်ပင်တော့မှာ ဖြစ်ပါတယ်။

ကမ္ဘာကျော် ကွန်ပျူတာနဲ့ မိုဘိုင်းဂိမ်း တစ်ခုဖြစ်တဲ့ Roblox ဟာ ကလေးတွေကို အရွယ်ရောက်ပြီး လူစိမ်းတွေနဲ့ ချိတ်ဆက် စကားပြောဆိုခွင့်ကို တားမြစ် ပိတ်ပင်တော့မှာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး ဂိမ်းပလက်ဖောင်း တစ်ခုဖြစ်တဲ့ Robloxက ဒါဟာ ပါဝင်ကစားသူတွေရဲ့ လုံခြုံရေးကို ကူညီ ကာကွယ်ပေးမယ့် အစီအမံရဲ့ တစိတ်တဒေသ ဖြစ်တယ်လို့ ပြောပါတယ်။ ကလေးတွေကို မကောင်းတဲ့ အကြံအစည်တွေနဲ့ ချဉ်းကပ်တဲ့ မသမာသူတွေရဲ့ ရန်ကနေ ကာကွယ်ပေးဖို့ အခုမူဝါဒကို ပြောင်းလဲခဲ့တာလို့ Roblox က ဆိုပါတယ်။

ဒီဇင်ဘာလကစပြီး Robloxရဲ့ ဂိမ်းကစားသူ အချင်းချင်း ချိတ်ဆက် စကားပြောနိုင်တဲ့ chat feature မှာ အသက်အရွယ် စစ်ဆေးမှုကို ဩစတြေးလျ၊ နယူးဇီလန်နဲ့ နယ်သာလန် ၃ နိုင်ငံမှာ စတင်ပါမယ်။ ဇန်နဝါရီလမှာတော့ အဲဒီလို စစ်ဆေးမှုကို တစ်ကမ္ဘာလုံး အတိုင်းအတာထိ ဖြန့်ကျက်သွားမယ်လို့ သိရပါတယ်။

ဂိမ်းကစားသူ ကလေးငယ်တွေဆီကို လူစိမ်းတွေက မဖွယ်မရာ ပုံရိပ်တွေနဲ့ အကြောင်းအရာတွေ ပေးပို့တာ၊ အရွယ်ရောက်ပြီး လူစိမ်းတွေက ဆက်သွယ်တာတွေ ရှိလာတဲ့အတွက် Robloxဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အမေရိကန်က ပြည်နယ် တချို့မှာလည်း ကလေးတွေရဲ့ လုံခြုံရေးကို စိုးရိမ်ရတယ်ဆိုတဲ့ အချက်အပေါ် အခြေခံပြီး ကုမ္ပဏီကို တရားစွဲတာတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း Robloxဟာ စည်းမျဉ်း အသစ်တွေကို စတင် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မတ်လတုန်းက Robloxရဲ့ အမှုဆောင်ချုပ် ဒေ့ဗ်ဘက်ဇူကီက ဒီကိစ္စတွေကို စိုးရိမ်တဲ့ မိဘတွေ အနေနဲ့ သူတို့ရဲ့ ကလေးတွေ Roblox မကစားအောင် တားသင့်ကြောင်း ပြောခဲ့ပြီး အဲဒီကိစ္စကလည်း ဝေဖန်စရာတွေ ကြုံခဲ့ဖူးပါတယ်။

မိဘတချို့ကတော့ Robloxဆီက လုံခြုံရေး တိုးမြှင့်ပေးဖို့ တုံ့ပြန်မှုတွေ ရှိလာတာကို ကြိုဆိုခဲ့ပေမယ့် ကလေးတွေဆီ မဖွယ်မရာ အကြောင်းအရာတွေ ရောက်ရှိလာနိုင်ခြေက ပျောက်ကွယ်မသွားနိုင်သေးဘူးလို့ ထောက်ပြထားကြပါတယ်။

Robloxဟာ လေးထောင့်ဆန်ဆန် graphic ပုံတွေနဲ့ ဖန်တီးထားပြီး စိတ်ကူးယဉ် လောကမျိုးစုံမှာ ပါဝင်ကစားရတဲ့ ဂိမ်းအမျိုးအစားပါ။ ၂၀၂၄ ခုနှစ်အတွင်း Robloxကို နေ့စဉ် ပုံမှန်ကစားသူ သန်း ၈၀ ကျော် ရှိခဲ့ပြီး ၄၀ ရာခိုင်နှုန်းလောက်က အသက် ၁၃ နှစ်အောက် အရွယ်တွေလို့ သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ