Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခိုလှုံခွင့် လျှောက်ထားမှု မှန်သမျှကို ခွင့်မပြုဘဲ ဆိုင်းငံ့ထားဖို့ အမေရိကန် အစိုးရ ညွှန်ကြား

အမေရိကန်မှာ ခိုလှုံခွင့် လျှောက်ထားမှု မှန်သမျှကို ဆိုင်းငံ့ထားစေဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရက အမိန့်ချမှတ်လိုက်ပါတယ်။

ဓာတ်ပုံ - Reuters

အမေရိကန်မှာ ခိုလှုံခွင့် လျှောက်ထားမှု မှန်သမျှကို ဆိုင်းငံ့ထားစေဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရက အမိန့်ချမှတ်လိုက်ပါတယ်။

အမေရိကန် ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနက လက်အောက်ခံ နိုင်ငံသားနဲ့ လူဝင်မှုရေးရာဌာန (USCIS) ညွှန်ကြားရေးမှူး ဂျိုးဆက် အက်ဒ်လိုက ပြည်တွင်းမှာ ခိုလှုံခွင့် လျှောက်ထားမှု မှန်သမျှကို အတည်ပြုချက် မပေးဘဲ လိုအပ်တဲ့ စိစစ်မှုတွေ မပြီးမချင်း ဆိုင်းငံ့ထားမှာ ဖြစ်တယ်လို့ နိုဝင်ဘာ ၂၈ ရက်နေ့က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

အိမ်ဖြူတော်နားမှာ အမေရိကန် စစ်သားနှစ်ယောက် ပစ်ခတ်ခံရပြီး တစ်ဦးသေ၊ တစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်အပြီးမှာ အမေရိကန်ဟာ ရွှေ့ပြောင်း အခြေချမှုနဲ့ ခိုလှုံခွင့် တောင်းခံမှုဆိုင်ရာ စည်းမျဉ်းတွေကို အလွန်အကျွံ တင်းကျပ်လာခဲ့တာ ဖြစ်ပါတယ်။

အက်ဒ်လိုရဲ့ ထုတ်ပြန်ချက် မတိုင်ခင်မှာ ထရမ့်က ဖွံ့ဖြိုးဆဲအဆင့် တတိယ နိုင်ငံတွေရဲ့ အမေရိကန်ဆီ ရွှေ့ပြောင်း အခြေချမှုကို အပြီးတိုင် ပိတ်သိမ်းမယ်လို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ငယ်ရွယ်တဲ့ စစ်မှုထမ်း မိန်းကလေးတစ်ဦး သေဆုံးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့ ပစ်ခတ်မှုကို ကျူးလွန်ခဲ့သူဟာ အမေရိကန်တပ်တွေ အာဖဂန် နစ္စတန်ကနေ ဆုတ်ခွာချိန်မှာ အတူလိုက်ပါလာတဲ့ အာဖဂန် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်ဟောင်း တစ်ဦး ဖြစ်ပါတယ်။ သူဟာ နောက်ပိုင်းမှာတော့ အမေရိကန်မှာ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထား ရရှိထားခဲ့ပါတယ်။

အက်ဒ်လိုက အမေရိကန်ကို ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေကို ဖြစ်နိုင်သမျှ အမြင့်ဆုံးအဆင့် စိစစ်မှုတွေ လုပ်ပြီးတာ သေချာတဲ့အထိ ခိုလှုံခွင့်လျှောက်ထားမှု အသစ်တွေကို ဆိုင်းငံ့ထားစေမယ်လို့ ဆိုပါတယ်။

ထရမ့်ရဲ့ အမိန့်အရ USCIS လက်အောက်ခံ ဌာနခွဲ အားလုံးမှာ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားတာ မှန်သမျှကို လောလောဆယ် လက်မခံဖို့၊ ပယ်လည်း မပယ်ချဖို့၊ ပိတ်သိမ်းတာလည်း မလုပ်ဖို့ အက်ဒ်လိုက ညွှန်ကြားထားလိုက်ပါတယ်။

နောက်ဆက်တွဲ ဆုံးဖြတ်ချက်တစ်ခုခု ထွက်ပေါ်မလာခင် ရှိရင်းစွဲ လျှောက်ထားမှုတွေကို ဆန်းစစ်တာမျိုးတော့ သက်ဆိုင်ရာ ဌာန အရာရှိတွေကို လုပ်ပိုင်ခွင့် ပေးထားကြောင်း သိရပါတယ်။ ဒါပေမဲ့ အပြီးသတ် ဆုံးဖြတ်ရမယ့် အဆင့်ရောက်ရင်တော့ အဲဒီနေရာမှာ ရပ်နားထားပြီး အထက်အမိန့်ကို စောင့်ဖို့ ညွှန်ကြားချက်မှာ ပါရှိခဲ့ပါတယ်။

နိုင်ငံငယ်တွေဆီကနေ အမေရိကန်ကို ရွှေ့ပြောင်း အခြေချလာသူတွေကို ဖိနှိပ်ဖြိုခွင်းဖို့ ဆိုတာဟာ ထရမ့်ရဲ့ အရေးပါတဲ့ မူဝါဒတစ်ခု ဖြစ်ပါတယ်။ အိမ်ဖြူတော်နားက ပစ်ခတ်မှု အပြီးမှာတော့ ထရမ့်ဟာ ရွှေ့ပြောင်း အခြေချသူတွေအပေါ် ရန်လိုတဲ့ စည်းမျဉ်းတွေကို ဒီဂရီ ထပ်ပြီး တိုးလာခဲ့တာပါ။

ထရမ့်က သူဟာ အမေရိကန်ရဲ့ စံနှုန်းတွေနဲ့ မထိုက်တန်တဲ့ ဘယ်နိုင်ငံခြားသားကိုမဆို ဖယ်ရှားပစ်မယ်လို့လည်း ကတိပြုထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။