Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပျံသန်းနေတဲ့ လေယာဉ်တံခါးကို ဖွင့်ဖို့ကြိုးစားတဲ့ တရုတ် ခရီးသည်ကို ဟောင်ကောင်ရဲတပ်ဖွဲ့ ဖမ်းဆီး

ပျံသန်းနေတဲ့ လေယာဉ်ရဲ့ တံခါးကို ဖွင့်ဖို့ ကြိုးစားတဲ့ တရုတ် ခရီးသည် တစ်ယောက်ကို ဟောင်ကောင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဓာတ်ပုံ - Reuters

ပျံသန်းနေတဲ့ လေယာဉ်ရဲ့ တံခါးကို ဖွင့်ဖို့ ကြိုးစားတဲ့ တရုတ် ခရီးသည် တစ်ယောက်ကို ဟောင်ကောင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

အဲဒီ ရင်ထိတ်စရာ အရူးထမှုဟာ ဒီဇင်ဘာ ၁၀ ရက်နေ့တုန်းက ကသေး ပစိဖိတ် လေကြောင်းလိုင်း ခရီးစဉ် အမှတ် CX811 လေယာဉ်ပေါ်မှာ ကြုံတွေ့ခဲ့တာပါ။ အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့ကနေ ပျံသန်းလာတဲ့ လေယာဉ်ပေါ် လိုက်ပါလာတဲ့ လူငယ် အမျိုးသားဟာ ရုတ်တရက် ထသောင်းကျန်းပြီး တံခါးကို ဖွင့်မလို့ ကြိုးစားခဲ့တာလို့ လေကြောင်းလိုင်းက ပြောပါတယ်။

လေယာဉ်ပေါ်မှာ ရှုပ်ရှုပ်ထွေးထွေးတွေ ကြုံသွားခဲ့ပေမယ့် အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ခရီးသည်တွေနဲ့ အမှုထမ်းတွေ တစ်ဦးမှ ဒဏ်ရာမရဘဲ ဒီဇင်ဘာ ၁၁ ရက် မနက်အစောပိုင်းက ဟောင်ကောင်လေဆိပ်မှာ ချောချောမွေ့မွေ့ ဆင်းသက်နိုင်ခဲ့ကြောင်း လေကြောင်းလိုင်းက ဆိုပါတယ်။

နောက်တော့ လေယာဉ်တံခါးကိုဖွင့်ဖို့ ကြိုးစားခဲ့သူကို အမှုထမ်းတွေက ဟောင်ကောင် ရဲတပ်ဖွဲ့လက်ထဲ လွှဲပေးခဲ့ပြီး ရဲတွေက သူ့ကို ထိန်းသိမ်းထားလိုက်တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်အမှုထမ်းတွေဟာ ချက်ချင်း တံခါးကို စစ်ဆေးခဲ့ပြီး ဘေးကင်းမကင်း လေ့လာခဲ့ကြောင်း၊ တံခါးက လုံလုံခြုံခြုံ ဆက်ပြီး ပိတ်ထားတယ်ဆိုတာ သေချာပြီဆိုတဲ့နောက် ရဲတွေဆီ ဆက်သွယ် အကြောင်းကြားခဲ့ကြောင်း လေကြောင်းလိုင်းက ကြေညာပါတယ်။

ခရီးသည်က ဘာကြောင့် လေယာဉ်တံခါးကို ထဖွင့်ခဲ့သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ ဖြစ်စဉ်ကို ဆက်လက် စုံစမ်းနေပြီး အာဏာပိုင်တွေနဲ့ အပြည့်အဝ ပူးပေါင်းနေကြောင်း၊ ခရီးသည်တွေနဲ့ အမှုထမ်းတွေရဲ့ ဘေးကင်းရေးဟာ လေကြောင်းလိုင်းရဲ့ ဦးစားပေး ရည်မှန်းချက်ကြောင်းလည်း ကသေးပစိဖိတ် လေကြောင်းလိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

ဟောင်ကောင် ရဲတပ်ဖွဲ့ကတော့ တရုတ်နိုင်ငံသား အသက် ၂၀ အရွယ် လူငယ် အမျိုးသား တစ်ဦးကို လေကြောင်း လုံခြုံရေး စည်းမျဉ်းတွေ ချိုးဖောက်မှုအတွက် ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းနေကြောင်း အတည်ပြုထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ