Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟားမားစ် ထိပ်တန်း အရာရှိကို လုပ်ကြံခဲ့ကြောင်း အစ္စရေးဆို

ဟားမားစ်ပြောက်ကျားအဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေးဆိုင်ရာ ထိပ်တန်းအရာရှိကို လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း အစ္စရေးက ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - AP

ဟားမားစ်ပြောက်ကျားအဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေးဆိုင်ရာ ထိပ်တန်းအရာရှိကို လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း အစ္စရေးက ကြေညာခဲ့ပါတယ်။

ဂါဇာ ကမ်းမြှောင်ဒေသ တောင်ပိုင်းမှာ ပေါက်ကွဲမှု တစ်ခုကြောင့် အစ္စရေး စစ်သားနှစ်ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်အပြီး ရာ့ဒ်ဆာ့ဒ်ကို အစ္စရေး စစ်တပ်က ပစ်မှတ်ထား လုပ်ကြံခဲ့ကြောင်း သိရပါတယ်။

အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ဝန်ကြီးချုပ်ရုံးတို့ရဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့ထုတ် ပူးတွဲ ကြေညာချက်မှာတော့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုနဲ့ ကာကွယ်ရေး ဝန်ကြီး အစ္စရေးကာ့ဇ်တို့ရဲ့ အမိန့်အရ အစ္စရေးစစ်တပ်က စစ်ဆင်ရေးတစ်ခု ဆင်နွှဲပြီး ဆာ့ဒ်ကို ရှင်းလင်းပစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဆာ့ဒ်ဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့တုန်းက အစ္စရေး ပိုင်နက်ကို ကျူးကျော်ပြီး ဟားမားစ်တွေက တိုက်ခိုက်ခဲ့ရာမှာ နောက်ကွယ်က အဓိက ပဲ့ကိုင်သူ တစ်ဦးအဖြစ် အစ္စရေးက စွပ်စွဲထားပါတယ်။

Public Service Announcement

Public Service Announcement

ဟားမားစ်ကတော့ ဆာ့ဒ်သေဆုံးသွားပြီ ဆိုတာကို အတည်မပြုသေးပါဘူး။ ဒါပေမဲ့ ဂါဇာစီးတီးမြို့ပြင်မှာ အရပ်သား ယာဉ်တစ်စီး တိုက်ခိုက် ခံခဲ့ရတယ်လို့ ဟားမားစ်က ပြောပါတယ်။ နောက်ပြီး ဒီလုပ်ရပ်ဟာ အောက်တိုဘာ ၁၀ ရက်မှာ စတင် အသက်ဝင်ခဲ့တဲ့ အပစ်ရပ် သဘောတူညီမှုကို အစ္စရေးက ချိုးဖောက်ခြင်း ဖြစ်တယ်လို့လည်း ဟားမားစ်က အခိုင်အမာ ပြောပါတယ်။

အစ္စရေးကတော့ ဂါဇာတောင်ပိုင်းမှာ ဒီဇင်ဘာ ၁၃ ရက်နေ့က နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ အရန်တပ်ဖွဲ့ဝင်နှစ်ဦး ပေါက်ကွဲမှုကြောင့် ဒဏ်ရာအနည်းအကျဉ်း ရခဲ့တဲ့အတွက် လက်တုံ့ပြန်တာလို့ ပြောပါတယ်။

ဆာ့ဒ်ဟာ ဟားမားစ်ရဲ့ လက်နက် ထုတ်လုပ်ရေး ဌာနခွဲ ခေါင်းဆောင်ဖြစ်ပြီး အရင်က စစ်ဆင်ရေး ကဏ္ဍတွေမှာလည်း ကြီးမှူး တာဝန်ယူခဲ့တယ်လို့ အစ္စရေး ထောက်လှမး်ရေးက ပြောပါတယ်။

ဂါဇာစီးတီး ဆင်ခြေဖုံးမှာ အစ္စရေး လုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်း စုစုပေါင်း သေဆုံးသူ ၄ ဦးရှိခဲ့တယ်လို့ ရုပ်အလောင်းတွေကို ဆေးရုံမှာ ကိုယ်တိုင် မြင်ခဲ့သူ AP သတင်းထောက်က ဆိုပါတယ်။

အစ္စရေးနဲ့ ဟားမားစ်တို့ဟာ အမေရိကန်က ကြားဝင် စေ့စပ်ပေးမှုအရ အပစ်အခတ် ရပ်စဲထားပေမယ့်လည်း ကတိကဝတ်တွေကို ချိုးဖောက်နေတယ်လို့ နှစ်ဖက်ကြား အပြန်အလှန် စွပ်စွဲမှုတွေ ရှိနေခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။