Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နှစ်နိုင်ငံကြား အကြီးမားဆုံး လက်နက် အရောင်းအဝယ် သဘောတူညီမှုကို အမေရိကန်နဲ့ ထိုင်ဝမ် ကြေညာ

အမေရိကန်နဲ့ ထိုင်ဝမ်တို့ကြား ပမာဏ အကြီးမားဆုံး လက်နက်အရောင်းအဝယ် သဘောတူညီမှု တစ်ရပ်ကို ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - Reuters, Getty Images

အမေရိကန်နဲ့ ထိုင်ဝမ်တို့ကြား ပမာဏ အကြီးမားဆုံး လက်နက်အရောင်းအဝယ် သဘောတူညီမှု တစ်ရပ်ကို ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ – Reuters, Getty Images

ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက အမေရိကန်ဆီက ဒေါ်လာ ၁၁.၁ ဘီလီယံဖိုး စစ်လက်နက်တွေ ဝယ်ယူသွားမယ့် အစီအစဉ်ကို ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်ကလည်း တရုတ်ရဲ့ အချိန်ပြည့် ခြိမ်းခြောက်မှုကို ခံနေရတဲ့ ကျွန်းနိုင်ငံလေးဆီ စစ်လက်နက်တွေ ရောင်းချဖို့ သဘောတူခဲ့ကြောင်း အတည်ပြုပါတယ်။

တကယ်လို့ အခုကြေညာတဲ့ သဘောတူညီချက်ကို အမှန်တကယ် ပြီးမြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ်ဆိုရင် အမေရိကန်ရဲ့ သမိုင်းတလျှောက် ထိုင်ဝမ်ကို စစ်လက်နက် ရောင်းချခဲ့မှုတွေရဲ့ တန်ဖိုးအကြီးဆုံး သဘောတူ စာချုပ် ဖြစ်လာမှာပါ။

နှစ်ဖက် ထုတ်ပြန်ချက်တွေအရ အခုသဘောတူညီမှုဟာ ကွဲပြားတဲ့ လက်နက် ဝယ်ယူမှု အစီအစဉ် ၈ ခုကို ခြုံငုံထားတာပါ။ အဲဒီထဲမှာ HIMARS အတွဲလိုက်ပစ် အပေါ့စား ဒုံးကျည်စနစ်တွေ၊ တင့်ကားနဲ့ သံချပ်ကာဖျက် ဒုံးကျည်တွေ၊ ဖောက်ခွဲရေး ဒရုန်းတွေ၊ ဟောင်ဝစ်ဇာ စက်အမြောက်တွေ၊ စစ်သုံးကိရိယာတွေနဲ့ စစ်သုံး softwareတွေ ပါဝင်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ နှစ်နိုင်ငံ အစိုးရတွေက မထုတ်ပြန်ပါဘူး။

Public Service Announcement

Public Service Announcement

အမေရိကန်ဟာ ထိုင်ဝမ်ရဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း တည်ဆောက်မှုတွေကို ဆက်လက် အားပေး ကူညီနေမှာ ဖြစ်ကြောင်း၊ ထိုင်ဝမ်ရဲ့ စစ်ရေးအင်အား ချဲ့ထွင် တည်ဆောက်မှုတိုင်းဟာ ဒေသတည်ငြိမ်ရေးနဲ့ အေးချမ်းရေး ရည်မှန်းချက်တွေကို အခြေပြုထားကြောင်း ထိုင်ဝမ်က ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

အမေရိကန်ဟာ ၂၀၁၀ ပြည့်နှစ်ကစလို့ ထိုင်ဝမ်ကို ဒေါ်လာ ၄၉ ဘီလီယံဖိုးထိ စစ်လက်နက်တွေ ရောင်းချပေးထားပြီး ဖြစ်ပါတယ်။

အခု စစ်လက်နက် ရောင်းချရေး ကိစ္စအပေါ် တရုတ်က ဘာမှတ်ချက်မှ မပေးသေးပေမယ့် အရင်က လက်နက် အရောင်းအဝယ် ကိစ္စတွေတိုင်းကို ဒေါသတကြီး ကန့်ကွက် ဝေဖန်ခဲ့ဖူးပါတယ်။

တရုတ် အာဏာရ ကွန်မြူနစ် ပါတီဟာ ထိုင်ဝမ်ကျွန်းကို ဘယ်တုန်းကမှ လက်တွေ့ မအုပ်ချုပ်ခဲ့ဖူးပေမယ့် ထိုင်ဝမ်ဟာ တရုတ်ပိုင်နက် ဖြစ်တယ်လို့ သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်ရေးအရ တိုက်ခိုက်သိမ်းယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဒီမိုကရေစီ ထွန်းကားတဲ့ ထိုင်ဝမ်ကတော့ ကိုယ်ပိုင် အုပ်ချုပ်မှုနဲ့ ရပ်တည်ဖို့ကိုပဲ ပိုပြီး လိုလားနေပါတယ်။

အမေရိကန်ဟာ ထိုင်ဝမ်ကို တရားဝင် သံတမန်ရေးအရ မဟုတ်တဲ့ ရင်းနှီးနီးကပ်တဲ့ ဆက်ဆံရေးမျိုးကို ထိန်းသိမ်းထားသလို စစ်လက်နက်တွေကိုလည်း ရောင်းချပေးနေခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Facebook