Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား ရေငုပ်သင်္ဘော တည်ဆောက်ရေး လုပ်ငန်းခွင်ကို ကင်မ်ဂျုံအွန်း သွားရောက်

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောသစ် တည်ဆောက်ရေး လုပ်ငန်းခွင် တစ်ခုကို သွားရောက် စစ်ဆေးခဲ့ပါတယ်။

ဓာတ်ပုံ - KCNA/Reuters

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောသစ် တည်ဆောက်ရေး လုပ်ငန်းခွင် တစ်ခုကို သွားရောက် စစ်ဆေးခဲ့ပါတယ်။

ပြိုင်ဘက် တောင်ကိုရီးယား နိုင်ငံက အမေရိကန်ရဲ့ အကူအညီနဲ့အတူ နျူကလီးယား ရေငုပ်သင်္ဘောတွေ တည်ဆောက်ဖို့ ပြင်ဆင်လာချိန်မှာ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ကင်မ်ရဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့ ခရီးစဉ် မှတ်တမ်း ဓာတ်ပုံတွေကို ဖော်ပြလာခဲ့ပါတယ်။

မြောက်ကိုရီးယား ရေငုပ်သင်္ဘော တည်ဆောက်ရေး လုပ်ငန်းခွင်ကို သွားရောက်ခဲ့ချိန်မှာ ကင်မ်က တောင်ကိုရီးယားရဲ့ နျူကလီးယား ရေငုပ်သင်္ဘော ပိုင်ဆိုင်ရေး ရည်မှန်းချက်ကို ဝေဖန် ရှုတ်ချခဲ့ပြီး အဲဒီလို ခြိမ်းခြောက်မှုမျိုးကို မြောက်ကိုရီးယားကလည်း စနစ်တကျ တန်ပြန်ကိုင်တွယ်ရမယ်လို့ ပြောကြားသွားပါတယ်။

နျူကလီးယား စွမ်းအင်နဲ့ ခုတ်မောင်းတဲ့ ရေငုပ်သင်္ဘောတွေဟာ သမားရိုးကျ ဒီဇယ်အင်ဂျင်သုံး အမျိုးအစားတွေထက် ကဏ္ဍပေါင်းစုံ စွမ်းဆောင်ရည်တွေမှာ အများကြီး ပိုမိုသာလွန်ပါတယ်။ အမေရိကန် အစိုးရ အဆက်ဆက်ဟာ တောင်ကိုရီးယားက နျူကလီးယား ရေငုပ်သင်္ဘောတွေ ပိုင်ဆိုင်ခွင့်ရရေး တောင်းဆိုမှုတွေကို ငြင်းဆန်ခဲ့ပေမယ့် သမ္မတ ဒေါ်နယ်လ်ထရမ့် လက်ထက်မှာ မီးစိမ်းပြလိုက်တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယားဟာလည်း ကိုယ်ပိုင် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ တည်ဆောက်ရေး ပရောဂျက်မျိုး ရှိနေပေမယ့် နည်းပညာပိုင်း ကန့်သတ်ချက်တွေ အများကြီးနဲ့ ကြုံတွေ့နေခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာတဲ့နောက် အဲဒီ ရေငုပ်သင်္ဘော တည်ဆောက်ရေး နည်းပညာတွေကို မြောက်ကိုရီးယားက ဝေမျှ ရရှိလာနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ကမ္ဘာပေါ်မှာ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေကို ကိုင်တွယ်နိုင်တဲ့ နိုင်ငံ အနည်းအကျဉ်းသာ ရှိနေပြီး အခုအခါ ကိုရီးယား နှစ်နိုင်ငံကပါ အဲဒီစာရင်းထဲ ပါလာဖို့ အပြိုင် အားထုတ်နေတဲ့ သဘောပါပဲ။

ကင်မ်က တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး နျူကလီးယား ရေငုပ်သင်္ဘောတွေ တည်ဆောက်မယ့် အကြံအစည်ကို ဝေဖန်ခဲ့ပြီး ကိုရီးယားကျွန်းဆွယ် လုံခြုံရေး ကဏ္ဍအတွက် အနုတ်လက္ခဏာဆောင်တဲ့ အရွေ့တစ်ခုလို့ စွပ်စွဲခဲ့ပါတယ်။

ကင်မ်ဟာ နျူကလီးယား ရေငုပ်သင်္ဘော တည်ဆောက်ရေး လုပ်ငန်းခွင်ကို လေ့လာခဲ့တဲ့နောက် အဲဒီနေ့မှာပဲ မြောက်ကိုရီးယား စစ်တပ်ရဲ့ တာဝေး ဝေဟင်ပစ် စစ်လက်နက်အသစ် စမ်းသပ် ပစ်ခတ်မှုကို သွားရောက် ကွပ်ကဲ ကြည့်ရှုခဲ့တယ်လို့ KCNAက ဖော်ပြခဲ့ပါတယ်။

KCNAရဲ့ ဖော်ပြချက်အရ အဲဒီလက်နက်ဟာ ဂျပန်ပင်လယ်အထက် ကီလိုမီတာ ၂၀၀ လောက်မှာ ရှိနေတဲ့ ပစ်မှတ်တုကို အောင်အောင်မြင်မြင်၊ တိတိကျကျ ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ KCNAက ဖော်ပြတဲ့ အချက်အလက်သာ မှန်ကန်တယ်ဆိုရင် အဲဒီပစ်မှတ်ဟာ ကမ္ဘာ့လေထုအပြင်ဖက် အာကာသထဲမှာ ရှိနေတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

ကင်မ်က အဲဒီ စမ်းသပ်ချက် ရလဒ်ကို အရမ်းနှစ်ထောင်းအားရ ရှိခဲ့ပြီး ကောင်းချီးဩဘာ ပေးသွားခဲ့တယ်လို့လည်း KCNAက ရေးသားထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးရာကနေ မြောက်ကိုရီးယားဖက်ကနေ မျောပါလာတယ်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်းတွေကို တောင်ကိုရီးယားက လိုက်လံ သိမ်းဆည်း ဖယ်ရှားနေရပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

နောက်ထပ် မြောက်ကိုရီးယားစစ်သည် သောင်းနဲ့ချီ ထပ်မံခေါ်ယူနိုင်ဖို့ ရုရှားက ဆွေးနွေးနေကြောင်း သိရှိရပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို မြောက်ကိုရီးယားက ဝေဖန်ထိုးနှက်ခဲ့ပါတယ်။