Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဝန်ကြီးချုပ် နေရာအတွက် ရေပန်းစားနေသူ ၁၇ နှစ်အကြာမှာ ဘင်္ဂလားဒေ့ရှ်ကို ပြန်လာ

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သစ် နေရာအတွက် ရေပန်းအစားဆုံး ဖြစ်နေတဲ့ အတိုက်အခံ ခေါင်းဆောင်ဟာ ၁၇ နှစ် အကြာမှာ ဇာတိနိုင်ငံကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သစ် နေရာအတွက် ရေပန်းအစားဆုံး ဖြစ်နေတဲ့ အတိုက်အခံ ခေါင်းဆောင်ဟာ ၁၇ နှစ် အကြာမှာ ဇာတိနိုင်ငံကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

အသက် ၆၀ အရွယ် တာရစ် ရာဟ်မန်ဟာ ပြည်ပမှာ ၁၇ နှစ်ကြာ တိမ်းရှောင်နေခဲ့တဲ့နောက် လာမယ့်နှစ်၊ ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ဘင်္ဂလားဒေ့ရှ်ကို ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

သူဟာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇီရာရဲ့ သားဖြစ်သလို ပြည်တွင်းမှာ နိုင်ငံရေး ဩဇာ ကြီးမားတဲ့ ဇီရာ မိသားစုရဲ့ အကြီးအကဲတစ်ဦးပါ။ ဘင်္ဂလားဒေ့ရှ်မှာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာ အစိုးရ ပြုတ်ကျသွားစေခဲ့တဲ့ လူထုအုံကြွ ဆန္ဒပြပွဲကြီးအပြီး ပထမဆုံးအကြိမ် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ရာဟ်မန်ရဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP)က အနိုင်ရဖို့ ရေပန်းစားနေပါတယ်။

ဟာဆီနာခေတ်အလွန် ဘင်္ဂလားဒေ့ရှ်ကို တာဝန်ယူ အုပ်ချုပ်နေတဲ့ ယာယီ အစိုးရက ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပပေးဖို့ အတည်ပြု ကြေညာထားပြီး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရာဟ်မန်ဟာ ၂၀၀၈ ခုနှစ် ကတည်းက ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ သွားရောက် နေထိုင်နေခဲ့သူ ဖြစ်ပါတယ်။ သူဟာ ရွေးကောက်ပွဲ အပြီးမှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် တာဝန်ကို ဆက်ခံနိုင်လိမ့်မယ်လို့ အထူးတလည် ရေပန်းစားနေပါတယ်။

ဟာဆီနာ လက်ထက်တုန်းက အာဏာရ အေဝါမီ အဖွဲ့ချုပ် ပါတီ (ALP)ဟာ ရာဟ်မန်ကို မျက်ကွယ်မှာ ရာဇဝတ် စွဲချက်တချို့အတွက် အပြစ်ရှိကြောင်း အမိန့်ချထားခဲ့ပါတယ်။ ဒါပေမဲ့ ဟာဆီနာ အစိုးရ ပြိုလဲသွားတဲ့ အချိန်မှာတော့ အဲဒီ စွပ်စွဲချက်တွေကိုလည်း ပယ်ဖျက်ပေးလိုက်ပြီး ဖြစ်ပါတယ်။

အိန္ဒိယ နိုင်ငံမှာ တိမ်းရှောင် ခိုလှုံနေရတဲ့ ဟာဆီနာ ကိုယ်တိုင်ကတော့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြ ပြည်သူတွေကို အကြမ်းဖက် ဖြိုခွင်း နှိမ်နင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ လတုန်းက ဘင်္ဂလားဒေ့ရှ် အထူးခုံရုံး တစ်ခုရဲ့ မျက်ကွယ်မှာ သေဒဏ် ချမှတ်မှု ခံထားရပါတယ်။ ဟာဆီနာကတော့ သူဟာ ဘာပြစ်မှုမှ ကျူးလွန်မထားဘူးလို့ ငြင်းဆိုထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အခုနှစ်အတွင်း ဝက်သက်ရောဂါကြောင့် သေဆုံးတဲ့ ကလေးဦးရေ ၁၀၀၀ ကျော်လွန်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

လက်တွေ့ ပစ်ခတ်မှု စစ်ရေးလေ့ကျင့်နေရင်း တင့်ကားတစ်စီး ပေါက်ကွဲသွားတဲ့ ဖြစ်စဉ်အတွက် ဘင်္ဂလားဒေ့ရှ် စစ်တပ်က စုံစမ်းစစ်ဆေးမှုတွေ စတင်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လေတပ်ကို အဆင့်မြှင့်မယ့် စီမံကိန်းအတွက် တရုတ်လုပ် တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထွက်ပြေးတိမ်းရှောင်နေသူ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို လက်လွှဲမပေးမချင်း အိန္ဒိယနိုင်ငံဆီ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က သွားရောက်မှာ မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောကြားခဲ့ပါတယ်။

Facebook