Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်ကို လက်နက်တွေ ရောင်းတာဟာ စစ်ဖြစ်အောင် တွန်းပို့နေတာလို့ အမေရိကန်ကို တရုတ်သတိပေး

ထိုင်ဝမ်အတွက် စစ်လက်နက်တွေ တင်ပို့ရောင်းချမှုကို အမေရိကန်က အရှိန်မြှင့်လာတာဟာ ထိုင်ဝမ် ရေလက်ကြားမှာ စစ်ဖြစ်အောင် ခြိမ်းခြောက်မှုတွေကို မီးစာဖြည့်ပေးနေခြင်း ဖြစ်တယ်လို့ တရုတ်က သတိပေးခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ထိုင်ဝမ်အတွက် စစ်လက်နက်တွေ တင်ပို့ရောင်းချမှုကို အမေရိကန်က အရှိန်မြှင့်လာတာဟာ ထိုင်ဝမ် ရေလက်ကြားမှာ စစ်ဖြစ်အောင် ခြိမ်းခြောက်မှုတွေကို မီးစာဖြည့်ပေးနေခြင်း ဖြစ်တယ်လို့ တရုတ်က သတိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အမေရိကန်ဟာ ထိုင်ဝမ်အတွက် စစ်လက်နက်တွေ ဒေါ်လာ ၁၁.၁ ဘီလီယံဖိုး ရောင်းချပေးမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒါဟာ ထိုင်ဝမ်အတွက် အမေရိကန်က လက်နက် ရောင်းချပေးခဲ့တဲ့ သဘောတူညီမှုတွေ အားလုံးထဲမှာ တန်ကြေးအမြင့်ဆုံး ဖြစ်လာခဲ့ပါတယ်။

ထိုင်ဝမ်ကျွန်းဟာ နိုင်ငံရဲ့ ပိုင်နက် အစိတ်အပိုင်း တစ်ခုဖြစ်တယ်လို့ တရုတ် အစိုးရက သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်အင်အားသုံး တိုက်ခိုက် သိမ်းယူမယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။ ဒီမိုကရေစီစနစ် ထွန်းကားတဲ့ ထိုင်ဝမ်ကတော့ ကိုယ်ပိုင် လွတ်လပ်တဲ့ ရပ်တည်မှုမျိုးကိုသာ အဓိက လိုလားနေပါတယ်။

အမေရိကန်ဟာ တရုတ်ရဲ့ ရပ်တည်ချက်ကို သဘောတူထားပေမယ့် ထိုင်ဝမ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားသလို ကျွန်းနိုင်ငံငယ်လေး အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စေဖို့အတွက် စစ်လက်နက်တွေ ထောက်ပံ့ ရောင်းချပေးနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ဖက်ကတော့ စိတ်ပိုင်းဖြတ်ထားဟန် ရှိတဲ့အတိုင်း ထိုင်ဝမ်ကို စစ်လက်နက်တွေ တိုးမြှင့် ရောင်းချပေးနေသလို ထိုင်ဝမ်ရဲ့ သီးခြား ရပ်တည်လိုမှုကို လက်ခံလိုဟန် ပြသနေကြောင်း၊ အဲဒီ စိတ်ကြီးဝင်တဲ့ လုပ်ရပ်တွေဟာ ထိုင်ဝမ် ရေလက်ကြားမှာ စစ်ပွဲကြီး ဖြစ်လာနိုင်ခြေကို အရှိန်မြှင့်ပေးနေကြောင်း တရုတ် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ကျန်ရှီကန်က ပြောကြားခဲ့ပါတယ်။

အမေရိကန် အနေနဲ့ တရုတ်ကို စိတ်အနှောင့်အယှက်ပေး ရန်စနေတဲ့ လုပ်ရပ် အားလုံးကို ရပ်တန်းကရပ်ပြီး လုပ်ရပ်အမှားတွေကို ပြန်ပြင်သင့်နေပြီလို့လည်း ဒီဇင်ဘာ ၂၅ ရက်နေ့၊ ပုံမှန် သတင်းစာ ရှင်းလင်းပွဲ အစီအစဉ် တစ်ခုမှာ ကျန်က ဆိုပါတယ်။

အမေရိကန် အနေနဲ့ ထိုင်ဝမ်အရေးဟာ ထိလွယ်ရှလွယ် ကိစ္စဆိုတာ နားလည်ပြီး တရုတ်နဲ့ ထိုင်ဝမ်တို့ဟာ သီးခြားဖြစ်တည်မှု မဟုတ်ကြဘူးဆိုတဲ့ ဝမ်းချိုင်းနား မူဝါဒကိုလည်း လေးလေးနက်နက် လေးစားလိုက်နာပေးဖို့လည်း ကျန်က တောင်းဆိုခဲ့ပါတယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့က ကြေညာချက်မှာတော့ အမေရိကန်ဟာ အဓိက စစ်လက်နက်နဲ့ အစိတ်အပိုင်းတွေ စုစုပေါင်း ၈ မျိုးကို ထိုင်ဝမ်ဆီ ရောင်းချပေးဖို့ သဘောတူခဲ့ပါတယ်။ အဲဒီထဲမှာ HIMARS အတွဲလိုက်ပစ် ဒုံးကျည်စနစ်တွေ၊ ဟောင်ဝစ်ဇာ စက်အမြောက်တွေ၊ Javelin တင့်ဖျက် ဒုံးကျည်တွေ၊ Altius အမျိုးအစား ဖောက်ခွဲရေး ဒရုန်းတွေနဲ့ တခြား စစ်သုံးပစ္စည်းတွေ ပါဝင်ကြောင်း ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဘရိတ်စနစ်မှာ ချွတ်ယွင်းချက်တွေ ပါနိုင်တာကြောင့် တရုတ် ကားကုမ္ပဏီ BYDဟာ တရုတ်နိုင်ငံမှာ ရောင်းချထားတဲ့ လျှပ်စစ်စွမ်းအင်သုံး မော်တော်ကား ၁၈၀၀၀၀ ကျော်ကို လာရောက်ပြင်ဆင်ဖို့ ဆက်သွယ်ခေါ်ယူထားပါတယ်။