Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဩစတြေးလျ ပြည်နယ်တစ်ခုမှာ ၄၈ နာရီအတွင်း ငါးမန်းတိုက်ခိုက်မှု ၄ ကြိမ်ဖြစ်ပွား

ဩစတြေးလျနိုင်ငံရဲ့ ပြည်နယ်တစ်ခုမှာ ၄၈ နာရီအတွင်း ငါးမန်းတိုက်ခိုက်မှု ၄ ကြိမ် ဖြစ်ခဲ့တဲ့နောက် ပင်လယ်ထဲ ရေဆင်းမကူးကြဖို့ အာဏာပိုင်တွေက သတိပေး ဆော်ဩထားပါတယ်။

ဩစတြေးလျနိုင်ငံရဲ့ ပြည်နယ်တစ်ခုမှာ ၄၈ နာရီအတွင်း ငါးမန်းတိုက်ခိုက်မှု ၄ ကြိမ် ဖြစ်ခဲ့တဲ့နောက် ပင်လယ်ထဲ ရေဆင်းမကူးကြဖို့ အာဏာပိုင်တွေက သတိပေး ဆော်ဩထားပါတယ်။

နယူးဆောက်သ်ဝေးလ်စ် ပြည်နယ် ကမ်းလွန်တစ်နေရာမှာ ငါးမန်းကိုက်လို့ အသက် ၃၉ နှစ်အရွယ် အပျော်တမ်း ရေလွှာလျှောစီးသူ အမျိုးသားတစ်ဦးဟာ ဇန်နဝါရီ ၂၀ ရက်နေ့က ဒဏ်ရာရသွားခဲ့ပါတယ်။ သူဟာ ခရက်ဆန့်ဟက်ဒ် ကမ်းခြေနားမှာ လှိုင်းစီးနေတုန်း ငါးမန်းကိုက် ခံခဲ့ရတာပါ။ လောလောဆယ်မှာတော့ သူ့ကို ဆေးရုံတင်ပို့ထားပြီး အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒါဟာ နယူးဆောက်သ်ဝေးလ်စ်မှာ ၄၈ နာရီအတွင်း စတုတ္ထမြောက် ကြုံရတဲ့ ငါးမန်းတိုက်ခိုက်မှု ဖြစ်လာပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်အတွင်း ဆစ်ဒနီမြို့ရဲ့ ကမ်းလွန်မှာလည်း နောက်ထပ် ငါးမန်းတိုက်ခိုက်မှု ၃ ကြိမ် ဖြစ်ပွားခဲ့ပါသေးတယ်။ ဆစ်ဒနီ ရဲတပ်ဖွဲ့ကတော့ မြို့ရဲ့ မြောက်ပိုင်း ဧရိယာမှာရှိတဲ့ ကမ်းခြေအားလုံးကို လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ မပြီးမချင်း ယာယီ ပိတ်ထားမယ်လို့ ပြောပါတယ်။

နယူးဆောက်သ်ဝေးလ်စ်မှာ မုန်တိုင်းဆန်တဲ့ ရာသီဥတု အခြေအနေ တစ်ခုနဲ့ ဆက်စပ်ပြီး မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့တဲ့နောက် အခုလို ငါးမန်းတိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာတာပါ။ မိုးရွာတဲ့အခါ ငါးမန်းတွေရဲ့ သဘာဝ အစားအစာတွေဟာ ကမ်းရိုးတန်း တဝိုက်မှာ ပိုပြီး ကျက်စားလေ့ ရှိတာကြောင့် ကမ်းခြေနားထိ ငါးမန်းတွေ ရောက်ရှိလာအောင် ဆွဲဆောင်တာမျိုး ဖြစ်နိုင်ကြောင်း ပညာရှင်တွေက သုံးသပ်ကြပါတယ်။

Public Service Announcement

Public Service Announcement

လတ်တလော ဖြစ်ပွားနေတဲ့ ငါးမန်းတိုက်ခိုက်မှုတွေကြား အဆက်အစပ် ရှိသလား ဆိုတာနဲ့ ငါးမန်းအမျိုးအစားတွေကိုတော့ တိတိကျကျ မသိရသေးပါဘူး။ နောက်ဆုံးဖြစ်ပွားတဲ့ တိုက်ခိုက်မှုမှာ ဒဏ်ရာရသူကို ကယ်ဆယ်ခဲ့တဲ့ နယူးဆောက်သ်ဝေးလ်စ် ကမ်းခြေ အသက်ကယ်အဖွဲ့ရဲ့ အမှုဆောင်ချုပ် စတိဗ်ပီယာ့စ်က အဲဒီအမျိုးသားဟာ ပြင်းပြင်းထန်ထန် မထိခိုက်ခဲ့တာ အရမ်းကံကောင်းတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

လက်ရှိကာလမှာတော့ ဘယ်သူမှ အရဲကိုးပြီး ရေထဲမဆင်းကြဖို့ အထူးတလည် အကြံပြုလိုကြောင်း၊ အထူးသဖြင့် မြစ်ဝတွေနဲ့နီးတဲ့ ပင်လယ်ကမ်းစပ်တွေကို ရှောင်သင့်ကြောင်း၊ အဲဒီလို နေရာတွေမှာ စုဝေး ကျက်စားလေ့ရှိကြောင်း သူက ပြောပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့တုန်းက ဆစ်ဒနီမှာရှိတဲ့ ဒီဝှိုင်းကမ်းခြေမှာ လူငယ်ရေလှိုင်းစီးသမားတစ်ယောက် ငါးမန်းတိုက်ခိုက်မှုနဲ့ ပက်ပင်းတိုးခဲ့ပေမယ့် ကံသီပြီး လွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမဲ့ နောက်ထပ် နာရီပိုင်းအကြာမှာ အသက် ၂၇ နှစ်အရွယ် လူတစ်ဦး ငါးမန်းတိုက်ခိုက်ခံခဲ့ရပြီး ဘဝတစ်ခုလုံး ပြောင်းလဲသွားလောက်တဲ့ ဒဏ်ရာမျိုး ရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့ ဘယ်လိုထိခိုက်မှုမျိုး ဖြစ်ခဲ့သလဲ ဆိုတာကိုတော့ တိတိကျကျ မှတ်ချက် မပေးခဲ့ပါဘူး။ ဇန်နဝါရီ ၁၈ ရက်နေ့တုန်းကလည်း လူစည်ကားတဲ့ ဆစ်ဒနီဟာဘာ ကမ်းခြေမှာ အသက် ၁၂ နှစ်အရွယ် ယောက်ျားလေးတစ်ဦး ငါးမန်းကိုက်ခံရပြီး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ကိုးကား: BBC
ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်မှာ လူတစ်ဦးကို ငါးမန်းတိုက်ခိုက်ပုံ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့လာခဲ့ပါတယ်။

နိုင်ငံတကာ

ဩစတြေးလျက လေဆိပ်တစ်ခုမှာ လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့တာကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ဘဟားမားစ် ကမ်းလွန်ရေပြင်က ငါးမန်းတွေဟာ မူးယစ်ဆေး၊ ကဖိန်းဓာတ်တွေနဲ့ ထိတွေ့ထားမှုတွေ ရှိနေကြောင်း သုတေသန စစ်တမ်းအသစ် တစ်ခုက ညွှန်ပြနေပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသဆီကို ဒုံးကျည်တွေ ပေးပို့သွားမှာ ဖြစ်ပေမယ့် အီရန်ကို တိုက်ခိုက်ဖို့ ခြေလျင်တပ်တွေတော့ စေလွှတ်မှာ မဟုတ်ဘူးလို့ ဩစတြေးလျ အစိုးရက ပြောကြားခဲ့ပါတယ်။