Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖလော်ရီဒါက ငါးမန်းတိုက်ခိုက်မှု ဖြစ်စဉ် ဗီဒီယို လူမှုကွန်ရက်ပေါ် ပျံ့နှံ့

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်မှာ လူတစ်ဦးကို ငါးမန်းတိုက်ခိုက်ပုံ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့လာခဲ့ပါတယ်။

Screenshot

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်မှာ လူတစ်ဦးကို ငါးမန်းတိုက်ခိုက်ပုံ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့လာခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ဟာ ဇွန်လ ၈ ရက် မနက်ပိုင်းတုန်းက ပန်ဟန်ဒဲလ်မြို့က ရေတပ်စခန်း တစ်ခုနားမှာ ဖြစ်ပွားခဲ့တာပါ။ ရေတပ်စခန်းက အမှုထမ်းတွေနဲ့ ဒေသခံတွေ အပန်းဖြေနိုင်ဖို့ ဖွင့်လှစ်ထားတဲ့ ပနားမားစီးတီး ဆိပ်ခံရဲ့ ကမ်းလွန် ရေပြင်မှာ အမျိုးသားတစ်ဦး ရေကူးနေတုန်း ငါးမန်းကိုက်တာ ခံခဲ့ရတာ ဖြစ်ပါတယ်။

ကမ်းခြေဖက်မှာ ရှိနေသူ တစ်ဦးက အဲဒီ အမျိုးသားနဲ့ ငါးမန်းတို့ ရေထဲမှာ လုံးထွေးသွားတဲ့ ၃ စက္ကန့်ကြာ ဗီဒီယိုကို ရိုက်ယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒေသခံ မီးသတ်နဲ့ ကယ်ဆယ်ရေး တပ်ဖွဲ့ဟာ ဒဏ်ရာရထားသူကို ကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ပြီး HCA ပင်လယ်ကွေ့ ဆေးရုံဆီ အလျင်အမြန် ပို့ဆောင်ပေးခဲ့ပါတယ်။

ဆရာဝန်တွေက သူ့ကို အရေးပေါ် ခွဲစိတ်ကုသပေးခဲ့ပြီး လက်ရှိ အချိန်ထိ အသက်အန္တရာယ် စိုးရိမ်ရဆဲလို့ ဆိုပါတယ်။ လူနာဟာ လက်မောင်းနှစ်ဖက်မှာ ဆိုးဆိုးရွားရွား ဒဏ်ရာတွေ ရထားကြောင်းလည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၂၀ ကျော်အရွယ် အမျိုးသားဟာ ရေတပ်ထောက်ပံ့ရေး စခန်းမှာ အလုပ်လုပ်နေတဲ့ အရပ်ဖက် ဝန်ထမ်းတစ်ဦးလို့ပဲ သတင်းတွေက ဖော်ပြထားပြီး နာမည်ကိုတော့ မထုတ်ပြန်ပါဘူး။ သူဟာ ရေတပ်စခန်းမှာ အလုပ်လုပ်နေတာ ၄ နှစ်လောက် ရှိနေပြီလို့ စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ခိုက်မှု ဖြစ်ပွားချိန်တုန်းက အနားမှာ အတူရေကူးနေတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ဦးကတော့ ဘေးကင်းကင်းနဲ့ လွတ်မြောက်ခဲ့ပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖလော်ရီဒါ သားရိုင်းတိရစ္ဆာန်နဲ့ ငါးမျိုးစိတ်များ စောင့်ရှောက်ရေး ကော်မတီက ကြီးမှူးပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ရေကူးနေသူကို တိုက်ခိုက်သွားတဲ့ ငါးမန်းကို လိုက်လံရှာဖွေတာမျိုး မရှိသလို အခင်းဖြစ်ရာ နေရာတဝိုက် ကမ်းခြေကိုလည်း မပိတ်ခဲ့ပါဘူး။ လူတစ်ဦးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့တဲ့ ငါးမန်းရဲ့ မျိုးစိတ်ကိုလည်း မသိရသေးပါဘူး။

ဖလော်ရီဒါမှာ အဏ္ဏဝါ ဂေဟစနစ်အတွက် ငါးမန်းတွေရဲ့ အရေးပါမှုကို အသိအမှတ် ပြုထားပြီး လူကို တိုက်ခိုက်မှု ဖြစ်ခဲ့ရင်တောင် လိုက်လံရှာဖွေ သုတ်သင်တာမျိုး မလုပ်ဖို့ မူဝါဒ ချမှတ်ထားပါတယ်။ အဲဒီအစား ငါးမန်းတိုက်ခိုက်မှုတွေ မကြုံရအောင် လုံခြုံရေး အစီအမံတွေ တိုးမြှင့်တာ၊ လိုအပ်လာရင် ကမ်းခြေတွေကို ပိတ်ပစ်တာ၊ လူထုကို အသိပညာပေးတာမျိုး နည်းလမ်းတွေကိုသာ အသုံးပြုလေ့ ရှိပါတယ်။

ကိုးကား: New York Post

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ F-16 တိုက်လေယာဉ် တစ်စီးဟာ လူနေအိမ်တွေကြား မြက်ခင်းပေါ် ပျက်ကျပြီး အပြင်းအထန် မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့အတွက် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။