Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မင်နီယာပိုးလစ်မှာ ကွင်းဆင်း အလုပ်လုပ်ချိန် ဖက်ဒရယ် အေးဂျင့်တွေ body-cam ဝတ်ထားဖို့ ညွှန်ကြား

မင်နီယာပိုးလစ် မြို့မှာ တရားမဝင် ရွှေ့ပြောင်းအခြေချမှုတွေနဲ့ ဒုစရိုက်မှုတွေကို နှိမ်နင်းဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ဖက်ဒရယ် အစိုးရ အေးဂျင့်အားလုံး ကွင်းဆင်း အလုပ်လုပ်တဲ့အချိန် ခန္ဓာကိုယ်ပေါ်မှာ ကင်မရာ (body-cam)တွေ တပ်ဆင်ရတော့မှာ ဖြစ်ပါတယ်။

မင်နီယာပိုးလစ် မြို့မှာ တရားမဝင် ရွှေ့ပြောင်းအခြေချမှုတွေနဲ့ ဒုစရိုက်မှုတွေကို နှိမ်နင်းဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ဖက်ဒရယ် အစိုးရ အေးဂျင့်အားလုံး ကွင်းဆင်း အလုပ်လုပ်တဲ့အချိန် ခန္ဓာကိုယ်ပေါ်မှာ ကင်မရာ (body-cam)တွေ တပ်ဆင်ရတော့မှာ ဖြစ်ပါတယ်။

လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန် ဌာန (ICE)ရဲ့ အေးဂျင့်တွေက စုံစမ်းစစ်ဆေးမှုတွေအတွင်း သူတို့ကို ဆန့်ကျင်တဲ့ မြို့ခံတွေနဲ့ ပဋိပက္ခဖြစ်ပြီး အမျိုးသားတစ်ဦး၊ အမျိုးသမီး တစ်ဦးတို့ကို ပြီးခဲ့တဲ့လက သီးခြားဖြစ်စဉ် နှစ်ခုမှာ ပစ်သတ်ခဲ့ပါတယ်။

အဲဒီကိစ္စတွေ အပြီးမှာတော့ မင်နီယာပိုးလစ် မြို့ထဲမှာ ICEရဲ့ လုပ်ပုံကိုင်ပုံတွေအပေါ် ဝေဖန် မေးခွန်းထုတ်မှုတွေ မြင့်တက်လာပြီး ဖက်ဒရယ် အစိုးရ အေးဂျင့်တွေ ရှိနေတဲ့ ကိစ္စအပေါ် ဝေဖန်သံတွေ ပိုမို ကျယ်လောင်လာပါတယ်။

အစောပိုင်းမှာတော့ ICEရဲ့ မိခင်ယူနစ်ဖြစ်တဲ့ ပြည်တွင်း လုံခြုံရေး ဝန်ကြီးဌာန (DHS)က မြို့ခံတွေ သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေဟာ အေးဂျင့်တွေက ရန်မူခံရလို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့တာပါလို့ အကြောင်းပြပြီး သေသူတွေကို အပြစ်ဖို့ခဲ့ပါသေးတယ်။ ဒါပေမဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ ဒုတိယမြောက် သေဆုံးသူ အဲလက်စ် ပရက်တီ ပစ်ခတ်ခံရတဲ့ ကိစ္စဟာ ရှုပ်ထွေးမှုတွေ ရှိလာတယ် ဆိုတာကို ဝန်ခံခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၂ ရက်နေ့မှာတော့ DHSဟာ မင်နီယာပိုးလစ် မြို့ထဲမှာ ရှိနေတဲ့ ICE အေးဂျင့်အားလုံး တာဝန်ချိန်မှာ body-camတွေ ဝတ်ဆင်ထားရမှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီ သတ်မှတ်ချက်ဟာ ချက်ချင်း စတင် အသက်ဝင်မယ်လို့လည်း DHSက ပြောပါတယ်။

မင်နီယာပိုးလစ်ရဲ့ ကွင်းဆင်းအရာရှိ အားလုံးဆီကို body-camတွေ ပေးပို့ထားပြီး လက်တွေ့ အသုံးပြုမှုကို ချက်ချင်း စတင်စေမှာ ဖြစ်တယ်လို့ DHS ဝန်ကြီး ခရစ္စတီ နိုအမ်က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

အမျိုးသား သူနာပြု တစ်ဦးဖြစ်တဲ့ ပရက်တီ သေဆုံးမှုဟာ အသတ်ခံရမှု (homicide)အဖြစ် သေမှုသေခင်းဆိုင်ရာ ဆေးဖက် အရာရှိတွေက သတ်မှတ်ထားပါတယ်။ ဒီစကားလုံးဟာ လူတစ်ဦးက တခြားသူ တစ်ယောက်ရဲ့ ပယောဂကြောင့် သေဆုံးမှုကို ဆိုလိုပြီး ကျိန်းသေပေါက် ရာဇဝတ်မှု မြောက်တယ်လို့ အဓိပ္ပါယ် မဖွင့်ဆိုပါဘူး။ ပရက်တီဟာ ဖက်ဒရယ် အေးဂျင့် တစ်ဦး၊ ဒါမှမဟုတ် တစ်ဦးထက်ပိုတဲ့ အရေအတွက်က သေနတ်နဲ့ အကြိမ်ရေတချို့ ပစ်ခတ်ခြင်းကြောင့် သေဆုံးခဲ့တယ်လို့ သေမှုသေခင်း စစ်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

ICEကတော့ ပစ်ခတ်မှုမှာ အေးဂျင့်နှစ်ဦး ပါဝင်ပတ်သက်ခဲ့ပြီး အဲဒီတုန်းက body-camတွေ ဝတ်ဆင်ထားခဲ့တယ်လို့ ပြောပါတယ်။ သေဆုံးမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေချိန် အတောအတွင်း အဲဒီ အေးဂျင့်နှစ်ဦးကို ခွင့်သတ်မှတ်ပြီး အနားပေးထားတယ်လို့လည်း ဆိုပါတယ်။

ပြည်တွင်းမှာ တရားမဝင် ရွှေ့ပြောင်း အခြေချလာသူတွေကို တိုက်ဖျက်ရေး ဆိုတာဟာ ထရမ့်ရဲ့ အဓိကကျတဲ့ မူဝါဒတစ်ခု ဖြစ်ပေမယ့် မင်နီယာပိုးလစ်မှာ ICE အေးဂျင့်တွေရဲ့ အကိုင်အတွယ် ကြမ်းမှုတွေကြောင့် အတော်လေး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ကိုးကား: BBC

ဓာတ်ပုံ – Getty Images

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖွဲ့စည်းပုံအရ ရဲတပ်ဖွဲ့ဟာ မြို့တော်ဝန်ရဲ့ လက်အောက်မှာ ရှိနေပါတယ်။ ဒါပေမဲ့ ပြည်သူ့လုံခြုံရေး အဖွဲ့သစ်ကတော့ မြို့တော်ဝန်အပြင် လူထုက ရွေးချယ် တင်မြှောက်ထားတဲ့ တခြား ကောင်စီဝင် ၁၃ ဦးရဲ့ လမ်းညွှန်မှုကိုပါ လိုက်နာရမှာပါ။