Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မင်နီယာပိုးလစ်မြို့မှာ ရဲတပ်ဖွဲ့ ဖျက်သိမ်းရေးအဆို မဲခွဲဆုံးဖြတ်မှု အရေးနိမ့်

ဖွဲ့စည်းပုံအရ ရဲတပ်ဖွဲ့ဟာ မြို့တော်ဝန်ရဲ့ လက်အောက်မှာ ရှိနေပါတယ်။ ဒါပေမဲ့ ပြည်သူ့လုံခြုံရေး အဖွဲ့သစ်ကတော့ မြို့တော်ဝန်အပြင် လူထုက ရွေးချယ် တင်မြှောက်ထားတဲ့ တခြား ကောင်စီဝင် ၁၃ ဦးရဲ့ လမ်းညွှန်မှုကိုပါ လိုက်နာရမှာပါ။

အမေရိကန် နိုင်ငံက Black Lives Matter လှုပ်ရှားမှု အစပြုခဲ့ရာ မင်နီယာပိုးလစ်မြို့မှာ ရဲတပ်ဖွဲ့ကို ဖျက်သိမ်းသင့်ကြောင်း အဆိုတင် မဲခွဲမှုက ရှုံးနိမ့်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်၊ မေလက မင်နီယာပိုးလစ် ရဲတပ်ဖွဲ့ရဲ့ လူဖြူ ရဲအရာရှိ တစ်ဦးက ရက်ရက်စက်စက် ဖမ်းဆီး နှိပ်စက်မှုကြောင့် လူမည်းအမျိုးသား ဂျော့ဂျ်ဖလွိုက်ဒ် သေဆုံးသွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ကို အကြောင်းပြုပြီး အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုတွေက မင်နီယာပိုးလစ်က အစပြုလို့ ကမ္ဘာအနှံ့ကို ပျံ့နှံ့သွားခဲ့ပါတယ်။

မင်နီယာပိုးလစ်မှာ ဆူပူအုံကြွမှုတွေ ပေါ်ပေါက်လာပြီး ရဲတပ်ဖွဲ့ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုမှုတွေလည်း ရှိလာပါတယ်။ ဆန္ဒပြသူတွေက မင်နီယာပိုးလစ်မှာ ရဲတပ်ဖွဲ့အစား တခြား ပြည်သူ့လုံခြုံရေး အဖွဲ့အစည်း တစ်ခုနဲ့ အစားထိုးဖို့ တောင်းဆိုခဲ့ကြတာပါ။

ဖွဲ့စည်းပုံအရ ရဲတပ်ဖွဲ့ဟာ မြို့တော်ဝန်ရဲ့ လက်အောက်မှာ ရှိနေပါတယ်။ ဒါပေမဲ့ ပြည်သူ့လုံခြုံရေး အဖွဲ့သစ်ကတော့ မြို့တော်ဝန်အပြင် လူထုက ရွေးချယ် တင်မြှောက်ထားတဲ့ တခြား ကောင်စီဝင် ၁၃ ဦးရဲ့ လမ်းညွှန်မှုကိုပါ လိုက်နာရမှာပါ။

Public Service Announcement

Public Service Announcement

ပြီးတော့ အကြမ်းဖက် ရန်လိုတာမျိုး မဟုတ်တဲ့ မှုခင်းတွေဆိုရင် ရဲတွေအစား စိတ်ကျန်းမာရေး ပညာရှင်တွေက သွားရောက် ညှိနှိုင်း ဖြေရှင်းတာမျိုး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဝရမ်းထုတ်ပြီး ဖမ်းဆီးရမယ့် ကိစ္စမျိုးကျမှသာ ရဲတွေလို တာဝန်မျိုး ယူထားတဲ့ လုံခြုံရေး အရာရှိတွေက သွားရောက်ကြရမှာပါ။

ဒီစိတ်ကူးကို မင်နီယာပိုးလစ်ရဲ့ အမျိုးသမီး လွှတ်တော်အမတ် အီလ်ဟန် အိုမာနဲ့ ပြည်နယ်ရှေ့နေချုပ် ကိသ်အဲလစ်တို့က စတင် အကြံပြု တင်ပြလာကြတာ ဖြစ်ပါတယ်။ သူတို့လိုပဲ ဒီမိုကရက် ပါတီဝင် တစ်ဦးဖြစ်တဲ့ မြို့တော်ဝန် ဂျက်ကော့ဘ်ဖရေးကတော့ ဒီကိစ္စကို ဆန့်ကျင် ရပ်တည်ခဲ့ပါတယ်။ နိုဝင်ဘာ ၂ ရက် မဲပေးမှု အပြီးမှာတော့ ရဲတပ်ဖွဲ့ကို ဖျက်သိမ်းသင့်ကြောင်း အဆိုက အရေးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေတွေအရ မင်နီယာပိုးလစ်မှာ မှုခင်းတွေ ဖြစ်ပွားနှုန်း ပိုမို မြင့်တက်လာနေခြင်းကလည်း ရဲတပ်ဖွဲ့ကို ဖျက်သိမ်းဖို့ သင့်မသင့် ဆန္ဒမဲ ကောက်ခံမှုအပေါ် သက်ရောက်မှု ရှိခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မင်နီယာပိုးလစ် မြို့မှာ တရားမဝင် ရွှေ့ပြောင်းအခြေချမှုတွေနဲ့ ဒုစရိုက်မှုတွေကို နှိမ်နင်းဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ဖက်ဒရယ် အစိုးရ အေးဂျင့်အားလုံး ကွင်းဆင်း အလုပ်လုပ်တဲ့အချိန် ခန္ဓာကိုယ်ပေါ်မှာ ကင်မရာ (body-cam)တွေ တပ်ဆင်ရတော့မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

နီပေါနိုင်ငံမှာ လူမှုကွန်ရက် သုံးစွဲခွင့် ပိတ်ပင်မှုကို မကျေနပ်တဲ့ ဆန္ဒပြသူတွေကို ရဲတွေက အင်အားသုံး ဖြိုခွင်းရာက လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ပြီးတော့ ပြဿနာတွေ အရမ်းပြင်းထန်လာတဲ့နောက် အစိုးရဟာ အဲဒီ ပိတ်ပင်မှုကိုလည်း ရုပ်သိမ်းပေးခဲ့ရပါတယ်။

သတင်း

သာသ‌နာရေးကားဖြင့် ပုံဖျက်လာသည့် ရဲတပ်ဖွဲ့ဝင်ငါးဦးကို မကွေးတိုင်း ၊ဆင်ပေါင်ဝဲမြို့နယ်၊ ကျောသာကျေးရွာနှင့်သပြေစမ်းကျေးရွာကြားတွင် တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း သရက်ခရိုင်အမှတ် (၅) တပ်ရင်းက ထုတ်ပြန်သည်။

သတင်း

ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ်ရှိ စစ်ကောင်စီ သတင်းရဲတပ်ဖွဲ့ ကို သတင်းပေါက်ကြားမှု​နေပြည်​တော်မှ လာရောက်စစ်ဆေးသည့် ​အထူးစစ်​ဆေး​ရေးအဖွဲ့မှ ရဲမှူးအဆင့်ရှိသူ နှစ်ဦးအား ပုသိမ်မြို့နယ် သတင်းရဲတပ်ဖွဲ့ တပ်ကြပ်ကြီး မင်းမင်းနှင့် အဖွဲ့ကဓါးဖြင့်တိုက်ခိုက်၍ ဒုရဲမှူး တစ်ဦး​သေဆုံးပြီး တစ်ဦးပြင်းထန်စွာဒဏ်ရာရခဲ့ကြောင်းသိရသည်။