Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကနေဒါက စာသင်ကျောင်းနဲ့ နေအိမ်မှာ ပစ်ခတ်မှုဖြစ်ပြီး ၁၀ ဦး သေဆုံး

ကနေဒါ နိုင်ငံက စာသင်ကျောင်းနဲ့ နေအိမ်တွေမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - AP

ကနေဒါ နိုင်ငံက စာသင်ကျောင်းနဲ့ နေအိမ်တွေမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့တုန်းက ကနေဒါနိုင်ငံ အနောက်ပိုင်း၊ ဗြိတိသျှ ကိုလံဘီယာ ပြည်နယ်ထဲက တွမ်ဘလာရစ်ဂျ် မြို့ထဲက ကျောင်းကို လက်နက်ကိုင် တစ်ဦးက ပစ်ခတ်ခဲ့တာပါ။ အိမ်နီးချင်း အမေရိကန်မှာတော့ စာသင်ကျောင်း ပစ်ခတ်မှု သတင်းတွေက မစိမ်းလှပေမယ့် ကနေဒါမှာတော့ ဒီဖြစ်စဉ်ဟာ နိုင်ငံသမိုင်းမှာ အဆိုးဆုံး လက်နက်ကိုင် မှုခင်းတစ်ခု ဖြစ်လာပါတယ်။

သေနတ်သမားဟာ အမျိုးသမီးတစ်ဦးဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေထားတဲ့ သူ့အလောင်းကိုလည်း ရဲတွေက ရှာတွေ့ခဲ့ပါတယ်။ အထက်တန်းကျောင်း ဝင်းထဲမှာ ရုပ်အလောင်း ၆ ခုကို ရှာတွေ့ခဲ့ပြီး ကျူးလွန်သူ တစ်ဦးတည်းရဲ့ လက်ချက်ကြောင့်လို့ ယူဆရတဲ့ သေဆုံးသူ ၂ ဦးကိုလည်း အိမ်တစ်အိမ်ထဲမှာ ရှာတွေ့ခဲ့ပါတယ်။ ပြီးတော့ ဆေးရုံကို တင်ပို့ထားသူတွေထဲဲက ၁ ဦး သေဆုံးခဲ့တာကြောင့် စုစုပေါင်း သေဆုံးမှုက ၁၀ ဦးထိ ရှိလာပါတယ်။

ဒဏ်ရာရသူ အနည်းဆုံး ၂၇ ဦး ရှိခဲ့ပြီး ၂ ဦးဟာ အခြေအနေ စိုးရိမ်ရတယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ရဲတွေက ဖြစ်စဉ်ကို အပူတပြင်း စုံစမ်းနေပြီး နောက်ဆက်တွဲ အများပြည်သူကို အန္တရာယ် ဖြစ်စေနိုင်တဲ့ ကြံရာပါမျိုး မရှိနိုင်ဘူးလို့ မှတ်ချက်ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

လတ်တလောမှာတော့ သေနတ်သမားဟာ ဆံပင်အညိုနဲ့ အမျိုးသမီးတစ်ဦး ဖြစ်တယ်ဆိုတာကလွဲပြီး ရဲတွေက အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်သေးပါဘူး။ ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ ကန်ဖလွိုက်ဒ်က နေအိမ်ထဲမှာ သေဆုံးသူတွေနဲ့ ကျောင်းထဲမှာ ပစ်သတ်ခံရသူတွေဟာ ကျူးလွန်သူ တစ်ဦးတည်းရဲ့ သားကောင် ဖြစ်ခဲ့တယ်လို့ အတည်ပြုသွားပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးတွေ ဘယ်နှယောက် ပါသလဲ ဆိုတာကိုလည်း ရဲတွေက မပြောသေးပါဘူး။

အခင်းဖြစ်ပွားရာ တွမ်ဘာရစ်ဂျ်ဟာ လူဦးရေ ၂၄၀၀ လောက်သာ နေထိုင်ပြီး ရော်ကီတောင်တန်းတွေရဲ့ အခြေမှာ တည်ရှိနေတဲ့ မြို့လေးတစ်ခုပါ။ အခင်းဖြစ်ပွားရာ စာသင်ကျောင်းမှာ ကျောင်းသူကျောင်းသား ၁၆၀ လောက်ရှိပြီး grade 7ကနေ 12ထိ၊ အသက် ၁၂ နှစ်နဲ့ ၁၈ နှစ်ကြား အရွယ်တွေ တက်ရောက်နေကြတာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ကျောင်းကို တစ်ပတ်လုံး ပိတ်ထားမှာဖြစ်ပြီး နှစ်သိမ့်ဆွေးနွေးရေး လိုအပ်သူတွေကို ကူညီဖို့ ဦးစားပေး ဆောင်ရွက်မယ်လို့ ကျောင်းဖက်က ထုတ်ပြန်ထားပါတယ်။

ကျောင်းနဲ့အိမ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုရဲ့ နောက်ကွယ်က စေ့ဆော်မှုနဲ့ အကြောင်းရင်းတွေကိုလည်း မသိရသေးပါဘူး။ မြို့သေးသေးလေးမှာ ဖြစ်ပွားခဲ့တဲ့ အခုလို မှုခင်းမျိုးက လူ့အဖွဲ့အစည်း တစ်ရပ်လုံးကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့ကြောင်း ဗြိတိသျှ ကိုလံဘီယာပြည်နယ် ပြည်သူ့လုံခြုံရေး ဝန်ကြီး နီနာ ခရိုင်ဂျာက ပြောပါတယ်။

ကနေဒါ နိုင်ငံသမိုင်းမှာ အဆိုးဆုံး စာသင်ကျောင်း ပစ်ခတ်မှုကတော့ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ပေါ်ပေါက်ခဲ့ပြီး မွန်ထရယ်မြို့က Ecole ပေါ်လီတက္ကနစ်ကျောင်းမှာ သေနတ်သမား တစ်ဦး လက်ချက်ကြောင့် ကျောင်းသူ မိန်းကလေး ၁၄ ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ သေနတ်သမားကတော့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပါတယ်။

တွမ်ဘလာရစ်ဂျ်မှာ ဖြစ်ပွားခဲ့တဲ့ တုန်လှုပ်စရာ ပစ်ခတ်မှု သတင်းကြောင့် အရမ်း စိတ်ထိခိုက်မိကြောင်း၊ ထိခိုက်နစ်နာသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း ကနေဒါ ဝန်ကြီးချုပ် မတ်ခ် ကာနေးက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကနေဒါဆီကနေ တင်သွင်းတဲ့ ကုန်စည်အမျိုးအစား အများအပြားအပေါ် တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းထိ အခွန်တိုးမြှင့် စည်းကြပ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတကာ

ဇူလိုင် ၄ ရက်နေ့က ကမ္ဘာ့ဖလားရဲ့ ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေကို ပထမဆုံးအကြိမ် စတင်ယှဉ်ပြိုင်ခဲ့ပြီး နာမည်ကြီး ပြင်သစ် အသင်းက ကွာတားဖိုင်နယ်ဆီ တက်လှမ်းသွားနိုင်ခဲ့သလို ပူးတွဲအိမ်ရှင် ကနေဒါကတော့ အာဖရိကထိပ်သီး မော်ရိုကို အသင်းကို အရေးနိမ့်ပြီး ပြိုင်ပွဲကို နှုတ်ဆက်သွားရပြီ ဖြစ်ပါတယ်။

သတင်း

တော်လှန် သဘင်ပညာရှင်တွေ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာ ဆေးတစက် ရုပ်ရှင်ကို ကနေဒါနိုင်ငံမှာ ပွဲဦးထွက်ပြသသွားမယ်လို့ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ အောင်သော်က ပြောပါတယ်။

နိုင်ငံတကာ

တောင်အာဖရိက အသင်းကို တစ်ဂိုးတည်းနဲ့ ကပ်အနိုင်ယူခဲ့တဲ့နောက် ၂၀၂၆ ကမ္ဘာ့ဖလား ပူးတွဲအိမ်ရှင် ကနေဒါ အသင်းဟာ ၁၆ သင်း ရှုံးထွက်အဆင့်ထိ တက်လှမ်းလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။