Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒရုန်း ကျူးကျော်မှုတွေ ထပ်ရှိလာရင် ဆိုးရွားတဲ့ တုံ့ပြန်မှုတွေ ကြုံရမယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယား သတိပေး

နောက်ထပ် ဒရုန်းတွေ နယ်ကျော် စေလွှတ်မယ်ဆိုရင် တောင်ကိုရီးယား အနေနဲ့ ဆိုးရွားတဲ့ တုံ့ပြန်မှုတွေကို မျှော်လင့်ထားသင့်ကြောင်း မြောက်ကိုရီးယားက ခြိမ်းခြောက် သတိပေးခဲ့ပါတယ်။

နောက်ထပ် ဒရုန်းတွေ နယ်ကျော် စေလွှတ်မယ်ဆိုရင် တောင်ကိုရီးယား အနေနဲ့ ဆိုးရွားတဲ့ တုံ့ပြန်မှုတွေကို မျှော်လင့်ထားသင့်ကြောင်း မြောက်ကိုရီးယားက ခြိမ်းခြောက် သတိပေးခဲ့ပါတယ်။

တောင်ကိုရီးယား သမ္မတ လီဂျေမြောင်ဟာ မြောက်ပိုင်းမှာရှိတဲ့ ကွန်မြူနစ် နိုင်ငံနဲ့ ဆက်ဆံရေးကို ပြန်လည် ပြင်ဆင်နိုင်ဖို့ ကြိုးစားနေချိန်မှာ မြောက်ကိုရီးယား ပိုင်နက်ထဲ ဒရုန်းတွေ ကျူးကျော်ခဲ့တယ်ဆိုတဲ့ ကိစ္စက ပြဿနာမီးပွားတစ်ခု ဖြစ်လာခဲ့ပါတယ်။

မြောက်ကိုရီးယားက တောင်ကိုရီးယား လျှို့ဝှက်စေလွှတ်ခဲ့တဲ့ ဒရုန်းတစ်စီးကို ပစ်ချခဲ့ကြောင်း ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ဓာတ်ပုံ အထောက်အထားနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။ တောင်ကိုရီးယား အစိုးရက အဲဒီ ဒရုန်းစေလွှတ်မှုဟာ အစိုးရနဲ့ တိုက်ရိုက် မပတ်သက်ဘဲ အရပ်သားတွေရဲ့ လုပ်ရပ် ဖြစ်နိုင်ကြောင်း ဖြေရှင်းခဲ့ပေမယ့် အခုသီတင်းပတ်ထဲမှာတော့ အဲဒီကိစ္စကို အကြောင်းပြုပြီး ထောက်လှမ်းရေး အေဂျင်စီတွေကို ရဲတပ်ဖွဲ့က စီးနင်း ရှာဖွေခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာတော့ မြောက်ကိုရီးယား အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ဩဇာကြီးမားတဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်က ဒရုန်းကိစ္စတွေ ရပ်တန်းက မရပ်ရင်း တောင်ကိုရီးယားဟာ ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အတိအလင်း သတိပေး ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရန်စတဲ့ အဓိပ္ပါယ်လို့ ယုံကြည်ရတဲ့ အဲဒီ လေပိုင်နက် ကျူးကျော်မှုတွေနဲ့ ပတ်သက်လို့ ကြိုတင် သတိပေးလိုကြောင်း၊ မြောက်ကိုရီးယားရဲ့ အချုပ်အခြာ အာဏာ ပိုင်နက်ကို နောက်ထပ် ထိပါးရန်စလာတဲ့ လုပ်ရပ်တိုင်းဟာ ဆိုးရွားလှတဲ့ တုံ့ပြန်မှု တစ်ခုကို လှုံ့ဆော်လိုက်တာ ဖြစ်သွားနိုင်ကြောင်း ကင်မ်က ဆိုပါတယ်။

မြောက်ကိုရီးယား လေပိုင်နက်ထဲ ဒရုန်းတွေ စေလွှတ်တဲ့ လုပ်ရပ်ရဲ့ လက်သည်က ဘယ်သူလဲ၊ ဘယ်အဖွဲ့အစည်းလဲ ဆိုတဲ့ ဖြေရှင်းမှုတွေ အကြောင်းကိုလည်း မြောက်ကိုရီးယားက စိတ်မဝင်စားကြောင်း သူက ဆက်ပြောပါတယ်။

တောင်ကိုရီးယားမှာတော့ မြောက်ကိုရီးယား ပိုင်နက်ထဲ ဒရုန်းစေလွှတ်မှုနဲ့ ပတ်သက်လို့ စစ်မှုထမ်း ၃ ဦးနဲ့ ထောက်လှမ်းရေး ဝန်ထမ်းတစ်ဦးတို့ကိုပါ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။ တောင်ကိုရီးယား အစိုးရရဲ့ ကိုရီးယားနှစ်နိုင်ငံ သင့်မြတ်ပေါင်းစည်းရေး ဝန်ကြီး ချောင်ဒုံယောင်က ဒီအရှုပ်အထွေးတွေနဲ့ ပတ်သက်လို့ အထူးစိတ်မကောင်း ဖြစ်မိတယ်လို့ အခုသီတင်းပတ် အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

သူက ဒရုန်းလွှတ်တင်မှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ထောက်လှမ်းရေး ဝန်ထမ်းဟာ မြောက်ကိုရီးယားအပေါ် တင်းမာတဲ့ သဘောထားရှိသူ အရင် တောင်ကိုရီးယား သမ္မတ လီဂျေမြောင်ကို သစ္စာခံသူတစ်ဦး ဖြစ်နိုင်တယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။ သမ္မတလီဟာ တောင်ကိုရီးယားမှာ ဒီမိုကရေစီ အုပ်ချုပ်ရေးကို ရပ်ဆိုင်းပြီး စစ်အုပ်ချုပ်ရေး ကြေညာခဲ့မှုကြောင့် ရာထူးက ဖယ်ရှားခံရပြီး အမှုရင်ဆိုင်နေရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးရာကနေ မြောက်ကိုရီးယားဖက်ကနေ မျောပါလာတယ်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်းတွေကို တောင်ကိုရီးယားက လိုက်လံ သိမ်းဆည်း ဖယ်ရှားနေရပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

နောက်ထပ် မြောက်ကိုရီးယားစစ်သည် သောင်းနဲ့ချီ ထပ်မံခေါ်ယူနိုင်ဖို့ ရုရှားက ဆွေးနွေးနေကြောင်း သိရှိရပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို မြောက်ကိုရီးယားက ဝေဖန်ထိုးနှက်ခဲ့ပါတယ်။