Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်နဲ့ လျှို့ဝှက် ဆွေးနွေးခဲ့ကြောင်း စွပ်စွဲချက်ကြောင့် ပီရူးသမ္မတ ထုတ်ပယ်ခံရ

တရုတ်နဲ့ လျှို့ဝှက်ဆွေးနွေးခဲ့ကြောင်း စွပ်စွဲမှုတွေနဲ့အတူ ပီရူးသမ္မတဟာ ရာထူးကနေ ဖယ်ရှား ခံခဲ့ရပါတယ်။

တရုတ်နဲ့ လျှို့ဝှက်ဆွေးနွေးခဲ့ကြောင်း စွပ်စွဲမှုတွေနဲ့အတူ ပီရူးသမ္မတဟာ ရာထူးကနေ ဖယ်ရှား ခံခဲ့ရပါတယ်။

သမ္မတ ဟိုဆေး ဂျီရီဟာ ရာထူးလက်ခံယူပြီး ၄ လလောက် အကြာမှာပဲ အခုလို အရှုပ်တော်ပုံ တစ်ခုနဲ့ ကြုံခဲ့ပြီး ပီရူးလွှတ်တော်ရဲ့ ထုတ်ပယ်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ တရုတ် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးနဲ့ ပွင့်လင်းမြင်သာမှု လုံးဝမရှိဘဲ တွေ့ဆုံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို အကြောင်းပြုပြီး အရှုပ်အထွေးတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

ဂျီရီကို ထုတ်ပယ်ဖို့ သင့်မသင့် ဖေဖော်ဝါရီ ၁၇ ရက်နေ့က လွှတ်တော်မှာ မဲပေးခဲ့ပြီး အမတ် ၇၅ ဦးက ထုတ်ပယ်ဖို့ ထောက်ခံခဲ့ပါတယ်။ ၂၄ ဦးကသာ သမ္မတဖက်က ရပ်တည်ခဲ့ပြီး ၃ ဦးကတော့ ကြားနေခဲ့ပါတယ်။

အခုအခါ ပီရူးလွှတ်တော်ဟာ လွှတ်တော် အကြီးအကဲသစ် တစ်ဦးကို ရွေးချယ် တင်မြှောက်မှာဖြစ်ပြီး အဲဒီ ပုဂ္ဂိုလ်က သမ္မတ နေရာကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ ပီရူးမှာတော့ သမ္မတတစ်ဦးဟာ ရာထူးသက်တမ်း စေ့လို့မဟုတ်ဘဲ ထုတ်ပယ်ခံလိုက်ရတာ ဂျီရီနဲ့ဆိုရင် သုံးဦးဆက်တိုက် ရှိခဲ့ပါပြီ။ တောင်အမေရိက ဒေသတွင်း နိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှု အခြေအနေတွေနဲ့ ရုန်းကန်နေခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ပီရူးအစိုးရ အဆက်ဆက်ဟာ မဲဆန္ဒရှင်တွေ အဓိက စိုးရိမ်တဲ့ အဂတိမှု၊ ဒုစရိုက်မှု ပြဿနာတွေကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်တာကလည်း ပြဿနာတွေကို ပိုမိုဆိုးရွားစေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ဂျီရီ ကြုံခဲ့တဲ့ ပြဿနာကတော့ ပြည်တွင်းက တရုတ်စားသောက်ဆိုင် တစ်ခုရဲ့ နာမည်ကို အစွဲပြုပြီး ပီရူးမှာ Chifagateလို့ ခေါ်ဝေါ်ကြပါတယ်။ ပြီးခဲ့တဲ့ လတုန်းက ဂျီရီဟာ ခေါင်းစွပ် အနွေးထည်ကိုဝတ်ပြီး အဲဒီစားသောက်ဆိုင်ကို ညနက်ပိုင်း အချိန်မှာ ရောက်လာပြီး တရုတ် စီးပွားရေး လုပ်ငန်းရှင် ကျိဟွာယန့်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီ ပုဂ္ဂိုလ်ဟာ ပီရူးမှာ စတိုးဆိုင် လုပ်ငန်းတွေနဲ့ စွမ်းအင် ပရောဂျက်တစ်ခုရဲ့ ရှယ်ယာတွေကို ပိုင်ဆိုင်ထားပါတယ်။

စားသောက်ဆိုင်ဆီကို သမ္မတက ခိုးကြောင်ခိုးဝှက် ရောက်လာပုံ ဗီဒီယိုကို ပေါက်ကြားခဲ့ပြီး ဆွေးနွေးမှု အကြောင်းအရာကိုလည်း တရားဝင် မထုတ်ပြန်တာကြောင့် ပြဿနာတွေက ကြီးထွားလာခဲ့ပါတယ်။ ဒီတွေ့ဆုံမှုရဲ့ နောက်ကွယ်မှာ တရုတ်အစိုးရ ပါဝင်ပတ်သက်နေနိုင်ကြောင်း စွပ်စွဲမှုတွေလည်း ထွက်ပေါ်လာပါတယ်။

သူ့မတိုင်ခင် သမ္မတဖြစ်သူ ဒီနာ ဘိုလူရာတီကို ထုတ်ပယ်ဖို့ လွှတ်တော်က ခြွင်းချက်မရှိ ဆုံးဖြတ်ခဲ့တဲ့နောက် ဂျီရီဟာ အောက်တိုဘာလတုန်းက ပီရူးသမ္မတ ဖြစ်လာခဲ့ပါတယ်။ ဘိုလူရာတီက ဒုတိယ သမ္မတ ခန့်အပ်မထားခဲ့တဲ့အတွက် အဲဒီတုန်းက လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသူ ဂျီရီက သမ္မတ လုပ်ထုံးလုပ်နည်းအရ သမ္မတ နေရာကို ရရှိလာခဲ့ပါတယ်။

ဂျီရီက သူ့ကို ထုတ်ပယ်ခဲ့တဲ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာမယ်လို့ ပြောပါတယ်။ စည်းမျဉ်းတွေအရ လက်ရှိ ပီရူး လွှတ်တော် အကြီးအကဲ ဖာနန်ဒို ရော့စ်ပီဂလွိုင်စီက သမ္မတ နေရာကို ဆက်ခံရမှာ ဖြစ်ပေမယ့် သူက ရာထူးလက်ခံဖို့ ငြင်းဆိုထားပါတယ်။ ဒါကြောင့် အမတ်တွေက လွှတ်တော် ဥက္ကဋ္ဌသစ်ကို ရွေးကောက် တင်မြှောက်ပြီး သမ္မတ နေရာကို လွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။

ကိုးကား: Reuters
ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook