Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်နဲ့ ဆွေးနွေးမှု ရလဒ်တွေအပေါ် ကျေနပ်မှုမရှိကြောင်း ထရမ့်ပြော

အီရန်နဲ့ နောက်ဆုံးအကြိမ် ဆွေးနွေးခဲ့မှုတွေအပေါ် စိတ်ကျေနပ်မှု မရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ - The New York Times

အီရန်နဲ့ နောက်ဆုံးအကြိမ် ဆွေးနွေးခဲ့မှုတွေအပေါ် စိတ်ကျေနပ်မှု မရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှုတွေ မြင့်တက်နေတဲ့အချိန် ဖေဖော်ဝါရီ ၂၆ ရက်နေ့တုန်းက အီရန်နျူကလီးယား ထိန်းချုပ်ရေး အစီအမံတွေအတွက် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ အမေရိကန်နဲ့ အီရန် ကိုယ်စားလှယ်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန်ဟာ အီရန်နိုင်ငံတဝိုက်မှာ စစ်အင်အား အလုံးအရင်း ဖြန့်ကျက်ထားသလို လက်ရှိ ဆွေးနွေးမှုတွေ အဆင်မပြေဘူးဆိုရင် စစ်ရေးအရ အရေးယူတာမျိုး ဖြစ်လာနိုင်ကြောင်း ထရမ့်က သတိပေးထားပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာတော့ ထရမ့်က အီရန်နဲ့ ဆွေးနွေးနေမှု အခြေအနေတွေဟာ စိတ်လှုပ်ရှားစရာတော့ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ အမေရိကန် လိုလားတာကို အီရန်က လိုက်လျောလိုဟန် မရှိတဲ့အတွက် သူ့အနေနဲ့ ပျော်ရွှင်မနေကြောင်း၊ ဆွေးနွေးမှုတွေက စိတ်လှုပ်ရှားစရာ ဖြစ်မလာကြောင်း ထရမ့်က ဆိုပါတယ်။ ဂျနီဗာက တွေ့ဆုံပွဲဟာ အဖြေတစ်ခုခု ထွက်မလာဘဲ အဆုံးသတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အီရန်အပေါ် စစ်အင်အား သုံးရတာမျိုးကို သူလုံးဝ မဖြစ်စေချင်ကြောင်း၊ ဒါပေမဲ့ တစ်ခါတလေမှာတော့ မလုပ်ချင်တာတွေကိုလည်း လုပ်ကြရကြောင်းလည်း ထရမ့်က ဂျနီဗာ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး သူ့ရဲ့ ပထမဆုံး သဘောထား မှတ်ချက်မှာ ထည့်သွင်း ပြောဆိုသွားပါတယ်။

လက်ရှိမှာတော့ အရှေ့အလယ်ပိုင်းမှာ စစ်ရိပ်စစ်ငွေ့တွေ ပိုပြီး ပိုပြီး ယှက်သန်းလာနေတဲ့နောက် ဗြိတိန် အစိုးရဟာ အီရန်ရဲ့မြို့တော် တဟီရန်မှာရှိတဲ့ သံရုံး ဝန်ထမ်းတွေကို ရွှေ့ပြောင်းထားစေသလို သေရေးရှင်းရေး ကိစ္စမဟုတ်ရင် အီရန်ကို ခရီးမသွားဖို့လည်း နိုင်ငံသားတွေကို အကြံပြုထားပါတယ်။

တရုတ်၊ အိန္ဒိယ၊ ကနေဒါတို့လို နိုင်ငံတွေကလည်း ပြောင်းလဲလာနိုင်တဲ့ အခြေအနေတွေကြောင့် နိုင်ငံသားတွေ အီရန်ကနေ ထွက်ခွာကြဖို့ အသီးသီး တိုက်တွန်း ကြေညာထားပါတယ်။ အမေရိကန်ကလည်း နိုင်ငံသားအားလုံး ရတဲ့နည်းနဲ့ အီရန်ကနေ ချက်ချင်း ထွက်ခွာကြဖို့ နှိုးဆော်နေပါတယ်။ အီရန်ရဲ့ ဒေသတွင်းရန်ဘက် အစ္စရေးနိုင်ငံမှာ ရှိနေတဲ့ အမေရိကန် သံရုံးမှာလည်း မဖြစ်မနေ လိုအပ်တဲ့ အရာရှိတွေကလွဲရင် ကျန်တဲ့ အမေရိကန် သံဝန်ထမ်းတွေကို အမေရိကန်က ပြန်ခေါ်ယူထားပါတယ်။ တကယ်လို့ အမေရိကန်က စတင်တိုက်ခိုက်လာရင် အီရန်ဟာ အစ္စရေးကိုပါ တိုက်ခိုက်နိုင်ကြောင်း စစ်ရေး အကဲခတ်တွေက သုံးသပ်ထားပါတယ်။ အီရန်နဲ့ အစ္စရေးတို့ဟာ မနှစ်ကလည်း ၁၂ ရက်ကြား စစ်ပွဲဖြစ်ခဲ့ဖူးပါတယ်။

လက်ရှိမှာတော့ ထရမ့်ရဲ့ အမိန့်အရ အမေရိကန်ဟာ ၂၀၀၃ ခုနှစ်၊ အီရတ်ကျူးကျော်စစ်နောက်ပိုင်း အရှေ့အလယ်ပိုင်း ဒေသမှာ စစ်အင်အား အများဆုံး ဖြန့်ကျက်နေပါတယ်။ အီရန်ကလည်း နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးလာတဲ့ တိုက်ခိုက်မှု မှန်သမျှကို အပြင်းအထန် လက်တုံ့ပြန်မယ်လို့ သတိပေးထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။