Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်အပေါ် တိုက်ခိုက်မှုတွေအတွက် အထူးစိုးရိမ်ကြောင်း တရုတ်ပြော

အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေး ပူးပေါင်း တိုက်ခိုက်မှုတွေအတွက် အထူးစိုးရိမ်ကြောင်း တရုတ် အစိုးရက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AP

အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေး ပူးပေါင်း တိုက်ခိုက်မှုတွေအတွက် အထူးစိုးရိမ်ကြောင်း တရုတ် အစိုးရက ပြောကြားခဲ့ပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရ အရာရှိက အီရန်ရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ လုံခြုံရေး၊ နယ်မြေ ထိန်းချုပ်မှုတွေကို လေးစားဖို့နဲ့ အီရန်အပေါ် စစ်ပြု တိုက်ခိုက်နေမှုတွေကို ချက်ချင်း ရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။

ပဋိပက္ခတွေ ဆက်ပြီး မြင့်တက်မလာအောင် ထိန်းသိမ်းဖို့၊ သံတမန်ရေး စေ့စပ်ဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့၊ အရှေ့အလယ်ပိုင်း ဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပြန်လည်ရရှိအောင် အားထုတ်ကြဖို့ တရုတ်အစိုးရ အနေနဲ့ အလေးအနက် တိုက်တွန်းကြောင်းလည်း သူက ပြောကြားသွားပါတယ်။

ဒါပေမဲ့လည်း ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ စတင်ခဲ့တဲ့ စစ်ပွဲဟာ မြန်မြန်ဆန်ဆန် အရှိန်မြင့်တက်လာသလို အီရန် အဓိပတိ အယာတိုလာ အလီ ခါမေနီလည်း သေဆုံးသွားပြီလို့ အီရန် အစိုးရက အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂဆိုင်ရာ တရုတ် သံအမတ်ကြီး ဖူကောင်းက စစ်ရေး ပဋိပက္ခတွေမှာ အရပ်သားတွေရဲ့ ဘေးကင်းမှုကို ကာကွယ်ရမယ်ဆိုတဲ့ စည်းကို မဖောက်ကြဖို့ အရမ်းအရေးကြီးကြောင်း၊ စစ်ဘက် အရပ်ဖက် မခွဲခြားဘဲ အင်အားသုံး တိုက်ခိုက်မှုတွေဟာ လက်ခံစရာ မဟုတ်ကြောင်း ပြောကြားခဲ့ပြီး နှစ်ဖက်စလုံးက နိုင်ငံတကာ ဥပဒေတွေနဲ့ လူသားချင်း စာနာမှု ဥပဒေတွေကို လေးစားကြဖို့ တိုက်တွန်းသွားပါတယ်။

အရှေ့အလယ်ပိုင်း ဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ကူညီမြှင့်တင်နိုင်ရေး နိုင်ငံတကာ အသိုက်အဝန်းနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်က အသင့်ရှိနေကြောင်းလည်း သူက ပြောကြားသွားပါတယ်။

တရုတ်ဟာ အီရန်နဲ့ နီးစပ်တဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ထားပြီး တိုက်ခိုက်ရေး ဒရုန်းအပါအဝင် စစ်လက်နက်တွေ ရောင်းချပေးထားသလို ဒုံးကျည်တွေ ရောင်းချရေးလည်း ဆွေးနွေးမှုတွေ ရှိနေခဲ့ကြောင်း သိရပါတယ်။

ကိုးကား: China Daily, BBC

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

Facebook