Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမြဲတမ်း စစ်တိုက်နေရရင်တောင်မှ အမေရိကန်မှာ လက်နက် ခဲယမ်း အလုံအလောက်ရှိတယ်လို့ ထရမ့်ပြော၊ အီရန်စစ်ပွဲတစ်လမပြည့်ခင် အဆုံးသတ်နိုင်တယ်လို့ ဆို

အမြဲတမ်း စစ်တိုက်နေရမယ် ဆိုရင်တောင် လုံလောက်တဲ့ လက်နက် ခဲယမ်း အင်အားမျိုး အမေရိကန်က စုဆောင်းထားပြီး ဖြစ်တယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - White House

မတ် – ၃ ၊၂၀၂၆

အမြဲတမ်း စစ်တိုက်နေရမယ် ဆိုရင်တောင် လုံလောက်တဲ့ လက်နက် ခဲယမ်း အင်အားမျိုး အမေရိကန်က စုဆောင်းထားပြီး ဖြစ်တယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အမေရိကန်မှာ သိုမှီးစုဆောင်းထားတဲ့ အလယ်အလတ်တန်းစားအဆင့်၊ ဒါမှမဟုတ် အဲဒီထက် နည်းနည်းပို အဆင့်မြင့်တဲ့ စစ်လက်နက် စနစ်တွေနဲ့ ခဲယမ်းမီးကျောက်တွေပဲ ထုတ်သုံးရင်တောင်မှာ ထာဝရ စစ်တိုက်နေလို့ ရတယ်လို့ ထရမ့်က လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။

တနည်းအားဖြင့် အမေရိကန်ဟာ အဲဒီလို စစ်လက်နက်တွေကို အကန့်အသတ်မရှိ ပိုင်ဆိုင်ထားတယ်လို့ ဆိုနိုင်ကြောင်း၊ အမေရိကန်ရဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေအတွက် အမေရိကန် စုဆောင်းထားတဲ့ စစ်လက်နက်တွေက အသင့်ဖြစ်နေစေကြောင်း ထရမ့်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ ဖြစ်ပွားနေတဲ့ အီရန်စစ်ပွဲက အဆုံးသတ်ဖို့ မလွယ်ဘဲ အရမ်းရှည်ကြာသွားနိုင်ကြောင်း ထောက်ပြမှုတွေ ထွက်ပေါ်လာချိန်မှာ ထရမ့်က အခုလို တုံ့ပြန်ခဲ့တာပါ။ အစောပိုင်းတုန်းကတော့ သူက အီရန်နဲ့ စစ်ပွဲကို သီတင်း လေးပတ် မပြည့်ခင် အဆုံးသတ်နိုင်စေလိမ့်မယ်လို့ ပြောကြားထားဖူးပါတယ်။

ထရမ့်က သူ့မတိုင်ခင် အမေရိကန် သမ္မတ ဘိုင်ဒန်ဟာ အမေရိကန် စုဆောင်းထားတဲ့ အဆင့်မြင့် စစ်လက်နက်တွေကို ယူကရိန်းဆီ အလွန်အကျွံ ထောက်ပံ့ခဲ့တယ်လို့လည်း စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။

ဘိုင်ဒန်အာဏာရနေခဲ့တဲ့ သက်တမ်းအတွင်း အမေရိကန် အစိုးရဟာ ယူကရိန်းအတွက် အရေးအကြီးဆုံး စစ်လက်နက် ထောက်ပံ့တဲ့ မဟာမိတ် နိုင်ငံအဖြစ် ရပ်တည်ခဲ့ပါတယ်။ ဘိုင်ဒန်က သူ့ရဲ့ လေး နှစ်ကြာ သမ္မတသက်တမ်း အဆုံးသတ်ခါနီး ကာလတွေမှာ အမေရိကန်ရဲ့ ATACMS တာဝေးပစ် ဒုံးကျည်တွေကို ရုရှားပိုင်နက်ထဲ လွတ်လွတ်လပ်လပ် အသုံးပြု ပစ်ခတ်ဖို့ကိုလည်း ယူကရိန်း အစိုးရဆီ ခွင့်ပြုပေးခဲ့ပါတယ်။

တူရကီ သတင်းဌာန Anadolu Ajansıရဲ့ အဆိုအရ အမေရိကန်ဟာ အီရန်စစ်ပွဲ ပထမဆုံးနေ့မှာတင် တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေ၊ ခရုစ်ဒုံးကျည်တွေ၊ ဒရုန်းတွေကို အလုံးအရင်း အသုံးပြုခဲ့ပြီး ၂၄ နာရီအတွင်း စစ်စရိတ် ဒေါ်လာ ၇၇၉ သန်းလောက် ခန့်မှန်းခြေ ကုန်ကျခဲ့ကြောင်း သိရပါတယ်။

ကိုးကား – BBC

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။