Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ညှိနှိုင်းဖို့ဆိုတာ အီရန်အတွက် သိပ်နောက်ကျသွားပြီလို့ ထရမ့်ပြော

အခုအချိန်မှ ညှိနှိုင်းချင်ရင်လည်း အီရန်အတွက် သိပ်နောက်ကျသွားပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဆိုပါတယ်။

ဓာတ်ပုံ - AP

အခုအချိန်မှ ညှိနှိုင်းချင်ရင်လည်း အီရန်အတွက် သိပ်နောက်ကျသွားပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဆိုပါတယ်။

အမေရိကန်နဲ့ အစ္စရေး ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်ခဲ့တာ ၃ ရက် ကျော်လွန်လာတဲ့နောက် ထရမ့်က အီရန်ဟာ အမေရိကန်နဲ့ စကားပြောဖို့ ကြိုးစားလာတယ်လို့ လူမှုကွန်ရက်ပေါ် ရေးသားထားခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ အီရန်အတွက် အချိန်နှောင်းခဲ့ပြီလို့ သူက မှတ်ချက်ပြုထားပါတယ်။

အီရန်ရဲ့ လေတပ်၊ လေကြောင်းကာကွယ်ရေး၊ ရေတပ်နဲ့ ခေါင်းဆောင်မှု အင်အား အားလုံးကို ဆုံးရှုံးသွားခဲ့ပြီဖြစ်ကြောင်း၊ အီရန်က ဆွေးနွေးချင်ပေမယ့် သူကတော့ သိပ်နောက်ကျသွားပြီလို့ ပြန်ပြောခဲ့ကြောင်း သူ့ကိုယ်ပိုင် လူမှုကွန်ရက် ပလက်ဖောင်းဖြစ်တဲ့ Turthမှာ ထရမ့်က ရေးသားထားခဲ့ပါတယ်။

မူလက အီရန်မှာ လုပ်ဆောင်မယ့် စစ်ဆင်ရေးဟာ သီတင်းလေးပတ်လောက်ပဲ ကြာမယ်လို့ သူကိုယ်တိုင် ခန့်မှန်းဖူးပေမယ့် အမေရိကန်ဟာ လေးငါးပတ်စာ စစ်ပွဲထက် ပိုပြီး အချိန်ယူဖို့ ပြင်ဆင်ထားပြီး ဖြစ်တယ်လို့လည်း ထရမ့်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ စစ်မြေပြင် အခြေအနေအရတော့ အစ္စရေးနဲ့ အမေရိကန်တို့ဟာ အီရန်ရဲ့ စစ်ရေးပစ်မှတ်တွေကို အပြင်းအထန် ဆက်လက် ချေမှုန်းနေသလို အီရန်ကလည်း အမေရိကန် မဟာမိတ် အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေနဲ့ အစ္စရေး ပိုင်နက်ထဲက စစ်စခန်းတွေ၊ တခြား အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး ဒရုန်းတွေ၊ ဒုံးကျည်တွေ အလုံးအရင်း ပစ်ခတ်နေပါတယ်။

စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်း တနံတလျားမှာ လူအသေအပျောက်တွေလည်း များပြားနေပြီး အီရန် လခြမ်းနီ အသင်းက ပြည်တွင်းမှာ အနည်းဆုံး ၇၈၇ ဦးထိ စစ်ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ထရမ့်က အီရန်ကို စစ်တိုက်ဖို့ သူ့ကို အစ္စရေးက အပူတပြင်း ဖိအားပေး တောင်းဆိုခဲ့တယ်ဆိုတဲ့ ထင်ကြေးတွေကို ပယ်ချသွားခဲ့ပါတယ်။ အီရန်နဲ့ ပတ်သက်လို့ သူအစိုးရိမ်ဆုံးက သေဆုံးသွားပြီဖြစ်တဲ့ အဓိပတိ အယာတိုလာ အလီ ခါမေနီလိုပဲ ဆိုးရွားတဲ့ နောက်ထပ်လူပုဂ္ဂိုလ်တစ်ဦးက အီရန်ကို ထပ်ပြီး ဦးဆောင်လာမယ့် အခြေအနေ ဖြစ်တယ်လို့လည်း ထရမ့်က ပြောပါတယ်။

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေ အရတော့ အီရန်ဟာ အစ္စရေးနဲ့ အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့တဲ့ ခါမေနီရဲ့ နေရာမှာ သူ့ရဲ့ ဒုတိယ သားဖြစ်တဲ့ မော့ဂျ်တာဘာ ခါမေနီကို ဆက်ခံစေဖို့ ရွေးချယ်ပြီးပြီလို့ ယုံကြည်ရပါတယ်။

အမေရိကန်နဲ့ အစ္စရေးရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို ခံနေရတဲ့တိုင် အီရန် အစိုးရကတော့ နိုင်ငံရဲ့ စစ်တပ်ဟာ ကျူးကျော်သူတွေကို အလျှော့မပေးစတမ်း ခုခံနေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သလို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနဲ့ စစ်ပွဲကို ရပ်ဆိုင်းစေရေး ကြားဝင်ညှိနှိုင်းပေးဖို့ တောင်းဆိုထားပါတယ်။

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က အီရန်အနေနဲ့ ငရဲတံခါးကို ပိုပြီးကျယ်ကျယ်ဖွင့်ပေးသွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကို အရှုံးပေးဖို့ အလွန်အကျွံ ဖိအားပေးတဲ့ ဘယ်လို လုပ်ရပ်မျိုးမှ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ အမေရိကန်နဲ့ အစ္စရေးကို ရည်ရွယ်ပြီး အီရန် သမ္မတက သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ်ရေလက်ကြားကိုသာအမေရိကန်ကဆက် ပြီး ပိတ်ဆို့ထားမယ်ဆိုရင်ပါရှန်းပင်လယ်ကွေ့၊ ပင်လယ်နီ နဲ့ အိုမန်ပင်လယ်ထဲကရေကြောင်းသွားလာမှုတွေ လုံခြုံရေးကို အီရန်ကအာမခံမှာ မဟုတ်ဘူးလို့ အီရန်ရဲ့ စစ်ဦးစီးအရာရှိချုပ်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပစိဖိတ် သမုဒ္ဒရာ အရှေ့ပိုင်း ရေပြင်မှာ လှေတစ်စီးကို တိုက်ခိုက် နှစ်မြှုပ်ခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့ကြောင်း အမေရိကန် စစ်တပ်က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ဆွေးနွေးမှုတွေ အခုသီတင်းပတ်ထဲမှာ ပြန်စနိုင်ခြေ ရှိတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။