Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လူ​ယုံဖြစ်သူပြည်တွင်းလုံခြုံရေးဝန်ကြီးကို ထရမ့် ရာထူးကနေ ဖယ်ရှား

သူ့ရဲ့ အနီးကပ်ဆုံး လူယုံတစ်ဦးလည်းဖြစ်တဲ့ ခရစ္စတီ နိုအမ်ကို ပြည်တွင်းလုံခြုံရေး ဝန်ကြီး ရာထူးကနေ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဖယ်ရှားလိုက်ပါတယ်။

ဓာတ်ပုံ - AP

မတ် – ၆ ၊၂၀၂၆

သူ့ရဲ့ အနီးကပ်ဆုံး လူယုံတစ်ဦးလည်းဖြစ်တဲ့ ခရစ္စတီ နိုအမ်ကို ပြည်တွင်းလုံခြုံရေး ဝန်ကြီး ရာထူးကနေ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဖယ်ရှားလိုက်ပါတယ်။

အစိုးရ အဖွဲ့ထဲမှာ အရေးအကြီးဆုံး ဝန်ကြီးရာထူး နေရာတွေထဲက တစ်ခုဖြစ်တဲ့ ပြည်တွင်းလုံခြုံရေး ဝန်ကြီးနေရာမှာ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် မတ်ခ်ဝိန်း မူလင်ကို ထရမ့်က မတ်လ ၅ ရက်နေ့မှာ အစားထိုး ခန့်အပ်ခဲ့ပါတယ်။

ထရမ့်ကတော့ နိုအမ်ကို ဝန်ကြီးရာထူးက ဖြုတ်လိုက်တယ်လို့ မသုံးနှုန်းဘဲ အမေရိက ဒိုင်းများ (Shield of the Americas)လို့ နာမည်ပေးထားတဲ့ လုံခြုံရေး အစီအမံသစ် တစ်ခုကို ဦးဆောင်ဖို့ ပြောင်းလဲ တာဝန်ပေးလိုက်တာ ဖြစ်တယ်လို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။ အဲဒီ အစီအမံဟာ အနောက်ကမ္ဘာခြမ်း နိုင်ငံတွေရဲ့ လုံခြုံရေးအတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – AP

ဝန်ထမ်းနေရာ ခန့်အပ်မှု အပြောင်းအလဲဟာ မတ်လ ၃၁ ရက်နေ့မှာ စတင် အသက်ဝင်မှာဖြစ်ကြောင်းလည်း ထရမ့်က ဆိုပါတယ်။ ဒါဟာ သူ့ရဲ့ အမေရိကန် သမ္မတ ဒုတိယ သက်တမ်းမှာ အစိုးရ အဖွဲ့တွင်း ရာထူးခန့်အပ်မှု နေရာမှာ ပထမဆုံးအကြိမ် ကြီးကြီးမားမား အပြောင်းအလဲ ဖြစ်လာတာပါ။

ထရမ့်က နိုအမ်ဟာ သူ့ရဲ့ အစိုးရဝန်ကြီး ရာထူးမှာ အကောင်းဆုံး တာဝန် ထမ်းဆောင်ခဲ့ပြီး အထူးသဖြင့် နယ်စပ်အရေး ကိုင်တွယ်မှုတွေမှာ ထူးခြားကောင်းမွန်တဲ့ ရလဒ်တွေ ယူဆောင်ပေးနိုင်ခဲ့တယ်လို့လည်း ချီးကျူးခဲ့ပါတယ်။

ဒါပေမဲ့ တဖက်မှာတော့ နိုအမ်ရဲ့ လက်အောက်မှာရှိတဲ့ အကောက်ခွန်နဲ့ လူဝင်မှု ကြီးကြပ်ရေးဌာန အေးဂျင့်တွေက မင်နီယာပိုးလစ် မြို့ထဲမှာ အမေရိကန် နိုင်ငံသား နှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ကိစ္စကို အကြောင်းပြုပြီး နိုအမ်အပေါ် ဖိအားတွေ အများကြီး ရှိနေခဲ့ပါတယ်။

ထရမ့်က နိုအမ်ကို ချီးကျူးထားပေမယ့် အိမ်ဖြူတော် အရာရှိ တစ်ယောက်ကတော့ သမ္မတရဲ့ အဆိုနဲ့ အရမ်းခြားနားတဲ့ မှတ်ချက်တစ်ခုကို ပေးသွားခဲ့ပါတယ်။ သူက နိုအမ်ဟာ သူ့ရဲ့ ကံမကောင်း အကြောင်းမလှခဲ့တဲ့ ခေါင်းဆောင်မှု အားနည်းချက်တွေကြောင့် ထုတ်ပယ်ခံခဲ့ရတာလို့ NBC သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။

နိုအမ်ဟာ ထရမ့်ရဲ့ အငြင်းပွားစရာ အကောင်းဆုံး လူဝင်မှု ကြီးကြပ်ရေး မူဝါဒ တချို့ကို အကောင်အထည် ဖော်ရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ မကြာသေးခင်က လူဝင်မှု ကြီးကြပ်ရေး မူဝါဒဆိုင်ရာ လွှတ်တော် ကြားနာမှုမှာ ဒီမိုကရက်တစ် ပါတီဝင် အမတ်တွေက နိုအမ်ကို ဝိုင်းဝန်း ဝေဖန် ထိုးနှက်ခဲ့ကြသလို သူ့ကို ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုတာတွေလည်း ရှိလာခဲ့ပါတယ်။

အမေရိကန်မှာ အစိုးရ ဘတ်ဂျတ် ညှိနှိုင်းမှု အဆင်မပြေသေးဘဲ အစိုးရ ယန္တရားတချို့ ဆိုင်းငံ့ထားရတဲ့ အခြေအနေမှာ ပြည်တွင်း လုံခြုံရေး ဝန်ကြီးဌာနရဲ့ လည်ပတ်မှု အစိတ်အပိုင်းတွေကိုလည်း ဆိုင်းငံ့ထားရပါတယ်။ အဲဒီလို ကာလမျိုးမှာ နိုအမ်က ရာထူးကနေ ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုးကား – Sky

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သတင်းဌာန ၃ ခုကို အိမ်ဖြူတော်ထဲ ဝင်ရောက် သတင်းယူခွင့် ပိတ်ခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို အမေရိကန်ရဲ့ အထင်ကရ ရုပ်မြင်သံကြား ကွန်ရက်တွေ စုပေါင်းပြီး သပိတ်မှောက်ကြပါတယ်။

သတင်းဆောင်းပါး

အမေရိကန်ရုပ်သံလိုင်းများကလည်း 'ထရမ့်'သတင်းတိုက်ရိုက်ထုတ်လွှင့်မှုရပ်ဆိုင်း

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Facebook