Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား လုံခြုံရေးအတွက် မဟာမိတ်တွေနဲ့ ပူးပေါင်း စီစဉ်နေတယ်လို့ ပြင်သစ်သမ္မတပြော

ကမ္ဘာ့ရေနံတင်ပို့မှုမှာ အဓိက အကျဆုံး မဟာဗျူဟာ ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ထားနိုင်ဖို့ မဟာမိတ် နိုင်ငံတွေနဲ့ ပူးပေါင်းပြီး ခံစစ်အားပြု စစ်ရေးမစ်ရှင်တစ်ခု စီစဉ်နေကြောင်း ပြင်သစ် သမ္မတက ပြောကြားလိုက်ပါတယ်။

(ပြင်သစ်ရေတပ်ရဲ့ လေယာဉ်တင် သင်္ဘောကြီး Charles de Gaulle ။ဓါတ်ပုံ-French Navy)

မတ်-၁၀၊၂၀၂၆။People’s Spring

ကမ္ဘာ့ရေနံတင်ပို့မှုမှာ အဓိက အကျဆုံး မဟာဗျူဟာ ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ထားနိုင်ဖို့ မဟာမိတ် နိုင်ငံတွေနဲ့ ပူးပေါင်းပြီး ခံစစ်အားပြု စစ်ရေးမစ်ရှင်တစ်ခု စီစဉ်နေကြောင်း ပြင်သစ် သမ္မတက ပြောကြားလိုက်ပါတယ်။

အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲ ဒုတိယရက်သတ္တပါတ်ထဲရောက်လာပြီးနောက် ဟောမုဇ် ရေလက်ကြားကို အနှောင့်အယှက်ကင်းကင်း ပြန်ဖွင့်ထားနိုင်ရေးက အထူးအရေးကြီးတဲ့ လိုအပ်ချက်တစ်ခု ဖြစ်လာပြီလို့ မတ်လ ၉ ရက်နေ့မှာ သမ္မတ အီမန်နျူရယ်လ် မာခရွန်က ပြောကြားခဲ့ပါတယ်။

အဲဒီရေလက်ကြားဟာအီရန်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းနဲ့ ဆက်စပ် တည်ရှိနေပြီး အီရန်က ဟောမုဇ်ကို ဖြတ်သန်းသွားတဲ့ သင်္ဘောတွေကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဆိုက်ပရပ်စ်ကျွန်းကို သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာတော့ မာခရွန်က ပြင်သစ် စစ်သင်္ဘောတွေဟာ ရေလက်ကြားကို ဖြတ်သန်းမယ့် ကုန်တင်သင်္ဘော၊ ရေနံတင် သင်္ဘောတွေကို ခြံရံ လိုက်ပါ စောင့်ရှောက်ပေးပြီး နောက်ဆုံးမှာ ရေလက်ကြားကို ပုံမှန် အခြေအနေအတိုင်း ပြန်ဖွင့်နိုင်တဲ့ အဆင့်ထိ ရောက်ရှိအောင် ဆောင်ရွက်ပေးဖို့ ရည်ရွယ်ထားကြောင်း ပြောကြားသွားပါတယ်။

အရေးကြီးတာက စစ်ပွဲရဲ့ အပြင်းထန်ဆုံး ကာလတွေမှာအဲဒီရေလက်ကြားဖြတ်သန်းမှုတွေကို ဘေးကင်းအောင် ကာကွယ်ဖို့ ဖြစ်တယ်လို့ မာခရွန်က ဆိုပါတယ်။ အဲဒီ ရေလမ်းကြောင်းဟာ နိုင်ငံတကာ ကုန်သွယ်မှု၊ ဓာတ်ငွေ့နဲ့ ရေနံတွေ ဖြတ်သန်း သယ်ယူမှုအတွက် အရမ်းအရေးကြီးကြောင်း၊ အရှေ့အလယ်ပိုင်းက ရေနံတွေဟာ ဟောမုဇ်ကို ပြန်လည် ဖြတ်သန်းနိုင်ဖို့ လိုအပ်ကြောင်း ပြင်သစ် သမ္မတက ပြောပါတယ်။

ပြင်သစ်ရေတပ်ရဲ့ လေယာဉ်တင် သင်္ဘောကြီး Charles de Gaulleဟာ အခုအခါမြေထဲပင်လယ်ဆီခုတ်မောင်းနေပြီးပြင်သစ် အနေနဲ့ ဥရောပရော၊ ဥရောပက မဟုတ်တဲ့ မိတ်ဖက်တွေနဲ့ပါ ပူးပေါင်းပြီး အရှေ့အလယ်ပိုင်းဒေသ ရေနံတင်ပို့မှု လမ်းကြောင်းတွေကို ကာကွယ်စောင့်ရှောက်ဖို့ စီစဉ်နေတယ်လို့ မာခရွန်က ဆိုပါတယ်။

ဆိုက်ပရပ်စ် သမ္မတ နစ်ကော့စ် ခရစ္စတိုဒူလီဒက်စ်၊ ဂရိဝန်ကြီးချုပ် ကိုင်ရီရာကော့စ် မစ်ဆိုတိုကစ်တို့နဲ့ တွေ့ဆုံချိန်မှာ မာခရွန်က အဲဒီ ရည်ရွယ်ထားတဲ့ မစ်ရှင်ရဲ့ ရည်ရွယ်ချက်ဟာ ကာကွယ်ရေးနဲ့ ရေလမ်းကြောင်းလုံခြုံရေးသီးသန့်စာဖြစ်စေမယ်လို့လည်းအလေးအနက်ပြောကြားခဲ့ပါတယ်။

ဥရောပ သမဂ္ဂ (EU)ကလည်း အရှေ့အလယ်ပိုင်းဒေသ ရေလမ်းကြောင်းတွေဘေးကင်းရေးအတွက် အကာအကွယ်ပေးမယ့် စစ်ဆင်ရေးတွေကို ပိုမို တိုးမြှင့်ဖို့ စီစဉ်နေတယ်လို့ ကြေညာခဲ့ပါတယ်။

ပြင်သစ် အစိုးရ ရုံးစိုက်ရာ အီလီဇေ နန်းတော်ရဲ့ အဆိုအရ မတ်လ ၉ ရက်နေ့မှာ သမ္မတ မာခရွန်ဟာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုနဲ့လည်း ဆက်သွယ်ပြီး အရှေ့အလယ်ပိုင်းနဲ့ လက်ဘနွန်မှာ အစ္စရေး ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေ ကိစ္စကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ကိုးကား-France 24

ဆက်စပ်သတင်းများ

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဝမ်ပေါင်က ကြေးနီတွေသယ်လာတဲ့ စစ်ယာဥ်တန်းတွေ ဖြတ်သန်းလာလို့ လုံခြုံရေးတင်းကြပ်ထားပြီး လမ်းပိတ်ဆို့မှုတွေပါ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ကလေးတစ်ဦးက ထိုင်ခုံမှာထိုင်ပြီး လုံခြုံရေးခါးပတ် ပတ်ထားဖို့ ငြင်းဆိုနေခဲ့တာကြောင့် ကနေဒါ လေကြောင်း ခရီးစဉ် တစ်ခုကို ရွှေ့ဆိုင်းခဲ့ခြင်းက အငြင်းပွားစရာ အခြေအနေတွေ ဖြစ်လာစေခဲ့ပါတယ်။