Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရတ်မှာ အမေရိကန် ဆီဖြည့်လေယာဉ် ပျက်ကျ၊ ကယ်ဆယ်ရေး လုပ်ဆောင်နေ

အမေရိကန် လေတပ်ရဲ့ ဝေဟင်မှာ ဆီဖြည့်တဲ့ လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ အပူတပြင်း စတင်နေကြောင်း အမေရိကန် စစ်ရေးဗဟို ကွပ်ကဲမှုဌာန (CENTCOM)က ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် လေတပ်ရဲ့ ဝေဟင်မှာ ဆီဖြည့်တဲ့ လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ အပူတပြင်း စတင်နေကြောင်း အမေရိကန် စစ်ရေးဗဟို ကွပ်ကဲမှုဌာန (CENTCOM)က ထုတ်ပြန်ခဲ့ပါတယ်။

KC-135 အမျိုးအစား လေယာဉ်ဟာ မတ်လ ၁၂ ရက်နေ့က အီရတ်နိုင်ငံ အနောက်ပိုင်းမှာ ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ဟာ ရန်သူက ပစ်ချတာ၊ ဒါမှမဟုတ် အချင်းချင်း မှားပစ်တာမျိုး ကြုံခဲ့ရတာ မဟုတ်ဘူးလို့ CENTCOMက ပြောပါတယ်။

လေယာဉ်ပျက်ကျမှုမှာ ထိခိုက်သေဆုံးမှုတွေ ရှိသလား ဆိုတာကိုလည်း မသိရသေးပါဘူး။ အမည်မဖော်လိုသူ စစ်ဘက် အရာရှိ တစ်ဦးကတော့ လေယာဉ်ပေါ်မှာ အနည်းဆုံး အမှုထမ်း ၅ ဦး လိုက်ပါသွားတယ်လို့ ပြောကြားခဲ့ပါတယ်။

အီရန်နဲ့ တိုက်ခိုက်နေတဲ့ စစ်ပွဲ အရှိန်အဟုန် ပိုမြင့်လာတာနဲ့အမျှ အမေရိကန်ဟာ အရှေ့အလယ်ပိုင်း ဒေသတဝိုက်မှာ လေယာဉ် အရေအတွက် အလုံးအရင်း ဖြန့်ကျက်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

CENTCOMရဲ့ ကြေညာချက်မှာတော့ KC-135 ဆီဖြည့်လေယာဉ် ပျက်ကျပြီးတဲ့နောက် ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေကြောင်း၊ နောက်ထပ် လေယာဉ်တစ်စီးကတော့ မြေပြင်ကို ချောချောမွေ့မွေ့ ဆင်းသက်နိုင်ခဲ့ကြောင်း ဖော်ပြ ပါရှိခဲ့ပါတယ်။ အဲဒီ လေယာဉ်တွေဟာ အီရန်ကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးအတွင်း ပါဝင်လှုပ်ရှားနေတာလို့လည်း CENTCOMရဲ့ ထုတ်ပြန်ချက်မှာ အတည်ပြုထားပါတယ်။

အီရန်မှာ ဆင်နွှဲနေတဲ့ Epic Fury စစ်ဆင်ရေးအတွင်း မဟာမိတ်နိုင်ငံ လေပိုင်နက်ထဲမှာ အခုကိစ္စ ပေါ်ပေါက်ခဲ့ကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းတွေ ချက်ချင်း ဆောင်ရွက်နေကြောင်း CENTCOMက ဆိုပါတယ်။

ဒါဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စတင်တဲ့ စစ်ပွဲနောက်ပိုင်း အမေရိကန်ရဲ့ စတုတ္ထမြောက် စစ်လေယာဉ် ဆုံးရှုံးမှု ဖြစ်လာပါတယ်။ စစ်ပွဲကာလ အစောပိုင်းတုန်းကလည်း မဟာမိတ် ကူဝိတ်လေတပ်က အမေရိကန်ရဲ့ F-15 တိုက်လေယာဉ် သုံးစီးကို ရန်သူပစ်မှတ်အဖြစ် မှားယွင်း ပစ်ချမိခဲ့ပါတယ်။ အဲဒီတုန်းကတော့ လေယာဉ်မှူး ၆ ဦးစလုံး လေထီးနဲ့ ဘေးကင်းကင်း ခုန်ထွက်နိုင်ခဲ့ကြပါတယ်။

အီရန်စစ်ပွဲအတွင်း အမေရိကန် တပ်ဖွဲ့ဝင် အသေအပျောက်ကတော့ ၇ ဦးထိ ရှိထားပြီး ၁၅၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ အီရန်ဖက်မှာတော့ အသေအပျောက် ၁၃၀၀ ကျော်သွားပြီလို့ ကုလသမဂ္ဂဆိုင်ရာ အီရန် သံအမတ်က ပြောပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရော၊ ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ကပါ အမေရိကန် တပ်ဖွဲ့ဝင်တွေ အသေအပျောက် တိုးလာနိုင်ခြေ ရှိနေကြောင်း သတိပေးထားပါတယ်။ အီရန်ဟာ စစ်ပွဲကို ရနိုင်သမျှ ဆက်တိုက်ရင်း စစ်ပွဲမပြီးခင် အမေရိကန် စစ်သည်တွေကို ရနိုင်သလောက် သတ်ပစ်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ဟက်ဂ်ဆက်သ်က ပြောကြားထားပါတယ်။

ကိုးကား: Guardian

ဓာတ်ပုံ – Getty Images

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို ပိတ်ဆို့ထားတဲ့ အစီအစဉ်အတွက် အမေရိကန်ဟာ လေယာဉ်တင် သင်္ဘောတွေနဲ့ လေကြောင်း စစ်ဆင်ရေး အားသာချက်တွေကို ထိထိရောက်ရောက် အသုံးပြုဖွယ် ရှိနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန် ဆိပ်ကမ်းတွေကို ပစ်မှတ်ထားတဲ့ ဟောမုဇ် ရေလက်ကြား ပိတ်ဆို့မှုကို အမေရိကန်က စတင်ခဲ့တဲ့နောက် အီရန်ကလည်း လက်စားချေ တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အမေရိကန်က ပိတ်ဆို့လိုက်ပြီးတဲ့နောက် လာမယ့် သီတင်းပတ် တချို့အတွင်း ရေနံစျေးတွေ အမြင့်ဆုံးထိ ဆက်ပြီး တက်လာနိုင်ကြောင်း အမေရိကန် စွမ်းအင် ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အမေရိကန် ပိတ်ဆို့မှုမှာ ပူးပေါင်း ပါဝင်ကြဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ တောင်းဆိုမှုကို NATO စစ်မဟာမိတ် နိုင်ငံတွေက ငြင်းဆိုခဲ့ပါတယ်။