Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်တဝိုက်မှာ တရုတ် စစ်လေယာဉ်တွေ ပျံသန်းမှု နှစ်ပတ်နီးပါး လုံးဝ ပျောက်ကွယ်နေခဲ့

ထိုင်ဝမ်နိုင်ငံ တဝိုက်မှာ တရုတ် စစ်လေယာဉ်တွေရဲ့ ပုံမှန် ပျံသန်းမှုတွေဟာ နှစ်ပတ်လောက်ကြာအောင် ထူးထူးခြားခြား ပျောက်ကွယ်နေခဲ့ကြောင်း သိရပါတယ်။

ထိုင်ဝမ်နိုင်ငံ တဝိုက်မှာ တရုတ် စစ်လေယာဉ်တွေရဲ့ ပုံမှန် ပျံသန်းမှုတွေဟာ နှစ်ပတ်လောက်ကြာအောင် ထူးထူးခြားခြား ပျောက်ကွယ်နေခဲ့ကြောင်း သိရပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်ရေးအရ တိုက်ခိုက် သိမ်းယူမယ်လို့ပါ ခြိမ်းခြောက်ထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ထိုင်ဝမ်တဝိုက်မှာ စစ်လေယာဉ်၊ စစ်ရေယာဉ်တွေကိုလည်း မကြာခဏ အင်အားပြ ပျံသန်းစေ၊ ခုတ်မောင်းစေခဲ့ပါတယ်။

ထိုင်ဝမ်ရဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေဟာ လေပိုင်နက်နား ချဉ်းကပ်လာတဲ့ တရုတ် တိုက်လေယာဉ်တွေ၊ ကင်းလှည့်လေယာဉ်တွေရဲ့ ပျံသန်းမှု လမ်းကြောင်းကို စောင့်ကြည့်ရတာဟာ နေ့စဉ် အလုပ်တစ်ခုလို ဖြစ်လာခဲ့ပါတယ်။ တချို့နေ့တွေမှာ တရုတ် စစ်လေယာဉ်တွေ အရေအတွက် အများအပြား ထိုင်ဝမ်တဝိုက်မှာ အင်အားပြ ပျံသန်းလေ့ ရှိပါတယ်။

ဒါကြောင့်လည်း လွန်ခဲ့တဲ့ နှစ်ပတ်လောက်အတွင်း ထိုင်ဝမ်တဝိုက်မှာ တရုတ် စစ်လေယာဉ်တွေ ပျောက်ချင်းမလှ ပျောက်ကုန်တဲ့အခါ ထိုင်ဝမ် စစ်တပ်အတွက် ဇဝေဇဝါ အခြေအနေတွေ ဖြစ်ပေါ်လာစေပါတယ်။ မတ်လ ၁၂ ရက်နေ့ကျမှသာ တရုတ်စစ်တပ်ဖြစ်တဲ့ ပြည်သူ့ လုံခြုံရေးတပ် (PLA)ရဲ့ လေယာဉ် ၅ စီးကို ထိုင်ဝမ် ရေလက်ကြားနား ပျံသန်းနေတာကို ထိုင်ဝမ်က ပြန်လည် ထောက်လှမ်း တွေ့ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ် တိုက်လေယာဉ်တွေက ထိုင်ဝမ်တဝိုက်မှာ နှစ်ပတ်လောက် ပျောက်ကွယ်နေခဲ့တယ် ဆိုတာဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အဲဒီလို အခြေအနေမျိုးကို အချိန်အကြာဆုံး တွေ့မြင်ရခြင်း ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

၂၀၂၀ ကစလို့ ကျွန်းတဝိုက်မှာ တရုတ် စစ်လေယာဉ်တွေရဲ့ လှုပ်ရှားမှု မှတ်တမ်းတွေကို ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ပုံမှန် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ မှတ်တမ်းတွေအရ တရုတ် စစ်လေယာဉ်တွေရဲ့ လှုပ်ရှားမှုဟာ တိုးသထက် တိုးလာတာပဲ ရှိခဲ့ပြီး အခုလိုမျိုး နှစ်ပတ်လောက် အစအန ပျောက်နေတယ်ဆိုတာ မကြုံစဖူး ကိစ္စဖြစ်ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့ကစလို့ ထိုင်ဝမ်တဝိုက်မှာ တရုတ် စစ်လေယာဉ်တွေ ချဉ်းကပ်ပျံသန်းတာမျိုး မရှိဘဲ ၁၃ ရက်ကြာ အသံတိတ်နေခဲ့တာလို့ ဆိုပါတယ်။ ဒါဟာ အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အီရန်စစ်ပွဲနဲ့ ဆက်စပ်မှု တစ်ခုခု ရှိသလား ဆိုတာကိုလည်း မသိရပါဘူး။ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို ပူးပေါင်းတိုက်ခိုက်ရာက ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ စစ်ပွဲ စတင်လာခဲ့ပါတယ်။

မတ်လ ၆ ရက်နေ့တုန်းက တရုတ် စစ်လေယာဉ် နှစ်စီးကို ထိုင်ဝမ်အနောက်တောင်ပိုင်းမှာ ထောက်လှမ်း တွေ့ရှိခဲ့ပေမယ့် နိုင်ငံ လေပိုင်နက်အပြင်ဖက် လေကြောင်းကာကွယ်ရေးဇုန် သတ်မှတ်ထားတဲ့ ဧရိယာရဲ့ အစွန်းဖက် ခပ်ဝေးဝေးမှာလို့ သိရပါတယ်။

တရုတ်စစ်လေယာဉ်တွေ ပျောက်ဆုံးနေခဲ့တဲ့ ကာလအတွင်း တရုတ်ရေတပ် သင်္ဘောတွေကတော့ ထိုင်ဝမ်ကျွန်း တဝိုက်မှာ ပုံမှန်ပဲ လှုပ်ရှားနေခဲ့ပါတယ်။ ကောင်းကင်ယံမှာ အံ့ဩစရာ ကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့တဲ့တိုင် အဲဒီကာလအတွင်း တရုတ် စစ်သင်္ဘော တော်တော်များများရဲ့ ခုတ်မောင်းမှုကို ခြေရာခံ တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန် ကူးက အတည်ပြုသွားခဲ့ပါတယ်။

ကိုးကား: CNN

ဓာတ်ပုံ – Xinhua

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။