Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းသင်္ဘော တိုက်ခိုက်ခံရမှုကို ​​လူမှုကွန်ယက်မှာ​တင်ခဲ့တဲ့ပုံနဲ့စာဟာ လှောင်ပြောင်ဖို့ မရည်ရွယ်ခဲ့ကြောင်း အီရန် သံရုံး​ပြန်​ဖြေရှင်း

ရေယာဉ် တိုက်ခိုက်ခံရမှုအပြီး အသက်ရှင် လွတ်မြောက်ခဲ့တဲ့ ထိုင်းသင်္ဘောသား တစ်ဦးရဲ့ ဓာတ်ပုံကို ရယ်စရာသဘော ပုံညွှန်းစာနဲ့ လူမှုကွန်ရက်ပေါ် မျှဝေခဲ့တဲ့ လုပ်ရပ်အပေါ် တောင်အာဖရိက နိုင်ငံဆိုင်ရာ အီရန်သံရုံးက ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

ရေယာဉ် တိုက်ခိုက်ခံရမှုအပြီး အသက်ရှင် လွတ်မြောက်ခဲ့တဲ့ ထိုင်းသင်္ဘောသား တစ်ဦးရဲ့ ဓာတ်ပုံကို ရယ်စရာသဘော ပုံညွှန်းစာနဲ့ လူမှုကွန်ရက်ပေါ် မျှဝေခဲ့တဲ့ လုပ်ရပ်အပေါ် တောင်အာဖရိက နိုင်ငံဆိုင်ရာ အီရန်သံရုံးက ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

မတ်လ ၁၁ ရက်နေ့တုန်းက ထိုင်းကုန်တင်သင်္ဘော တစ်စီးဖြစ်တဲ့ Mayuree Nareeဟာ အီရန်က ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားနားက အိုမန်ကမ်းလွန် ရေပြင်မှာ အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် ပေါက်ကွဲ မီးလောင်မှုတွေ ဖြစ်ခဲ့ပါတယ်။ အီရန်က အဲဒီတိုက်ခိုက်မှုကို ကျူးလွန်ကြောင်း အတည်ပြုခဲ့ပြီး ထိုင်းရေယာဉ်က ဟန့်တားမှုကို မနာခံဘဲ ရှေ့ဆက်တိုးလာလို့ ပစ်ခတ်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

နောက်တော့ မီးလောင်နေတဲ့ သင်္ဘောကို နောက်ခံထားပြီး အသက်ကယ်လှေပေါ် ရှိနေတဲ့ ထိုင်းသင်္ဘောသားတစ်ဦး ရိုက်ကူးထားတဲ့ ဓာတ်ပုံကို အီရန်သံရုံးက လူမှုကွန်ရက် မီဒီယာ Xမှာ အငြင်းပွားစရာ ဖြစ်စေမယ့် ပုံညွှန်းစာနဲ့အတူ ဝေမျှထားခဲ့ပါတယ်။ အဲဒီစာထဲမှာတော့ “ကားတိုက်ပြီးတဲ့နောက် ဖေဖေ ဟောမုဇ် ရေလက်ကြားကြောင့် အိမ်ပြန်ရမှာ အရမ်းကြောက်နေသောအခါ”လို့ ရေးသားထားခဲ့ပါတယ်။

ဒီကိစ္စဟာ ထိုင်းပြည်သူတွေကို အကြီးအကျယ် ဒေါသထွက်စေခဲ့ပြီး စစ်ရေးတိုက်ခိုက်မှု တစ်ခုအတွင်း ထိုင်းနိုင်ငံသားတွေ ကြားညပ်နေခဲ့တာကို လှောင်ပြောင်တဲ့ လုပ်ရပ်လို့ ဝေဖန်လာခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

မတ်လ ၁၃ ရက်နေ့မှာတော့ သံရုံးက နောက်ဆက်တွဲ ဖြေရှင်းတဲ့ ပို့စ်တစ်ခု တင်ထားခဲ့ပြီး ဓာတ်ပုံရဲ့ ပုံညွှန်းစာဟာ ဟာသသဘော သက်သက်သာဖြစ်ပြီး ထိုင်းပြည်သူတွေကို လှောင်ပြောင်လိုစိတ် မရှိတဲ့အကြောင်း ဖော်ပြထားပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ထိုင်းသင်္ဘောသား ၂၀ က အသက်ရှင် လွတ်မြောက်ခဲ့ပေမယ့် ၃ ဦး ပျောက်ဆုံးနေပါတယ်။ အီရန် သံရုံးက အဲဒီ ပျောက်ဆုံးနေသူ ၃ ဦးကိုလည်း အစ္စရေး၊ အမေရိကန် ပူးပေါင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အီရန်ပြည်သူ ၁၅၀၀ ကျော်နဲ့ထပ်တူ တန်ဖိုးထားပါကြောင်းလည်း ရေးသားထားပါတယ်။

အီရန်အစိုးရက ပေးချင်တဲ့ သတင်းစကားကတော့ အရမ်းရှင်းလင်းကြောင်း၊ လက်ရှိ အခြေအနေမှာ အီရန်နဲ့ ဆက်သွယ် ညှိနှိုင်းမှု မပါဘဲ ဘယ်သူမှ ဟောမုဇ်ရေလက်ကြားကို မဖြတ်သင့်ကြောင်းလည်း သံရုံးရဲ့ ပို့စ်မှာ ဖော်ပြပါရှိခဲ့ပါတယ်။

ထိုင်းအလံ လွှင့်ထူထားတဲ့ သင်္ဘောကို တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်အတွက် အီရန်ဆီက ရှင်းလင်းမှုနဲ့ တောင်းပန်မှုကို ထိုင်းအစိုးရက တောင်းဆိုထားကြောင်းလည်း သိရပါတယ်။

ကိုးကား: Nation

ဓာတ်ပုံ – The Nation, Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပနေတဲ့ ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲကို စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခကို အဆုံးသတ်ဖို့ အီရန်နဲ့ အမေရိကန်ကြား သဘောတူညီမှု ရရှိသွားပြီလို့ နှစ်ဖက်စလုံးက အသီးသီး ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ အမေရိကန်ကြား စစ်ပြေငြိမ်းရေး ကနဦးအဆင့် သဘောတူညီမှု တစ်ခုကို ဇွန်လ ၁၄ ရက်နေ့မှာ လက်မှတ် ရေးထိုးနိုင်ဖွယ် ရှိနေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။