Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အော်စကာဆု ၆ ဆု ဆွတ်ခူးပြီး အောင်ပွဲခံခဲ့တဲ့ One Battle After Another

မတ်လ ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့ ဟောလိဝုဒ် ရုပ်ရှင် ထူးချွန်ဆု အော်စကာ ဆုနှင်းသဘင်မှာ One Battle After Another ရုပ်ရှင်ဟာ အကောင်းဆုံး ရုပ်ရှင်ဆု၊ ဒါရိုက်တာဆုတွေ အပါအဝင် ဆု ၆ ဆုထိ သိမ်းယူပြီး အောင်ပွဲခံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Sinners ဇာတ်ကားက အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု အပါအဝင် ဆု ၄ ခုထိ ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ - Getty

မတ်လ ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့ ဟောလိဝုဒ် ရုပ်ရှင် ထူးချွန်ဆု အော်စကာ ဆုနှင်းသဘင်မှာ One Battle After Another ရုပ်ရှင်ဟာ အကောင်းဆုံး ရုပ်ရှင်ဆု၊ ဒါရိုက်တာဆုတွေ အပါအဝင် ဆု ၆ ဆုထိ သိမ်းယူပြီး အောင်ပွဲခံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Sinners ဇာတ်ကားက အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု အပါအဝင် ဆု ၄ ခုထိ ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။

One Battle After Anotherဟာ အကောင်းဆုံး ရုပ်ရှင်ဆုအပြင် ပေါလ်သောမတ်စ် အန်ဒါဆန်ကလည်း အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ မင်းသား ရှောင်ပိန်းကလည်း အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုရှင် ဖြစ်လာပါတယ်။ ဒါတင်မကသေးဘဲ တည်းဖြတ်ဆု အပါအဝင် နောက်ထပ် ဆု ၃ ခုကိုပါ ရယူနိုင်ခဲ့တာပါ။

မိုက်ကယ် ဘီဂျော်ဒန်က Sinners ဇာတ်ကားနဲ့အတူ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ရရှိနိုင်ခဲ့ပါတယ်။ Hamnetမှာ ပါဝင်ခဲ့တဲ့ မင်းသမီး ဂျက်ဆီက ဘက္ကလေက အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင် ဖြစ်လာပါတယ်။ အမျိုးသမီး ဇာတ်ပို့ဆုကိုတော့ Weapons ဇာတ်ကားထဲက အေမီ မက်ဒီဂန်က ဆွတ်ခူးသွားပါတယ်။

KPop Demon Hunter ဇာတ်ကားက အကောင်းဆုံး animation ဇာတ်ကားဆုကို ရရှိခဲ့ပြီး ဇာတ်ဝင်သီချင်းဖြစ်တဲ့ Goldenကလည်း အကောင်းဆုံး သီချင်းဆုကို ရရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

Frankenstein ဇာတ်ကားဟာ ထုတ်လုပ်မှု ဒီဇိုင်းဆု၊ အဝတ်အစား ဒီဇိုင်းဆု၊ မိတ်ကပ်နဲ့ ဆံပင်ထုံးဖွဲ့မှုဆု စုစုပေါင်း ၃ ခု ရရှိခဲ့ပါတယ်။ နာမည်ကြီး Avatar: Fire and Ashကတော့ အကောင်းဆုံး အထူးပြုလုပ်ချက်ဆု တစ်ခုပဲ ရယူနိုင်ခဲ့ပါတယ်။

All the Empty Roomsက အကောင်းဆုံး မှတ်တမ်း ရုပ်ရှင်တိုဆုကို ရရှိခဲ့ပြီး The Girl Who Cried Pearlsက အကောင်းဆုံး animation ဇာတ်လမ်းတိုအဖြစ် ဆုချီးမြှင့် ခံခဲ့ရပါတယ်။ အကောင်းဆုံး ဇာတ်လမ်းတို ရုပ်ရှင်ဆုကိုတော့ ထူးထူးခြားခြား အနေနဲ့ The Singersနဲ့ Two People Exchanging Salivaတို့က ပူးတွဲရရှိသွားခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

ဆောင်းပါး

ကမ္ဘာ့အကြီးဆုံးအနုပညာစင်မြင့်ဖြစ်တဲ့ အော်စကာ (Oscars) ဆုပေးပွဲကြီး ပြီးဆုံးသွားခဲ့ပါပြီ။ ဒီနှစ်မှာလည်း ရုပ်ရှင်တွေရဲ့ ဖျော်ဖြေရေးသက်သက်ထက် ကမ္ဘာမြေပေါ်က နာကျင်မှုတွေကို အော်စကာဆုပေးပွဲရဲ့ စင်မြင့်ပေါ်ကနေ ပြသပေးခဲ့ပြန်ပါတယ်။