Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံမြောက်ပိုင်းမှာ ချီလီက နယ်စပ်စည်းရိုး စတင်တည်ဆောက်

တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်မှုတွေကို ဟန့်တားဖို့အတွက် ချီလီ အစိုးရဟာ ပီရူး၊ ဘိုလီးဗီးယား နိုင်ငံတွေနဲ့ ထိစပ်ရာ မြောက်ပိုင်း နယ်စပ်မှာ စည်းရိုးကာရံ တည်ဆောက်ဖို့ စတင် လုပ်ဆောင်နေပါတယ်။

ဓာတ်ပုံ - AP

တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်မှုတွေကို ဟန့်တားဖို့အတွက် ချီလီ အစိုးရဟာ ပီရူး၊ ဘိုလီးဗီးယား နိုင်ငံတွေနဲ့ ထိစပ်ရာ မြောက်ပိုင်း နယ်စပ်မှာ စည်းရိုးကာရံ တည်ဆောက်ဖို့ စတင် လုပ်ဆောင်နေပါတယ်။

လက်ယာစွန်း နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ ဟိုဆေး အန်တိုနီယို ကက်စ်ဟာ ချီလီ သမ္မတ ဖြစ်လာပြီး တစ်ပတ်မပြည့်ခင်မှာပဲ နယ်စပ်စည်းရိုး တည်ဆောက်မှု စီမံကိန်းကို စတင်စေခဲ့တာ ဖြစ်ပါတယ်။

ကွန်ဆာဗေးတစ် နိုင်ငံရေးသမား ကက်စ်ဟာ နိုင်ငံပိုင်နက်ထဲ တရားမဝင် နယ်စပ်ဖြတ်ကျော် ခိုးဝင်မှုတွေကို တားဆီးဖို့အတွက် စည်းရိုးတွေ တည်ဆောက်မယ် ဆိုတာကို ရွေးကောက်ပွဲကာလ မဲဆွယ်ချိန်မှာ ကတိပြုထားခဲ့ပါတယ်။ အခုတော့ အဲဒီ ကတိကို လက်တွေ့ စတင် အကောင်အထည် ဖော်လာခဲ့တာပါ။

ချီလီနိုင်ငံ မြောက်ပိုင်းက ချာကာလူတာ ဧရိယာဟာ ပီရူးနိုင်ငံဖက်က တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေ အဓိက ဝင်ရောက်လေ့ရှိတဲ့ နေရာဖြစ်ပါတယ်။ မတ်လ ၁၆ ရက်မှာတော့ အဲဒီနေရာမှာ စည်းရိုးဆောက်ဖို့ မြေကျင်းတွေ တူးနေတာကို တွေ့ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

နယ်စပ်ဒိုင်းလို့ နာမည်ပေးထားတဲ့ စီမံကိန်းဟာ နိုင်ငံမြောက်ပိုင်း နယ်စပ်တံလျှောက် စည်းရိုးတွေ၊ မြောင်းတွေတူးပြီး စည်းခြားထားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ကက်စ်က နိုင်ငံအတွက် အထင်ကရ စီမံကိန်းကြီး ဖြစ်လာမယ့် အဲဒီ နယ်စပ် စည်းရိုး တည်ဆောက်ရေးကို မမှိတ်မသုန် အကောင်အထည်ဖော်ဖို့ သူ့ရဲ့ အစိုးရက အခိုင်အမာ ဆုံးဖြတ်ထားကြောင်း၊ ဒါဟာ တရားမဝင် ရွှေ့ပြောင်း အခြေချမှု၊ မူးယစ်ဆေးဝါး မှောင်ခိုမှုနဲ့ ဒုစရိုက်ဂိုဏ်းဂဏတွေရဲ့ လှုပ်ရှားမှုတွေကို တားဆီးဖို့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကက်စ်ဟာ သူ့ရဲ့ နိုင်ငံရေး မဟာမိတ်ဖြစ်သူ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်လိုပဲ ရွှေ့ပြောင်းအခြေချမှုတွေနဲ့ ပတ်သက်ရင် ခါးသီးတင်းမာတဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒမျိုးကို ကိုင်ဆွဲထားပါတယ်။ ချီလီရဲ့ နိုင်ငံခြားသား ဦးရေဟာ ၂၀၁၇ ကနေ ၂၀၂၄ ခုနှစ်အတွင်း နှစ်ဆတိုးလာပြီး အခုအခါ တရားမဝင် အခြေချသူ နိုင်ငံခြားသား ၃ သိန်းလောက် ပြည်တွင်းမှာ ရောက်ရှိနေတယ်လို့ ယုံကြည်ရပါတယ်။ အဲဒီထဲက အများစုဟာ ဗင်နီဇွဲလား နိုင်ငံသားတွေလို့လည်း သိရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပီရူးနိုင်ငံ အလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်နှစ်ခုကြောင့် လူ ၆ ဦးထက်မနည်း သေဆုံးခဲ့သလို ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

အတွေးအမြင်

စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့ ပထဝီနိုင်ငံရေး အကျပ်အတည်း

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

နိုင်ငံတကာ

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အရှိန်အဟုန် မြင့်တက်လာတဲ့နောက် ဘိုလီးဗီးယား သမ္မတ ရိုဒရီဂို ပက်ဇ်က သူနဲ့ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ လစာ တစ်ဝက်ပဲ ယူတော့မယ်လို့ ကြေညာခဲ့ပါတယ်။