Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်နဲ့ ဆွေးနွေးမှု အဆင်ပြေလို့ ဓာတ်အားကွန်ရက်တွေကို တိုက်ခိုက်မယ့်ကိစ္စ ဆိုင်းငံ့ကြောင်း ထရမ့်ကြေညာ

အမေရိကန်နဲ့ ဆွေးနွေးမှုတွေ လုံးဝမရှိခဲ့ကြောင်း အီရန်ထုတ်ပြန်

ဓာတ်ပုံ - Getty

အီရန်နဲ့ ဆွေးနွေးမှုတွေက အပြုသဘော ဆောင်ခဲ့တာကြောင့် အီရန်ရဲ့ ဓာတ်အားပေး ကွန်ရက်တွေကို တိုက်ခိုက်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။ နာရီပိုင်းလောက် အကြာမှာတော့ အီရန်က ထရမ့်ပြောသလို နှစ်နိုင်ငံ ဆွေးနွေးမှုမျိုး လုံးဝမရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

မတ်လ ၂၁ ရက်နေ့မှာ ထရမ့်ဟာ အီရန်အနေနဲ့ ဟောမုဇ် ရေလက်ကြားကို ၄၈ နာရီအတွင်း ပြန်ဖွင့်ပေးဖို့ ရာဇသံ ပေးထားခဲ့ပြီး အီရန်ဖက်က လိုက်နာဖို့ ပျက်ကွက်မယ်ဆိုရင် အီရန်ရဲ့ စွမ်းအင်နဲ့ ဓာတ်အားဖြန့်ဖြူးရေး အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

အီရန်ကလည်း နိုင်ငံရဲ့ ဓာတ်အားပေး စနစ်တွေ တိုက်ခိုက်ခံရမယ်ဆိုရင် အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေရဲ့ စွမ်းအင်နဲ့ ရေသန့်စင် စနစ်တွေကို ပစ်မှတ်ထားပြီး လက်တုံ့ပြန်မယ်လို့ သတိပေးထားပါတယ်။

သူကြေညာထားတဲ့ ၄၈ နာရီ သတ်မှတ်ချက် ကုန်ဆုံးချိန်မှာတော့ ထရမ့်က လူမှုကွန်ရက် မီဒီယာ Truthမှာ ပို့စ်တစ်ခု တင်ခဲ့ပြီး အီရန်နဲ့ အမေရိကန်တို့ဟာ အရှေ့အလယ်ပိုင်း ပဋိပက္ခနဲ့ ပတ်သက်လို့ အပြည့်အဝ ဖြေရှင်းနိုင်ရေး အပြုသဘောဆောင်တဲ့ ပြောဆိုဆွေးနွေးမှုမျိုး ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအတွက်လည်း သူဟာ အီရန်ရဲ့ ဓာတ်အားပေး စက်ရုံတွေနဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်မယ့် အစီအစဉ် မှန်သမျှကို ၅ ရက်ကြာ ဆိုင်းငံ့ထားစေဖို့ ကာကွယ်ရေး ဝန်ကြီး ဌာနကို ညွှန်ကြားထားလိုက်ကြောင်းလည်း ထရမ့်က ရေးသားခဲ့ပါတယ်။

ထရမ့်က အင်္ဂလိပ်စာလုံး အကြီး Capital letterတွေနဲ့ချည်း ရေးထားတဲ့ ပို့စ်မှာတော့ အမေရိကန် ပြည်ထောင်စုနဲ့ အီရန်တို့ဟာ ပြီးခဲ့တဲ့ နှစ်ရက်တာအတွင်း အရှေ့အလယ်ပိုင်း ဒေသက ရန်လိုမှုတွေအတွက် အဖြေရှာဖို့ အင်မတန် ကောင်းမွန်ပြီး အပြုသဘောဆောင်တဲ့ စကားစမြည် ပြောဆိုမှုမျိုးတွေ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါတင်မကသေးဘဲ AFP သတင်းဌာနက အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းမှုမှာ ထရမ့်က ကိစ္စတွေက အရမ်း ကောင်းမွန်နေခဲ့တယ်လို့ ပြန်ဖြေခဲ့ကြောင်း သိရပါတယ်။

ဒါပေမဲ့လည်း အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ အီရန်နဲ့ အမေရိကန်တို့ကြား ဆွေးနွေးမှုတွေ ရှိခဲ့တယ် ဆိုတာကို ပယ်ချထားပါတယ်။ အမေရိကန်နဲ့ အီရန်ကြား ညှိနှိုင်းခဲ့ကြတယ် ဆိုတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို အီရန်ဖက်က ငြင်းဆိုကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာက ဆိုပါတယ်။ CBS သတင်းဌာနက မေးမြန်းတဲ့အခါ အီရန် အစိုးရဟာ စစ်ပွဲကနေ လိုချင်တဲ့ ရည်မှန်းချက်တွေ မအောင်မြင်သေးမချင်း ဘယ်လို ညှိနှိုင်းမှုကိုမဆို ငြင်းပယ်မယ့် မူလ သဘောထားအတိုင်းပဲ ရှိနေသေးကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တုံ့ပြန်ထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။