Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာ မောင်းသူမဲ့ တက္ကစီတွေ ထိုးရပ်သွားခဲ့မှုက စနစ်ပိုင်း ချွတ်ယွင်းမှုကြောင့်လို့ ရဲတပ်ဖွဲ့ပြော

မောင်းသူမဲ့ စက်ရုပ်တက္ကစီတွေ ရပ်တန့်ကုန်တဲ့ ဖြစ်ရပ်ဟာ စနစ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု တစ်ခုကြောင့်လို့ ယုံကြည်ရကြောင်း တရုတ် ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

မောင်းသူမဲ့ စက်ရုပ်တက္ကစီတွေ ရပ်တန့်ကုန်တဲ့ ဖြစ်ရပ်ဟာ စနစ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု တစ်ခုကြောင့်လို့ ယုံကြည်ရကြောင်း တရုတ် ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ဟီပေပြည်နယ်ထဲက ဝူဟန်မြို့မှာ မတ်လ ၃၁ ရက်နေ့ ညပိုင်းတုန်းက မောင်းသူမဲ့ စက်ရုပ်တက္ကစီတွေ တစ်စီးပြီးတစ်စီး ထိုးရပ်ကုန်လို့ ခရီးသည်တွေ ပိတ်မိပြီး အကူအညီ တောင်းခံခဲ့ကြကြောင်း ရဲတွေက ပြောပါတယ်။

ပြဿနာ ဖြစ်ခဲ့တာက တရုတ် နည်းပညာ လုပ်ငန်းစုကြီး Baiduက ပိုင်ဆိုင်တဲ့ Apollo Go စက်ရုပ် တက္ကစီ လုပ်ငန်းရဲ့ ကားတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကားတွေက လမ်းလယ်ခေါင်ကြီးမှာတင် ထိုးရပ်နေပြီး မရွေ့တော့ဘူးလို့ ဆိုပါတယ်။ Apollo Goဟာ ဘေဂျင်းမြို့တော်မှာ ၂၀၂၁ ကစလို့ မောင်းသူမဲ့ စက်ရုပ်တက္ကစီတွေ ပြေးဆွဲမှု စတင်ခဲ့ပြီး အခုအခါ မြို့ကြီးပြကြီး တချို့ရဲ့ သတ်မှတ် ဧရိယာတွေမှာလည်း အလားတူ တက္ကစီ ဝန်ဆောင်မှုတွေ စတင်နေပါတယ်။

Public Service Announcement

Public Service Announcement

ကနဦး စုံစမ်းစစ်ဆေးမှု ရလဒ်တွေအရ စနစ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု တစ်ခုကြောင့် အခုလို ပြဿနာမျိုး ကြုံခဲ့တာလို့ ဝူဟန်မြို့ ရဲတပ်ဖွဲ့က ကြေညာပါတယ်။ ဒါပေမဲ့ တက္ကစီ အစီးရေ ဘယ်လောက်များများထိ လမ်းပေါ်မှာ ရပ်သွားခဲ့သလဲ ဆိုတာကိုတော့ မထုတ်ပြန်ပါဘူး။ သတင်းတချို့ကတော့ ရပ်ကုန်တဲ့ တက္ကစီ အစီးရေက ၁၀၀ လောက် ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

လူမှုကွန်ရက် မီဒီယာတွေပေါ်မှာတော့ ကားထဲ ပိတ်မိနေတဲ့ ခရီးသည်တွေက ဖောက်သည် ဝန်ဆောင်မှု ဌာနဆီ ဆက်သွယ်ဖို့ ကြိုးစားနေခဲ့ပုံတွေကို တွေ့ရပါတယ်။ ကားထဲမှာပါတဲ့ tablet ကွန်ပျူတာကနေ ဖုန်းလှမ်းခေါ်ပေမယ့် ကုမ္ပဏီဖက်က ဖုန်းမကိုင်တဲ့ အခြေအနေကိုလည်း စီးနင်းသူ တစ်ဦးက ဗီဒီယိုနဲ့ မှတ်တမ်းတင်ပြီး လူမှုကွန်ရက်ပေါ် မျှဝေခဲ့ပါတယ်။

Baidu ကုမ္ပဏီကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ခုခု မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။ အစောပိုင်းမှာတော့ Apollo Goဟာ Lyftနဲ့ Uberတို့လို နာမည်ကြီး တက္ကစီ ဝန်ဆောင်မှုတွေနဲ့ ပူးပေါင်းပြီး တရုတ်နိုင်ငံ ပြင်ပထိ လုပ်ငန်းတွေ ချဲ့ထွင်ဖို့ စီစဉ်နေကြောင်း ပြောဆိုထားပါတယ်။

၂၀၂၅ ခုနှစ် စတုတ္ထ သုံးလပတ်အတွင်း Apollo Goဟာ တရုတ်နိုင်ငံ အနှံ့မှာ မောင်းသူမဲ့ တက္ကစီတွေ အသုံးပြုပြီး ခရီးစဉ် ၃.၄ သန်းအတွက် ဝန်ဆောင်မှု ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ၂၀၂၄ ခုနှစ် စတုတ္ထ သုံးလပတ်နဲ့ ယှဉ်ရင် ၂၀၀ ရာခိုင်နှုန်း တိုးလာတဲ့ ကိန်းဂဏန်းလည်း ဖြစ်ပါတယ်။ ဝူဟန်မြို့မှာတော့ Apollo Goရဲ့ မောင်းသူမဲ့ တက္ကစီ အစီးရေ ၅၀၀ ကျော် ရှိနေပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

ဆောင်းပါး

ချင်မင်းဆက်အပေါ် ဝေဖန်ပြစ်တင်မှုများက ကွန်မြူနစ်ပါတီကို အဘယ်ကြောင့် ထိတ်လန့်စေသနည်း

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”