Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပစ်ရပ် သဘောတူညီမှုဟာ အမေရိကန်နဲ့ ထရမ့်အတွက် အောင်ပွဲလို့ အိမ်ဖြူတော် ကြေညာ

အီရန်နဲ့ အပစ်ရပ် သဘောတူညီမှုဟာ အမေရိကန်နဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်အတွက် အောင်ပွဲကြီးတစ်ရပ် ဖြစ်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။

အီရန်နဲ့ အပစ်ရပ် သဘောတူညီမှုဟာ အမေရိကန်နဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်အတွက် အောင်ပွဲကြီးတစ်ရပ် ဖြစ်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။

ဧပြီ ၇ ရက်နေ့မှာ ထရမ့်က သူဟာ အီရန်ရဲ့ အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို ဗုံးကြဲဖျက်ဆီးပစ်မယ့် အစီအစဉ်ကို သီတင်းနှစ်ပတ် နောက်ဆုတ်ထားမှာ ဖြစ်သလို အဲဒီအတောအတွင်း အပစ်အခတ် ရပ်စဲထားမယ့်အကြောင်း ကြေညာခဲ့ပါတယ်။ အီရန်ကလည်း လက်ရှိ ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမယ့်အကြောင်းနဲ့ အပစ်ရပ်ဖို့ သဘောတူကြောင်း အတည်ပြုခဲ့ပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်က ဒီသဘောတူညီမှုဟာ အမေရိကန်နိုင်ငံနဲ့ သမ္မတ ထရမ့်အတွက် အမေရိကန် စစ်တပ်က ရယူပေးခဲ့တဲ့ အောင်ပွဲတစ်ရပ် ဖြစ်တယ်လို့ လူမှုကွန်ရက် မီဒီယာမှာ ရေးသားခဲ့ပါတယ်။ ထရမ့်ဟာ အီရန် ပိတ်ဆို့ထားခဲ့တဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးနိုင်ခဲ့ပြီလို့လည်း သူက ညွှန်းဆိုထားခဲ့ပါတယ်။

အီရန်မှာ ဆင်နွှဲမယ့် Epic Fury စစ်ဆင်ရေးဟာ သီတင်း ၆ ပတ်လောက် ကြာမြင့်နိုင်တယ်လို့ ထရမ့်က စစ်ပွဲစချိန် ကတည်းက ခန့်မှန်းထားပြီး ဖြစ်ကြောင်း၊ လက်တွေ့မှာတော့ အမေရိကန်ဟာ စစ်ရေးရည်မှန်းချက် အားလုံးကို ပြည့်မြောက်စေတဲ့အပြင် ကျော်လွန်အောင်မြင်တဲ့ထိ ၃၈ ရက်တည်းနဲ့ စွမ်းဆောင်ပြခဲ့ကြောင်းလည်း လီယာဗစ်က ကြွေးကြော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ရေးအရ အောင်မြင်မှုတွေက သမ္မတ ထရမ့်ရော၊ ခက်ခဲတဲ့ ညှိနှိုင်းမှုတွေမှာ ပါဝင်ဆွေးနွေးနေတဲ့ အဖွဲ့တွေ အတွက်ပါ အမြင့်ဆုံး အားသာချက်တွေကို ရရှိစေခဲ့သလို ရေရှည် ငြိမ်းချမ်းရေးအတွက် သံတမန်ရေး နည်းလမ်းကနေ ဆွေးနွေး အဖြေရှာမယ့် လမ်းကြောင်းတွေကို ဖန်တီး ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်းလည်း သူက ဆိုပါတယ်။

ထရမ့်ကိုယ်တိုင်ကလည်း အီရန်နဲ့ ရရှိခဲ့တဲ့ အပစ်ရပ် သဘောတူညီမှုဟာ အမေရိကန်အတွက် ပြီးပြည့်စုံပြီး မေးခွန်းထုတ်စရာ မလိုတဲ့ အောင်ပွဲတစ်ရပ် ဖြစ်တယ်လို့ AFP သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဓာတ်ပုံ – Getty

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ကြိုဆိုဖို့ အမေရိကန် စစ်တပ် အရာရှိတွေက ပြာပြာသလဲ ကော်ဇောနီ ခင်းနေတဲ့ ဗီဒီယို တစ်ခုဟာ အမေရိကန်က လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ အတော်လေး ဝေဖန်စရာ ဖြစ်နေပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

Facebook