Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို ပိတ်ဆို့တဲ့လုပ်ရပ်မှန်သမျှဟာနိုင်ငံတကာ အကျိုးစီးပွားကို ထိခိုက်စေတဲ့ လုပ်ရပ်လို့ တရုတ်​ပြော

ဟောမုဇ် ရေလက်ကြားကို ပိတ်ဆို့တဲ့ လုပ်ရပ်မှန်သမျှဟာ နိုင်ငံတကာ အသိုက်အဝန်းရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့အတွက် ထိန်းထိန်းသိမ်းသိမ်း ဆုံးဖြတ် လုပ်ဆောင်သင့်ကြောင်း တရုတ်က တောင်းဆိုလိုက်ပါတယ်။

ဧပြီ-၁၄၊၂၀၂၆။People’s Spring

ဟောမုဇ် ရေလက်ကြားကို ပိတ်ဆို့တဲ့ လုပ်ရပ်မှန်သမျှဟာ နိုင်ငံတကာ အသိုက်အဝန်းရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့အတွက် ထိန်းထိန်းသိမ်းသိမ်း ဆုံးဖြတ် လုပ်ဆောင်သင့်ကြောင်း တရုတ်က တောင်းဆိုလိုက်ပါတယ်။

အီရန်နဲ့အပြိုင် ဟောမုဇ် ရေလက်ကြားကို အမေရိကန်ကပါ ပိတ်ဆို့မယ်လို့ ကြေညာလိုက်ချိန်မှာ တရုတ်က အခုလို တုံ့ပြန်လာတာ ဖြစ်ပါတယ်။ အီရန် ကမ်းလွန်မှာ ရှိနေပြီး နိုင်ငံတကာ စွမ်းအင် တင်ပို့မှု ကဏ္ဍမှာအရေးအပါဆုံးရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်အရ အမေရိကန် စစ်တပ်က စတင် ပိတ်ဆို့မှုဟာ ဧပြီ ၁၃ ရက်ညမှာစတင်အသက်ဝင်လာခဲ့ပါတယ်။

အီရန်နဲ့ အမေရိကန်တို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အထမမြောက်ခဲ့တဲ့နောက် အီရန်ကို ဖိအားပေးတဲ့ အနေနဲ့ အမေရိကန်ကလည်း ဟောမုဇ်ကို ပိတ်ထားမယ့်အကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဟောမုဇ် ရေလက်ကြားဆီ အရပ်ဖက် သင်္ဘောတွေ အဝင်အထွက် အားလုံးကို ပိတ်ထားမယ်လို့ အမေရိကန်က ကြေညာခဲ့ပြီး ဒီလုပ်ရပ်ဟာ ဟောမုဇ်မှာ ရှိနေတဲ့ အီရန် ဆိပ်ကမ်းတွေနဲ့ အဲဒီရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းတဲ့ အီရန် ရေနံတင် သင်္ဘောတွေကို အဓိက ပစ်မှတ်ထားဖို့လို့ ယုံကြည်ရပါတယ်။

Public Service Announcement

Public Service Announcement

ဘယ်လို အကြောင်းရင်းကြောင့် ဟောမုဇ်ကို ပိတ်တာပဲဖြစ်ဖြစ် နိုင်ငံတကာ အသိုက်အဝန်းရဲ့ ဘုံအကျိုးစီးပွားတွေ အတွက်တော့ ကောင်းကျိုးမရှိနိုင်ဘူးလို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ပြောကြားခဲ့ပါတယ်။

အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံရဲ့ တရုတ်ဆိုင်ရာ သံအမတ်ကြီး ခါလီဖာ အယ်လ်မူဘာရက်ခ်နဲ့ ဧပြီ ၁၃ ရက်နေ့တုန်းက တွေ့ဆုံချိန်မှာ ဝမ်က အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ တရုတ်ဟာ အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခတွေက ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာတွေ ဖြစ်နေတာကို ကောင်းကောင်းနားလည်ကြောင်း၊ ဒါပေမဲ့ ပြဿနာကို အခြေခံကျကျ ဖြေရှင်းဖို့ဆိုရင် နိုင်ငံရေး၊ သံတမန်ရေးနည်းလမ်းတွေနဲ့ချဉ်းကပ်ပြီးခိုင်မာတည်တံ့တဲ့အပစ်ရပ် သဘောတူညီမှုမျိုးလည်း လိုအပ်ကြောင်း သူက ဆိုပါတယ်။

ပဋိပက္ခနဲ့ ဆက်စပ်နေတဲ့ အစုအဖွဲ့ အသီးသီးဟာ လက်ရှိ ရယူထားတဲ့ အပစ်ရပ် သဘောတူညီမှုကို လေးစား လိုက်နာကြဖို့၊ အငြင်းပွားမှုတွေကို နိုင်ငံရေး၊ သံတမန်ရေး နည်းလမ်းတွေကနေ ဖြေရှင်းကြဖို့၊ ရန်လို တိုက်ခိုက်မှုတွေ ပြန်စလာတာမျိုးကို ရှောင်ကြဉ်ကြဖို့ တရုတ်အနေနဲ့ မျှော်လင့်ထားကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရ အရာရှိ ကောကျိကုန်းကလည်း ပြောကြားသွားပါတယ်။

ပဋိပက္ခကို အပြုသဘောနဲ့ အပေါင်းလက္ခဏာဆောင်တဲ့ နည်းလမ်းတွေကနေ ကူညီ ဖြေရှင်းပေးဖို့တရုတ်ကအဆင်သင့် ရှိနေတယ်လို့လည်း ကောက ဆိုပါတယ်။အပစ်ရပ် ကာလအတွင်း အမေရိကန်နဲ့ အီရန်တို့ဟာ ပါကစ္စတန် နိုင်ငံမှာ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြပေမယ့် သဘောတူညီမှု မရဘဲ အဆုံးသတ်ခဲ့ကြပါတယ်။ အဲဒီနောက်ထရမ့်က ဟောမုဇ် ရေ

လက်ကြားကို အီရန်နဲ့အပြိုင် အမေရိကန်ကပါ ပိတ်ဆို့ထားမယ့် ဆုံးဖြတ်ချက်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။တရုတ်နဲ့ ရုရှားတို့ဟာ အစောပိုင်းတုန်းက အီရန်ရဲ့ ဟောမုဇ်ရေလက်ကြားပိတ်ဆို့မှုကိုတုံ့ပြန်ဖို့ ကုလသမဂ္ဂ မဲခွဲ ဆုံးဖြတ်မှု တစ်ခုကို ဗီတိုအာဏာ သုံးပြီး ပယ်ချခဲ့ဖူးပါတယ်။ ဟောမုဇ် ရေလက်ကြားရဲ့ အရပ်ဖက် ရေကြောင်း သွားလာမှုတွေ လုံခြုံရေးအတွက် နိုင်ငံတွေ စုပေါင်း လုပ်ဆောင်ကြဖို့ အဆိုတစ်ရပ်ကို ဧပြီ ၇ ရက်နေ့က မဲခွဲခဲ့ရာမှာ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅နိုင်ငံထဲက၁၁နိုင်ငံက ထောက်ခံပြီး ၂ နိုင်ငံကာ ကြားနေခဲ့ပါတယ်။ ဒါပေမယ့်ရုရှားနဲ့ တရုတ်တို့ကတော့ဘာရိန်းကတင်ပြခဲ့တဲ့အဆိုပြုချက်ဟာ အီရန်ကို တစ်ဖက်သတ် နစ်နာစေမယ့် ဘက်လိုက်မှုတွေ ရှိနေတယ်လို့ စွပ်စွဲပြီး ဗီတိုအာဏာနဲ့ ပယ်ချခဲ့ပါတယ်။

ကိုးကား-Reuters

ဓါတ်ပုံ- Reuters

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။