Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်နဲ့ ဆွေးနွေးမှုတွေ အခုသီတင်းပတ်ထဲမှာ ပြန်စနိုင်တယ်လို့ ထရမ့်ပြော

အီရန်နဲ့ ဆွေးနွေးမှုတွေ အခုသီတင်းပတ်ထဲမှာ ပြန်စနိုင်ခြေ ရှိတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။

ဓာတ်ပုံ - AP

အီရန်နဲ့ ဆွေးနွေးမှုတွေ အခုသီတင်းပတ်ထဲမှာ ပြန်စနိုင်ခြေ ရှိတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့မှာ နှစ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့တွေ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြပေမယ့် အပြီးသတ် သဘောတူညီမှု မရရှိဘဲ အဆုံးသတ်ခဲ့ပါတယ်။ အဲဒီနောက် အမေရိကန်က ဟောမုဇ် ရေလက်ကြားမှာ အီရန်ဆိပ်ကမ်းတွေနဲ့ အဆက်အစပ်ရှိတဲ့ ရေယာဉ်တွေ ဖြတ်သန်းခွင့်ကို စတင် ပိတ်ဆို့ပြီး အီရန်ကို ဖိအားပေးလာခဲ့ပါတယ်။

New York Post သတင်းဌာနနဲ့ အင်တာဗျူးမှာ ထရမ့်က သတင်းထောက်တွေ အနေနဲ့ အစ္စလာမ်မာဘတ်မှာပဲ ဆက်နေသင့်ကြောင်း၊ နောက်ထပ် နှစ်ရက်အတွင်း တစ်ခုခု ဖြစ်လာနိုင်ကြောင်း၊ အမေရိကန် အနေနဲ့ အဲဒီကို ပြန်သွားဖို့ တွေးနေကြောင်း ထရမ့်က ဆိုပါတယ်။

ဟောမုဇ်ကို အမေရိကန်က စတင်ပိတ်ဆို့ပြီး ပထမဆုံး ၂၄ နာရီအတွင်း ဘယ်သင်္ဘောမှ အဲဒီရေလက်ကြားကို မဖြတ်သန်းနိုင်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ကြေညာပြီးချိန်မှာ ထရမ့်ဆီက အခုလို မှတ်ချက်စကား ထွက်ပေါ်လာတာပါ။

Public Service Announcement

Public Service Announcement

ဒါပေမဲ့လည်း ရေလမ်းကြောင်း ခြေရာခံ စောင့်ကြည့်စနစ်တွေကတော့ တရုတ် ရေနံတင် သင်္ဘောတစ်စီး အပါအဝင် အီရန်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ ရေယာဉ် အနည်းဆုံး ၄ စီးဟာ ဧပြီ ၁၄ ရက်နေ့က ရေလက်ကြားကို ဖြတ်သန်း ခုတ်မောင်းခဲ့တာ တွေ့ရပါတယ်။ အမေရိကန် ဗဟိုစစ်ရေးကွပ်ကဲမှုဌာန (CENTCOM)ကတော့ အဲဒီ ရေယာဉ်တွေဟာ အမေရိကန် ပိတ်ဆို့မှုကို ရွှေ့ဆိုင်းပေးထားတဲ့ ကာလအတွင်း ဖြတ်သန်းခဲ့ကြတာသာ ဖြစ်ပြီး အမေရိကန် ရေတပ်က လက်ခံ ခွင့်ပြုပေးခဲ့တာ ဖြစ်တယ်လို့ ကြေညာပါတယ်။

လောလောဆယ်မှာ အမေရိကန်နဲ့ အီရန်တို့ဟာ သီတင်းနှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲထားပေမယ့် ဟောမုဇ်မှာ ဖြစ်ပေါ်လာတဲ့ အခြေအနေ အသစ်တွေကြောင့် အဲဒီ သဘောတူညီမှု သက်တမ်း အကုန်မှာ စစ်ပွဲ ပြန်စလာမှာကို စိုးရိမ်မှုတွေလည်း မြင့်တက်လာနေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ကနဦး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာတော့ အီရန်ဟာ အမေရိကန် တောင်းဆိုချက် အများစုကို သဘောတူခဲ့ပေမယ့် နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်ပြီး ခေါင်းမာနေတာကြောင့် သဘောတူညီမှု မရခဲ့တာလို့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ခဲ့သူ ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က မှတ်ချက်ပေးခဲ့ပါတယ်။

ထရမ့်ကတော့ အီရန်လိုမျိုး တစ်ကမ္ဘာလုံးကို ခြိမ်းခြောက် အကျပ်ကိုင်ချင်နေတဲ့ နိုင်ငံမျိုးဆီမှာ နျူကလီးယား လက်နက်တွေ လုံးဝ ပိုင်ဆိုင်လို့ မရစေရဘူးလို့ ကြုံးဝါးထားပါတယ်။

အခုတော့ နှစ်ဖက် ဆွေးနွေးမှုတွေ ပြန်စနိုင်တယ်လို့ ထရမ့်က မှတ်ချက်ပေးလာပြီး အီရန်ဖက်ကတော့ ဒီကိစ္စအပေါ် ဘာမှ မတုံ့ပြန်သေးပါဘူး။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီ ဂူတာရက်စ်ကလည်း ဆွေးနွေးပွဲတွေ ပြန်စလာနိုင်ခြေ အတော်လေး မြင့်မြင့်မားမား ရှိနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

ပြီးတော့ ပင်လယ်ကွေ့နိုင်ငံတွေနဲ့ ပါကစ္စတန် အစိုးရကလည်း အမေရိကန်နဲ့ အီရန် ကိုယ်စားလှယ် အဖွဲ့တွေဟာ အခုသီတင်းပတ်မှာ ပါကစ္စတန်ဆီ နောက်တစ်ခေါက် ပြန်လာနိုင်ခြေ ရှိတယ်လို့ ပြောဆိုခဲ့ပြီး ရက်အတိအကျကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။

လောလောဆယ်မှာတော့ အမေရိကန် စစ်သင်္ဘော တစ်ဒါဇင်ကျော်လောက်နဲ့ တပ်အင်အား ၁၀၀၀၀ လောက်ဟာ ဟောမုဇ် ရေလက်ကြား ပိတ်ဆို့မှုကို တာဝန်ယူ ကိုင်တွယ်နေပြီး အီရန် ဆိပ်ကမ်းတွေက ထွက်ခွာလာသမျှ ရေယာဉ်တိုင်းကို တားမြစ်ဖို့ ပြင်ဆင်ထားပါတယ်။ အဲဒီ ပိတ်ဆို့မှုဟာ အီရန် စီးပွားရေးအတွက် အရေးအကြီးဆုံး ဝင်ငွေလမ်းကြောင်းတွေကို ထိုးနှက်ဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။

ကိုးကား: BBC
ဓာတ်ပုံ – AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန် ရေယာဉ်တွေ ပစ်ခတ်ခံရရင် အရှေ့အလယ်ပိုင်း ဒေသအနှံ့မှာရှိတဲ့ အမေရိကန်ရဲ့ အဆောက်အအုံတွေနဲ့ တခြားတည်နေရာတွေကို တိုက်ခိုက်ရလိမ့်မယ်လို့ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ရုရှားနဲ့ ယူကရိန်းတို့ကြား ၃ ရက်ကြာ အပစ်အခတ် ရပ်စဲထားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

သံတမန်ရေး ညှိနှိုင်းမှုတွေ တိုးတက်တဲ့ အရိပ်အယောင် တစ်ခုခု ပြလာတာနဲ့ အမေရိကန်ဆီက ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ စစ်ရေး လှုပ်ရှားမှု တစ်ခုခုကြောင့် အခြေအနေတွေ ပြန်ယိမ်းယိုင်သွားရကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးက စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် စစ်သင်္ဘောတွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အပြီး အမေရိကန်ကလည်း အီရန်ရဲ့ စစ်ရေးပစ်မှတ်တွေကို လက်တုံ့ပြန် ပစ်ခတ်ခဲ့ပါတယ်။ မေလ ၇ ရက်နေ့ဟာ အီရန်နဲ့ အမေရိကန်ကြားက အပစ်ရပ် သဘောတူညီမှု ဆက်လက် တည်တံ့ပါ့မလား ဆိုတာကို အကဲစမ်းတဲ့ တစ်နေ့တာ ဖြစ်ခဲ့ပြီး နှစ်ဖက်စလုံးကတော့ သဘောတူညီချက်ကို...

Facebook