Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သန့်စင်ပြီး ယူရေနီယမ်တွေ လက်လွှဲပေးဖို့ အီရန် သဘောတူထားကြောင်း ထရမ့်ပြော

သန့်စင်ပြီး ယူရေနီယမ်တွေကို လက်လွှဲပေးဖို့ အီရန်က သဘောတူထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သန့်စင်ပြီး ယူရေနီယမ်တွေကို လက်လွှဲပေးဖို့ အီရန်က သဘောတူထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အီရန်ဖက်က အခုလို လိုက်လျောမှုမျိုးတွေ ပြသလာခြင်းနဲ့အတူ နှစ်နိုင်ငံကြားက စစ်မီးကို ငြှိမ်းသတ်နိုင်မယ့် ငြိမ်းချမ်းရေး သဘောတူညီမှုမျိုး ရယူဖို့ ပိုမို နီးကပ်လာနေတယ်လို့လည်း ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။

အစောပိုင်းမှာတော့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က အီရန်ရဲ့ ဆိပ်ကမ်းတွေကို အမေရိကန်က စစ်အင်အားနဲ့ ပိတ်ဆို့ထားမှုကို ကာလရှည်ကြာ လုပ်ဆောင်နိုင်သလို အီရန်ဖက်က ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ခုခု ရရှိအောင် မညှိနှိုင်းနိုင်ဘူးဆိုရင် အမေရိကန်က တိုက်ခိုက်မှုတွေ ပြန်စလာနိုင်တယ်လို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။ အီရန်နဲ့ အမေရိကန်တို့ဟာ လောလောဆယ် နှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲထားကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ပါကစ္စတန်မှာ အမေရိကန်နဲ့ အီရန် ကိုယ်စားလှယ် အဖွဲ့တွေ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ တခြားအချက်အလက် တော်တော်များများမှာ အဆင်ပြေခဲ့ပေမယ့် အီရန်က နျူကလီးယား နည်းပညာ မြှင့်တင်တည်ဆောက်ရေး ကိစ္စမှာ အလျှော့မပေးဘဲ ခေါင်းမာနေခဲ့တာကြောင့် ဆွေးနွေးပွဲ ပျက်ပြယ်ခဲ့တယ်လို့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဧပြီ ၁၆ ရက်နေ့မှာတော့ ထရမ့်က အခုအခါ သဘောတူညီမှု တစ်ခုခု ရရှိလာနိုင်ဖို့ အခွင့်အလမ်းတွေက အရမ်းကောင်းမွန်လာနေတယ်လို့ သတင်းထောက်တွေကို မှတ်ချက်ပေးခဲ့ပါတယ်။ သူ့အနေနဲ့ အဲဒီ သဘောတူညီမှုကို လက်မှတ်ရေးထိုးဖို့ ပါကစ္စတန် နိုင်ငံကို သွားရောက်ဖြစ်မယ်လို့ ခန့်မှန်းကြောင်းလည်း ထရမ့်က ဆိုပါတယ်။

အီရန်က အမေရိကန်ဆီ နျူကလီးယား အမှုန်တွေ လက်လွှဲပေးမယ်လို့ သဘောတူထားကြောင်းလည်း ထရမ့်က ပြောပါတယ်။ သူဆိုလိုတဲ့ နျူကလီးယား အမှုန်ဆိုတာဟာ နျူကလီးယား လက်နက်တွေ တည်ဆောက်မှုမှာ အထူးလိုအပ်တဲ့ သန့်စင်ပြီး ယူရေနီယမ်တွေ ဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အီရန် သံအမတ်ကြီးကတော့ အီရန်ဟာ ရန်လို တိုက်ခိုက်မှုတွေကို အဆုံးသတ်စေနိုင်ဖို့ အမေရိကန်နဲ့ ဆွေးနွေးမှုတွေအပေါ် သတိကြီးကြီးထားရင်း အပြုသဘောဆန်တဲ့၊ အဓိပ္ပါယ် ပြည့်ဝတဲ့ ရလဒ်တစ်ခုခု ထွက်ပေါ်လာဖို့ မျှော်လင့်နေကြောင်း ပြောကြားထားပါတယ်။

ထရမ့်က အီရန်နဲ့ ရယူမယ့် ဘယ်လို သဘောတူညီမှုမှာမဆို အီရန်အနေနဲ့ နျူကလီးယား လက်နက် ပိုင်ဆိုင်ခွင့်၊ တည်ဆောက်ခွင့် မရှိစေရဘူးဆိုတဲ့ တိတိကျကျ တားမြစ် ပိတ်ပင်မှုမျိုးကို လိုအပ်လိမ့်မယ်လို့ သတိပေးထားပါတယ်။ သူက အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်ခဲ့ရတာဟာ အီရန်မှာ နျူကလီးယားဗုံး ပိုင်ဆိုင်ဖို့ အရမ်းနီးစပ်လာတာကြောင့် ဖြစ်တယ်လို့လည်း အကြောင်းပြထားပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂရဲ့ နျူကလီးယား စောင့်ကြည့်ရေး အဖွဲ့အစည်းတွေကတော့ အဲဒီ အဆိုကို ငြင်းပယ်ထားကြပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – Getty

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။