Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးရှပ်အင်္ကျီပြာ လှုပ်ရှားမှုမှာ Africa House London အဖွဲ့ ဥက္ကဋ္ဌ​တောင်းဆို

မြန်မာ့ ရှပ်အင်္ကျီပြာ လှုပ်ရှားမှုမှာ ဗြိတိန်နိုင်ငံက Africa House London အဖွဲ့ ဥက္ကဋ္ဌ ရစ်ချတ်ဆမ်မီတီဂိုလည်း ပူးပေါင်း ပါဝင်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ပါတယ်။

ဧပြီ-၁၇၊၂၀၂၆။People’s Spring

မြန်မာ့ ရှပ်အင်္ကျီပြာ လှုပ်ရှားမှုမှာ ဗြိတိန်နိုင်ငံက Africa House London အဖွဲ့ ဥက္ကဋ္ဌ ရစ်ချတ်ဆမ်မီတီဂိုလည်း ပူးပေါင်း ပါဝင်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ပါတယ်။ လူမှုကွန်ရက် မီဒီယာပေါ် တင်ထားတဲ့ ဗီဒီယိုမှာတော့ ဆမ်မီတီဂိုဟာ လက်ဝါးမှာ ‘Free Aung San Suu Kyi’ဆိုတဲ့ စာသားကို ရေးသားပြထားတာ တွေ့ရသလို ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေး အကျဉ်းသားတွေနဲ့ မြန်မာနိုင်ငံ လွတ်မြောက်ရေးအတွက် တောင်းဆိုကြောင်းလည်း ပြောကြားထားပါတယ်။ သူဟာ ယူဂန္ဓာနွယ်ဖွား ဗြိတိန် နိုင်ငံသား တစ်ဦးဖြစ်ပြီး အစိုးရ ဆက်ဆံရေး၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေဆိုင်ရာ ကျွမ်းကျင် ပညာရှင်တစ်ဦးပါ။

နိုင်ငံရေးအကျဉ်းသားတွေကို ဂုဏ်ပြုရင်း အကျဉ်းထောင်ဝတ်စုံ အပြာရောင်အင်္ကျီကို အသက်ထက်ဆုံးဝတ်ဆင်သွားခဲ့သူ ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၁၂နှစ်ပြည့်မှာ လက်ရှိအကြမ်းဖက်စစ်တပ်ရဲ့ မတရားဖမ်းဆီးခြင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ရည်ရွယ်ပြီး​တော့ Blue Shirt Campaign ကို ဧပြီလ ၁၀ရက်မှ ၂၁ရက်အထိ ပြုလုပ်​နေတာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။