Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်နဲ့ အပစ်ရပ် သဘောတူညီမှု သက်တမ်းထပ်တိုးနိုင်ခြေ မရှိကြောင်း ထရမ့်ပြော

အီရန်နဲ့ ရယူထားတဲ့ အပစ်ရပ် သဘောတူညီမှုကို သက်တမ်း ထပ်တိုးဖြစ်ဖွယ် မရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

အီရန်နဲ့ ရယူထားတဲ့ အပစ်ရပ် သဘောတူညီမှုကို သက်တမ်း ထပ်တိုးဖြစ်ဖွယ် မရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတ်မှတ်ထားတဲ့အတိုင်း အမေရိကန် စံတော်ချိန် ဧပြီ ၂၂ ရက်နေ့ ညပိုင်းမှာ အပစ်အခတ် ရပ်စဲရေး ကာလ ပြီးဆုံးမှာဖြစ်ကြောင်း၊ တကယ်လို့ အီရန်နဲ့ အမေရိကန်ကြား ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ခုခု မရလာဘူးဆိုရင် အပစ်ရပ် ကာလကို သူ့အနေနဲ့ သက်တမ်းထပ်တိုးဖို့ ဖြစ်နိုင်ခြေ နည်းလွန်းကြောင်း ထရမ့်က ဧပြီ ၂၀ ရက်နေ့ ညနေပိုင်းမှာ Bloomberg သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။

ထရမ့်ဟာ အီရန်နဲ့ နှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲမယ့် သဘောတူညီမှု အကြောင်းကို ဧပြီ ၇ ရက်နေ့မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ အပစ်မရပ်ခင် ရက်ပိုင်းလောက်မှာ ထရမ့်ဟာ အီရန်ရဲ့ တိုးတက်တဲ့ လူ့အဖွဲ့အစည်း တစ်ခုလုံး သေဆုံးသွားလောက်အောင် အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ဖူးပါတယ်။

အပစ်ရပ်ထားတဲ့ ကာလအတွင်း အီရန်နဲ့ အမေရိကန်တို့ဟာ ပါကစ္စတန်မှာ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပေမယ့် သဘောတူညီမှု တစ်ခုခု မရဘဲ အဆုံးသတ်ခဲ့ပါတယ်။ ဒုတိယအကြိမ် ဆွေးနွေးဖို့ ကြိုးစားမှုတွေကလည်း အီရန် ဆိပ်ကမ်းတွေကို အမေရိကန်က ရေတပ်အင်အားသုံး ပိတ်ဆို့ထားမှုကို မဖယ်ရှားမချင်း ဖြစ်မလာနိုင်ဘူးလို့ အီရန်က သတိပေးထားပါတယ်။ ထရမ့်ကတော့ အမေရိကန်နဲ့ သဘောတူညီမှု တစ်ခုခုကို မရယူနိုင်မချင်း အီရန်အနေနဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ဖယ်ရှားပေးဖို့ မမျှော်လင့်သင့်ကြောင်း ပြောကြားထားပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်က သူဟာ အီရန်နဲ့ သဘောတူညီမှု တစ်ခုခု အလျင်စလို ရယူဖို့ ဖိအားတွေ ရှိနေတယ်ဆိုတဲ့ ခန့်မှန်းချက်တွေကိုလည်း ငြင်းဆိုသွားပါတယ်။ သူ့အတွက် ဘာဖိအားမှ မရှိကြောင်း၊ ဒါပေမဲ့ သဘောတူညီမှုက အတော်လေးမြန်မြန် ရလာမှာ ဖြစ်ကြောင်း၊ အချိန်ဟာ သူ့အတွက် ရန်သူမဟုတ်ကြောင်း၊ အရေးကြီးတာက အီရန်နဲ့ ပတ်သက်ပြီး ၄၇ နှစ်လုံးလုံး အမေရိကန် အစိုးရ အဆက်ဆက်က လုပ်သင့်လျက်နဲ့ မလုပ်ခဲ့တာတွေကို သူ့လက်ထက်မှာ အဆုံးသတ်နိုင်ဖို့ဖြစ်ကြောင်း ထရမ့်က လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။

Bloombergနဲ့ အင်တာဗျူးမှာလည်း သူက တူညီတဲ့ သဘောထား မှတ်ချက်မျိုး ပေးခဲ့ပြီး သူ့အနေနဲ့ မြန်မြန် သဘောတူညီမှု တစ်ခုခုရရင် ပြီးရောဆိုပြီး ဆိုးရွားတဲ့ ဆုံးဖြတ်ချက်မျိုးတွေ၊ လိုက်လျောမှုမျိုးတွေ လုပ်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ တစ်ကမ္ဘာလုံးက အချိန်တွေအကုန် အမေရိကန်က ရထားပြီးသားလို့ ထရမ့်က ဆိုပါတယ်။ ထရမ့်က အီရန် အနေနဲ့ နျူကလီးယား စီမံကိန်းတွေကို အလုံးစုံ စွန့်လွှတ်ရမယ်လို့ တောင်းဆိုထားပါတယ်။

ဧပြီ ၁၉ ရက်နေ့တုန်းက ဟောမုဇ် ရေလက်ကြားနားမှာ အီရန် ကုန်တင် သင်္ဘောတစ်စီးကို အမေရိကန် ရေတပ်က ပစ်ခတ် ဟန့်တားပြီး စီးနင်း ထိန်းချုပ်ခဲ့တဲ့ ဖြစ်စဉ်ကလည်း နှစ်ဖက်ကြား တင်းမာမှုတွေကို ပိုမို ဆိုးရွားသွားစေခဲ့ပါတယ်။

အမေရိကန်နဲ့ ငြိမ်းချမ်းရေး ဆက်လက် ဆွေးနွေးနိုင်ခြေနဲ့ ပတ်သက်လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီက အီရန်ဟာ ရှုထောင့်အားလုံးကနေ ဖြစ်နိုင်ခြေ မှန်သမျှကို စဉ်းစားနေပြီး ဘယ်လို ရှေ့ဆက်မလဲ ဆိုတာကို အကောင်းဆုံး ဆုံးဖြတ်သွားမယ်လို့ ပြောကြားထားပါတယ်။

ကိုးကား: The Hill

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ F-16 တိုက်လေယာဉ် တစ်စီးဟာ လူနေအိမ်တွေကြား မြက်ခင်းပေါ် ပျက်ကျပြီး အပြင်းအထန် မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့အတွက် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။