Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာ မီးရှူးမီးပန်း စက်ရုံပေါက်ကွဲ၊ ၂၁ ဦးသေ

တရုတ်နိုင်ငံမှာ မီးရှူးမီးပန်း စက်ရုံတစ်ခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၂၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

တရုတ်နိုင်ငံမှာ မီးရှူးမီးပန်း စက်ရုံတစ်ခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၂၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဟူနန်ပြည်နယ်ထဲက ပြင်းထန်တဲ့ ပေါက်ကွဲမှုအတွင်း နောက်ထပ် ၆၁ ဦီး ဒဏ်ရာတွေ ရခဲ့တယ်လို့ တရုတ်အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။

လို့ယန်မြို့မှာရှိတဲ့ ဟွာရှန် မီးရှူးမီးပန်း စက်ရုံမှာ မေလ ၄ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် စက်ရုံနဲ့ ၃ ကီလိုမီတာ ပတ်ပတ်လည်မှာ နေထိုင်သူတွေကို ကယ်ဆယ်ရေး အဖွဲ့တွေက အရေးပေါ် ရွှေ့ပြောင်းစေခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် ဖြစ်ပွားခဲ့တဲ့ မီးလောင်မှု အပြီးမှာတော့ အာဏာပိုင်တွေဟာ ကယ်ဆယ်ရေး အဖွဲ့ဝင် ၅၀၀ နီးပါးကို ဖြန့်ကျက်ပြီး ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နေပါတယ်။ ပြီးတော့ အပျက်အစီးတွေအောက် ပိတ်မိနေသူတွေကိုလည်း စက်ရုပ်တွေ အသုံးပြုပြီး ရှာဖွေနေကြပါတယ်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်တဲ့ မြို့ခံ ရဲဌာနကတော့ စက်ရုံကို ပိုင်ဆိုင်တဲ့ ကုမ္ပဏီက လူပုဂ္ဂိုလ် တစ်ဦးကို လောလောဆယ် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ – Reuters

ကယ်ဆယ်ရေးတွေ အဆောတလျင် လုပ်ဆောင်နေပေမယ့်လည်း မီးလောင်ပြင်နားက ယမ်းမှုန့်သိုလှောင်ရုံ နှစ်ခုကို မရှင်းလင်းနိုင်သေးတဲ့အတွက် ဝန်ထမ်းတွေအတွက် အတော်လေး အန္တရာယ်ကြီးတဲ့ အခြေအနေ ဖြစ်နေတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ပေါက်ကွဲတဲ့ အရှိန်က ပြင်းလွန်းတာကြောင့် စက်ရုံနားက အိမ်တချို့က ပြတင်းပေါက်တွေ ကွဲထွက်ကုန်ပါတယ်။ ဒဏ်ရာရသူတွေဟာ အသက် ၂၀ နဲ့ ၆၀ ကြား အရွယ်တွေလို့ အစိုးရပိုင် CCTV သတင်းဌာနက ဖော်ပြခဲ့ပြီး တချို့လူနာတွေဟာ လွင့်စဉ်လာတဲ့ အပျက်အစီးတွေ ထိမှန်ရာက အရိုးကျိုးအက်တဲ့ ဒဏ်ရာတွေ ရခဲ့ကြောင်း ဆိုပါတယ်။

တရုတ် သမ္မတ ရှီကျင့်ဖျင်က မီးလောင်ပြင်မှာ ပျောက်ဆုံးနေသူတွေကို အစွမ်းကုန် ဖြန့်ကျက်ရှာဖွေဖို့ အာဏာပိုင်တွေကို အမိန့်ပေးထားပြီး လူနာတွေကို အသက်ဘေးကနေ ကယ်တင်နိုင်အောင် အရင်းအမြစ် အားလုံး သုံးစွဲပြီး ကြိုးစားကြဖို့လည်း ညွှန်ကြားထားပါတယ်။

လို့ယန်မြို့ဟာ တရုတ်ရဲ့ မီးရှူးမီးပန်းတွေ အဓိက ထုတ်လုပ်ရာ မြို့တစ်မြို့ဖြစ်သလို ကမ္ဘာ့အကြီးဆုံး မီးရှူးမီးပန်း စက်ရုံကြီးလို့တောင် တင်စားခံရလေ့ ရှိပါတယ်။

တရုတ်မှာ မီးရှူးမီးပန်း စက်ရုံတွေ၊ အရောင်းဆိုင်တွေမှာ ပေါက်ကွဲမှုတွေ ကြုံရတာက ဖြစ်လေ့ဖြစ်ထ အခြေအနေ တစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ ပြီးတော့ လူ့အသက်တွေလည်း ဆုံးရှုံးလေ့ ရှိပါတယ်။ လောလောလတ်လတ်အဖြစ် ဖေဖော်ဝါရီလတုန်းက ဟူပေပြည်နယ်မှာ မီးရှူးမီးပန်း စတိုးဆိုင်တစ်ခု ပေါက်ကွဲခဲ့ပြီး လူ ၁၂ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook