Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်အတွက် လျှို့ဝှက် အလုပ်လုပ်ခဲ့ကြောင်း စွပ်စွဲချက်ကြောင့် အမေရိကန်က မြို့တော်ဝန်တစ်ဦး ရာထူးက နုတ်ထွက်ရ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်ထဲက မြို့တော်ဝန် တစ်ဦးဟာ တရုတ်အတွက် လျှို့ဝှက် အေးဂျင့်အနေနဲ့ အလုပ်လုပ်ပေးခဲ့ကြောင်း စွပ်စွဲချက်တွေ ကြုံခဲ့ရတဲ့နောက် ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်ထဲက မြို့တော်ဝန် တစ်ဦးဟာ တရုတ်အတွက် လျှို့ဝှက် အေးဂျင့်အနေနဲ့ အလုပ်လုပ်ပေးခဲ့ကြောင်း စွပ်စွဲချက်တွေ ကြုံခဲ့ရတဲ့နောက် ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။

အီလင်းဝမ်ဟာ အာကေးဒီးယားမြို့ရဲ့ မြို့တော်ဝန် အဖြစ်ကနေ မေလ ၁၁ ရက်နေ့မှာ နုတ်ထွက်စာ တင်ခဲ့ပါတယ်။ ဝမ်ဟာ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဝန်ခံဖို့ အစိုးရ ရှေ့နေတွေနဲ့ သဘောတူညီမှု ရယူပြီးတဲ့နောက် ရာထူးက နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ တရုတ်အစိုးရရဲ့ ထိန်းချုပ် ညွှန်ကြားမှုအောက်မှာ အလုပ်လုပ်ရင်း ၂၀၂၀ ကနေ ၂၀၂၂ ခုနှစ်အတွင်း အမေရိကန်မှာ တရုတ်အတွက် ဝါဒဖြန့်ပေးဖို့ လက်ခံခဲ့ကြောင်း တရားရုံး စာရွက်စာတမ်းတွေမှာ ပါရှိခဲ့ပါတယ်။

အသက် ၅၈ နှစ်အရွယ် ဝမ်ဟာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတုန်းက အာကေးဒီးယား မြို့တော်ကောင်စီဝင်အဖြစ် ရွေးကောက်တင်မြှောက် ခံခဲ့ရပြီး အခု နှစ်ဆန်းပိုင်းမှာ မြို့တော်ဝန် ဖြစ်လာပါတယ်။ ဒါပေမဲ့ တရုတ် လျှို့ဝှက်အေးဂျင့်အဖြစ် စွပ်စွဲခံရမှု အရှုပ်တော်ပုံကြောင့် လပိုင်းအကြာမှာပဲ မြို့တော်ဝန် အဖြစ်ကနေ နုတ်ထွက်ခဲ့ရတာပါ။

Public Service Announcement

Public Service Announcement

မေလ ၁၁ ရက်နေ့မှာ ဝမ်ဟာ လော့စ်အန်ဂျလိစ် မြို့လယ်က ဖက်ဒရယ် တရားရုံး တစ်ခုမှာ အမှုအတွက် ကြားနာ စစ်ဆေးမှုကို ခံယူခဲ့ပါတယ်။ အဲဒီ တရားခွင်မှာ တရားသူကြီးက ဝမ်အနေနဲ့ ဝန်ခံ ထွက်ချက်ပေးမယ့် နောက်ဆုံးရက်ကို အတိအကျ သတ်မှတ်ပေးဖို့ သူ့ရဲ့ ရှေ့နေတွေကို ညွှန်ကြားခဲ့ပါတယ်။

ဝမ်အပေါ် စွပ်စွဲမှုတွေအတွက် အမြင့်ဆုံး ဖြစ်နိုင်ခြေ ပြစ်ဒဏ်ဟာ ထောင်ဒဏ် ၁၀ နှစ်ပါ။ ခရိုင်တရားသူကြီးက ဝမ်အတွက် ဒေါ်လာ ၂၅၀၀၀ တန် အာမခံကို ခွင့်ပြုပေးခဲ့ပေမယ့် သူ့ရဲ့ ပတ်စ်ပို့တ်နဲ့ ခရီးသွားလာခွင့် စာရွက်စာတမ်းတွေကိုတော့ အာဏာပိုင်တွေဆီ အပ်နှံထားဖို့ ညွှန်ကြားခဲ့ပါတယ်။

ဝမ်ရဲ့ ရှေ့နေ ဘရိုင်ယန် အေဆန်းက သူ့ရဲ့ အမှုသည်ဟာ ပုဂ္ဂိုလ်ရေး ဘဝမှာ ရွေးချယ်မိခဲ့တဲ့ အမှားတစ်ခုအတွက် အကြီးအကျယ် နောင်တရနေကြောင်း၊ ဒါပေမဲ့ အမေရိကန် လူ့အဖွဲ့အစည်းအပေါ် ထားရှိတဲ့ သူ့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ စေတနာတွေကတော့ ဘယ်တော့မှ ယိမ်းယိုင်သွားမှာ မဟုတ်ကြောင်း၊ သူ့အပေါ် စာနာနားလည်ပေးဖို့ ဝမ်က တောင်းဆိုကြောင်း ကြေညာခဲ့ပါတယ်။

ဝမ်ရဲ့ နုတ်ထွက်မှု အပြီးမှာတော့ အာကေးဒီးယားမြို့တော် အုပ်ချုပ်ရေး အဖွဲ့ရဲ့ ဝက်ဘ်ဆိုက် စာမျက်နှာမှာ မြို့တော်ဝန် နေရာကို ‘လစ်လပ်’လို့ ပြောင်းလဲ ဖော်ပြထားတာ တွေ့ရပါတယ်။

ဝမ်ဟာ ၂၀၂၀ နှစ်ကုန်ပိုင်းကနေ ၂၀၂၂ ခုနှစ်ထိ အတောအတွင်း ချစ်သူဟောင်း ယိုနင်မိုက်ခ် ဆွန်ဆိုတဲ့ အမျိုးသားနဲ့ တွဲပြီး U.S. News Centerဆိုတဲ့ ဝက်ဘ်ဆိုက် တစ်ခုကို ထူထောင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဆွန်ရော၊ ဝမ်အတွက်ပါ တရုတ်အစိုးရ အရာရှိဆီက တိုက်ရိုက် ညွှန်ကြားတဲ့ အမိန့်တွေ ရောက်ခဲ့ပြီး တရုတ်အတွက် ဝါဒဖြန့်ပေးတဲ့ အကြောင်းအရာတွေကို ဖော်ပြစေခဲ့ပါတယ်။ ပြီးတော့ တရုတ်က တောင်းဆိုတဲ့ အကြောင်းအရာနဲ့ ဆောင်းပါးတွေကိုလည်း ဝက်ဘ်ဆိုက်မှာ တင်ပေးခဲ့ရပြီး ဝင်ရောက် ကြည့်ရှုသူ ဘယ်နှယောက် ရှိခဲ့သလဲဆိုတဲ့ screenshot မှတ်တမ်းတွေကို ပြန်ပို့ပေးခဲ့ရပါတယ်။

ဝမ်ဟာ တရုတ်အတွက် ဝါဒဖြန့်ပေးနေကြောင်း စွပ်စွဲချက်တွေနဲ့ စတင်ရင်ဆိုင်ရချိန်မှာ တရုတ် အစိုးရက နောက်ကွယ်က ညွှန်ကြားခဲ့တယ်ဆိုတဲ့ အမှန်တရားကို လုံးဝ မဖော်ထုတ်ခဲ့ဘူးလို့ တရားရုံး မှတ်တမ်းတွေမှာ ပါရှိခဲ့ပါတယ်။

သူ့ရဲ့ တွဲဖက်ဖြစ်ခဲ့တဲ့ ဆွန်ကတော့ နိုင်ငံရပ်ခြား အစိုးရ တစ်ဦးအတွက် တရားမဝင် အေးဂျင့်အဖြစ် အလုပ်လုပ်ပေးခဲ့ကြောင်း ဝန်ခံခဲ့တဲ့နောက် ဖေဖော်ဝါရီလမှာ ထောင်ဒဏ် ၄ နှစ် ချမှတ်ခံရပြီးဖြစ်ကြောင်း သိရပါတယ်။

ကိုးကား: Los Angeles Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

သတင်း

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ကမ္ဘာလှည့် ခရီးသွားတွေကြား လူသိများရာ ရှုမျှော်ခင်းကြည့် နေရာ တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုတွေကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းထိ များပြားလာခဲ့ပါတယ်။

ဆောင်းပါး

တကယ်တော့ ဒီစာက အိမ်နီးချင်းကောင်းပီပီ ထိုင်းနိုင်ငံကို ကြိုတင်သတိပေးနိုင်ဖို့ အထူးပြုရေးတဲ့စာပါ။လက်မ တင်လေးဖြစ်ဖြစ်၊ လက်တစ်လုံးအလိုဖြစ်ဖြစ် ကြိုပြီးအသိပေးနိုင်၊ သတိပေးနိုင်ရင် ဆုံးရှုံးနစ်နာမှုဘေးကနေ ရှောင်လွှဲနိုင်မယ် မဟုတ်လား။