Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘေဂျင်းကို ပူတင် အလည်အပတ် ခရီးစဉ် ရောက်ရှိလာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ မေလ ၁၉ ရက် ညပိုင်းက တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ဆီ နိုင်ငံတော် အလည်အပတ် ခရီးစဉ် ရောက်ရှိလာခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ မေလ ၁၉ ရက် ညပိုင်းက တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ဆီ နိုင်ငံတော် အလည်အပတ် ခရီးစဉ် ရောက်ရှိလာခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ တရုတ် ခရီးစဉ်အပြီး တစ်ပတ်တောင် မကြာတဲ့ အချိန်မှာပဲ တရုတ်ကို ပူတင်လည်း ထပ်မံ ရောက်ရှိလာတာ ဖြစ်ပါတယ်။

လေယာဉ်ပေါ်က ဆင်းသက်လာတဲ့ ပူတင်ကို နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ ဦးဆောင်တဲ့ တရုတ် အစိုးရ အရာရှိတွေက ကြိုဆိုခဲ့ကြပါတယ်။ ပူတင်နဲ့ ဝမ်ယိတို့ဟာ ရင်းရင်းနှီးနှီး လက်ဆွဲ နှုတ်ဆက်ပြီးတဲ့နောက် ကော်ဇောနီ လျှောက်လမ်းအတိုင်း ထွက်ခွာခဲ့ကြပါတယ်။

ပူတင်ကို တရုတ်စစ်တပ်ရဲ့ ဘင်ခရာ တပ်ဖွဲ့က ဂုဏ်ပြုတီးမှုတ် ကြိုဆိုခဲ့ပြီး နှစ်နိုင်ငံ အလံတွေ ဝှေ့ယမ်းနေတဲ့ တရုတ် ကလေးငယ်တွေကလည်း နှုတ်ဆက်နေခဲ့တာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ပူတင်ဟာ တရုတ်မှာ ၂ ရက်ကြာ ခရီးစဉ်အတွင်း အိမ်ရှင်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေနဲ့ ဒေသတွင်း၊ နိုင်ငံတကာ အခြေအနေတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ပြီးတော့ တရုတ်နဲ့ ရုရှား ခေါင်းဆောင်တွေဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ မဟာဗျူဟာ သဘောတူညီမှု စာချုပ်တွေကိုလည်း လက်မှတ်ရေးထိုးဖို့ စီစဉ်ထားပါတယ်။

ထရမ့်ရဲ့ ဘေဂျင်းခရီးစဉ်မှာ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမှုတွေ မျှော်လင့်ထားသလောက် မအောင်မြင်ခဲ့ဘူးလို့ နိုင်ငံတကာရေးရာ အကဲခတ်တွေက သုံးသပ်နေချိန်မှာ ပူတင်ကလည်း တရုတ်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

တရုတ်နဲ့ ရုရှားရဲ့ ဆက်ဆံရေးဟာ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့တဲ့နောက်ပိုင်း တောက်လျှောက် တိုးတက်လာနေခဲ့ပါတယ်။

ပူတင်ရဲ့ ခရီးစဉ်ဟာ တရုတ်-ရုရှား နှစ်နိုင်ငံ ချစ်ကြည်ရေးစာချုပ် ချုပ်ဆိုမှု ၂၅ နှစ်ပြည့် အထိမ်းအမှတ် ကာလနဲ့လည်း သက်ဆိုင်နေပါတယ်။

ပူတင်ဟာ မနှစ်က စက်တင်ဘာလတုန်းက တရုတ်နိုင်ငံကို နောက်ဆုံးအကြိမ် ရောက်ရှိခဲ့ဖူးပြီး အဲဒီတုန်းက တိယန်ကျင့်မြို့မှာ ကျင်းပခဲ့တဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ရဲ့ နှစ်ပတ်လည် ညီလာခံကို တက်ရောက်ခဲ့တာဖြစ်သလို ရှီနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ရှီက ပူတင်ကို မိတ်ဆွေဟောင်းကြီးလို့ ရည်ညွှန်းခဲ့ပြီး ပူတင်ကလည်း ရှီကို ခင်မင်ရင်းနှီးရတဲ့ မိတ်ဆွေကြီးလို့ သုံးနှုန်းခဲ့ပါတယ်။ တရုတ်မှာတော့ မိတ်ဆွေဟောင်းကြီး ဆိုတာဟာ အစိုးရနဲ့ ကွန်မြူနစ်ပါတီ အကြီးအကဲတွေ အထူးမျက်နှာသာပေးတဲ့ နိုင်ငံခြားသားတွေကို ရည်ရွယ်တဲ့ စံသတ်မှတ်ချက် အသုံးအနှုန်းတစ်ခုလို့လည်း သိရပါတယ်။

ကိုးကား: SCMP

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

Facebook