Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒရုန်းနဲ့ ဒုံးကျည်တွေကို ကြားဖြတ် ပစ်ချခဲ့ကြောင်း ကူဝိတ်စစ်တပ်ပြော

ရန်လိုတိုက်ခိုက်လာတဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေကို အောင်အောင်မြင်မြင် ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း ကူဝိတ်စစ်တပ်က ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

ရန်လိုတိုက်ခိုက်လာတဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေကို အောင်အောင်မြင်မြင် ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း ကူဝိတ်စစ်တပ်က ကြေညာခဲ့ပါတယ်။

ဇွန်လ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ကူဝိတ်ရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေဟာ ဆက်တိုက် ပျံသန်းလာတဲ့ ဒုံးကျည်နဲ့ ဒရုန်းတချို့ကို ပစ်ချနိုင်ခဲ့ကြောင်း ဖော်ပြ ပါရှိခဲ့ပါတယ်။ ဒုံးကျည်နဲ့ ဒရုန်းတွေကို ပစ်ချနေချိန် အတောအတွင်း ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံရဲ့ ဒေသတချို့မှာ လေကြောင်း အန္တရာယ် အချက်ပေး ဥဩသံတွေ မြည်ဟည်းနေခဲ့သလို နေရာတချို့မှာလည်း ပေါက်ကွဲသံတွေကို ကြားနေခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ ကူဝိတ်စစ်တပ်က လူမှုကွန်ရက်မီဒီယာ Xကနေ ကြေညာခဲ့ရမှာ ပေါက်ကွဲသံ အားလုံးဟာ ရန်လိုတိုက်ခိုက်မှုကို လေကြောင်းကာကွယ်ရေး စနစ်တွေက ပစ်ချနေတာတွေ ဖြစ်ကြောင်း၊ ရန်သူရဲ့ အောင်မြင်တဲ့ တိုက်ခိုက်မှုတွေကြောင့် မဟုတ်ဘဲ တန်ပြန် ပစ်ချမှုတွေကြောင့် ထွက်ပေါ်လာတဲ့ အသံတွေသာ ဖြစ်တယ်ဆိုတာ ပြည်သူတွေကို အသိပေးလိုကြောင်း ပါရှိခဲ့ပါတယ်။

ကူဝိတ် အစိုးရပိုင် KNUA သတင်းဌာနက အမေရိကန်နဲ့ အီရန်တို့ကြား လက်ရှိ အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ အပစ်အခတ် ရပ်စဲထားပေမယ့်လည်း နိုင်ငံပိုင်နက်ကို ခြိမ်းခြောက်လာတဲ့ တိုက်ခိုက်မှုတွေကြောင့် လေကြောင်း အန္တရာယ် အချက်ပေး ဥဩတွေ ဆွဲခဲ့ရတာ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အီရန်နဲ့ အမေရိကန်တို့ကြား စစ်ပွဲဖြစ်ပွားနေချိန် ကာလအတောအတွင်း အမေရိကန် မဟာမိတ် ကူဝိတ်ဟာလည်း အီရန် ဒုံးကျည်နဲ့ ဒရုန်းတွေရဲ့ ပစ်မှတ် ဖြစ်ခဲ့ဖူးပါတယ်။

အခုဖြစ်ရပ်မှာတော့ ဒရုန်းနဲ့ ဒုံးကျည်တွေကို ဘယ်သူက ပစ်လွှတ်ခဲ့သလဲ ဆိုတာကို ကူဝိတ်က တိတိကျကျ စွပ်စွဲ ကြေညာတာ မရှိသေးပါဘူး။ ပြီးတော့ ထိခိုက်ဒဏ်ရာရမှုနဲ့ ရုပ်ဝတ္ထု အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှု သတင်းမျိုးတွေလည်း မကြားရသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း အီရန်နဲ့ အမေရိကန်တို့ကြားမှာ အကန့်အသတ်နဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေ ရှိခဲ့ပေမယ့်လည်း ဧပြီ ၈ ရက်နေ့ ကတည်းက ကြေညာထားတဲ့ အပစ်ရပ် သဘောတူညီမှုက ဆက်လက် တည်တံ့နေဆဲ ဖြစ်ပါတယ်။

ကိုးကား: WION

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။