Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေဒဏ်ကြောင့် ပြည်ပကနေ ဓာတ်ဆီ ပြန်တင်သွင်းရတော့မယ့် ရုရှား

ရှားပါးတဲ့ အခြေအနေ တစ်ခုအဖြစ် ရုရှားဟာ ပြည်ပကနေ လောင်စာဆီ ပြန်လည်ဝယ်ယူ တင်သွင်းသွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ - AFP

ရှားပါးတဲ့ အခြေအနေ တစ်ခုအဖြစ် ရုရှားဟာ ပြည်ပကနေ လောင်စာဆီ ပြန်လည်ဝယ်ယူ တင်သွင်းသွားမယ်လို့ သိရပါတယ်။

ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ရုရှားရဲ့ ရေနံချက် စက်ရုံတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေ ထိခိုက် ပျက်စီးခဲ့တာကြောင့် ပြည်တွင်းမှာ လောင်စာဆီ ပြတ်လပ်မှုတချို့ ရှိနေကြောင်း ရုရှား သမ္မတ ဗလာဒီမာပူတင်ကိုယ်တိုင် ဝန်ခံခဲ့ပြီး ရက်အနည်းငယ် အကြာမှာ ဒီသတင်း ထွက်ပေါ်လာတာပါ။

ပုံမှန်ဆိုရင် ရုရှားဟာ ကမ္ဘာပေါ်မှာ ပြည်ပကို လောင်စာဆီ တင်ပို့ရောင်းချမှု အများဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး ပြန်လည် တင်သွင်း ဝယ်ယူဖို့ မလိုအပ်ခဲ့ပါဘူး။ ဒါပေမဲ့ ယူကရိန်း လက်ချက်ကြောင့် ရုရှားရဲ့ ရေနံချက် စက်ရုံတွေ ပိတ်ကုန်ပြီး ရေနံချက်လုပ်နိုင်စွမ်း ၂၅ ရာခိုင်နှုန်းလောက် ကျဆင်းသွားချိန်မှာ အပြောင်းအလဲကို စဉ်းစားလာရတာ ဖြစ်ပါတယ်။

ရုရှားအစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ဓာတ်ဆီဝယ်ယူ တင်သွင်းဖို့ ဆွေးနွေးမှုတွေ ရှိနေတယ် ဆိုတာကို ဇွန်လကုန်မှာ သတင်းထောက်တွေဆီ အတည်ပြုခဲ့ပါတယ်။ သူက ဘယ်နိုင်ငံဆီကနေ ဆီဝယ်ယူမှာလဲ ဆိုတာကို ထုတ်မပြောပေမယ့် ကာဇက်စတန်ဆီကနေ 92 octane ဓာတ်ဆီ မက်ထရစ်တန် ၅ သောင်းလောက် ဝယ်ယူဖို့ ညှိနှိုင်းနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ပူတင်က ပြည်တွင်း နေရာတချို့မှာ လောင်စာဆီ ပြတ်လပ်မှုတွေ ဖြစ်နေတာကို ဝန်ခံခဲ့သလို နိုင်ငံရဲ့ အပိုဆောင်း ရေနံ သိုလှောင်မှု လျော့ကျလာနေတာကိုလည်း အတည်ပြုခဲ့ပါတယ်။

ရုရှားဟာ ပုံမှန် အခြေအနေဆိုရင် ကမ္ဘာပေါ်မှာ ရေနံစိမ်း တင်ပို့မှု ဒုတိယ အများဆုံး၊ ဓာတ်ဆီနဲ့ ဆက်စပ်ပစ္စည်းတွေ တင်ပို့မှု တတိယ အများဆုံး နိုင်ငံဖြစ်ပါတယ်။ အခုတော့ အဲဒီနိုင်ငံမျိုးက ပြည်ပကနေ လောင်စာဆီ ပြန်ဝယ်ရတော့မယ် ဆိုတာက နိုင်ငံရေးနဲ့ စီးပွားရေးအရ အံ့ဩစရာ အခြေအနေ တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။

သတင်းတွေအရ ရုရှားထိန်းချုပ်ထားရာ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်နဲ့ ရုရှားပြည်မကြီးက ဒေသတချို့မှာ လောင်စာဆီ ပြတ်လပ်မှုတွေ အထင်အရှား ကြုံတွေ့နေကြောင်းလည်း သိရပါတယ်။

ကိုးကား: Politico

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆွီဒင်ရဲ့ အဆင့်မြင့် တိုက်လေယာဉ်သစ် ၁၆ စီး အရောင်းအဝယ် စာချုပ်ကို ယူကရိန်းနဲ့ ဆွီဒင်တို့ကြား တရားဝင် လက်မှတ်ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေကြောင့် လောင်စာဆီ ပြတ်လပ်မှုတွေ ကြုံတွေ့နေကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဝန်ခံခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက မဟာဗျူဟာအရ အထူးအရေးကြီးတဲ့ မြို့တစ်မြို့နားမှာ ရုရှားတပ်တွေ စုဝေးနေတဲ့နောက် ယူကရိန်းရဲ့ ဒေသတွင်း ထိန်းချုပ်နယ်မြေတွေ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

Facebook