Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ပါယာစတိတ် အဆောက်အအုံ ထိပ်ဖျားမှာ လက်ထပ်ခွင့်တောင်းတဲ့ ရုရှားစုံတွဲ အဖမ်းခံရ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာရှိတဲ့ အထပ် ၁၀၀ ကျော် မြင့်မားတဲ့ အင်ပါယာစတိတ် မျှော်စင် အဆောက်အအုံကြီး ထိပ်ဖျားထိတက်ပြီး ဆန္ဒပြတဲ့သလို လက်ထပ်ခွင့်ပါ တောင်းခဲ့တဲ့ ရုရှား အမျိုးသားနဲ့ အမျိုးသမီးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာရှိတဲ့ အထပ် ၁၀၀ ကျော် မြင့်မားတဲ့ အင်ပါယာစတိတ် မျှော်စင် အဆောက်အအုံကြီး ထိပ်ဖျားထိတက်ပြီး ဆန္ဒပြတဲ့သလို လက်ထပ်ခွင့်ပါ တောင်းခဲ့တဲ့ ရုရှား အမျိုးသားနဲ့ အမျိုးသမီးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

ရုရှား လူစွန့်စားတွေဖြစ်တဲ့ ဗန်ညာ ဘီယာကူစ်နဲ့ အန်ဂျလာ နီကိုလော့တို့ဟာ တရားဝင် အသိအမှတ်ပြုထားတာ မဟုတ်တဲ့ အမိုးထိပ်ဖျားတက်ရောက်ခြင်း အားကစားနည်းရဲ့ သံတမန်တွေ အနေနဲ့ သတ်မှတ် ခံထားရသူတွေလည်း ဖြစ်ပါတယ်။ ဇူလိုင် ၁ ရက်နေ့မှာတော့ သူတို့တွေဟာ အနက်ရောင် ဆင်တူဝတ်ပြီး အင်ပါယာစတိတ်ရဲ့ ထိပ်ဖျားမှာရှိတဲ့ အင်တင်နာထိ တွယ်တက်ခဲ့ကြပါတယ်။

အဲဒီနေရာမှာ သူတို့နှစ်ဦးက နမ်းရှုပ်နေခဲ့ကြပြီး ဘီယာကူစ်က နီကိုလော့ကို လက်ထပ်ခွင့် တောင်းခဲ့ပါတယ်။ အဲဒီနောက် သူတို့ဟာ ‘အာဏာကို ချစ်မြတ်နိုးခြင်းထက် ချစ်မေတ္တာရဲ့ စွမ်းအားက ပိုကြီးလာတဲ့ တစ်နေ့မှာ ကမ္ဘာကြီးဟာ ငြိမ်းချမ်းမှုကို သိမြင်ခွင့်ရမယ်’ဆိုတဲ့ စာတန်းပါတဲ့ အဝတ်စကို ဖြန့်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက ရုရှားစုံတွဲဟာ မြေပြင်ကနေ ၁၄၅၄ ပေလောက် မြင့်တဲ့နေရာဆီ ရောက်နေခဲ့ကြတာပါ။

သူတို့နှစ်ယောက် ဘယ်လိုနည်းနဲ့ အင်တင်နာပေါ် ရောက်သွားသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အဲဒီနေရာဟာ ၁ဝ၂ ထပ်မြင့်တဲ့ အဆောက်အအုံကြီးရဲ့ လူတွေတက်ရောက် လည်ပတ်ခွင့် ပြုထားတဲ့ အမိုးဧရိယာရဲ့ အထက် အတော်မြင့်မြင့်မှာ တည်ရှိနေတာပါ။

Public Service Announcement

Public Service Announcement

နောက်တော့ ရဲတွေက သူတို့ကို ကန့်သတ်ဧရိယာဆီ သွားရောက်မှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ အင်ပါယာစတိတ် အဆောက်အအုံ ကွပ်ကဲရေး အဖွဲ့ကလည်း အဲဒီစုံတွဲဟာ ခွင့်ပြုချက် မရဘဲ အင်တာနာပေါ် တွယ်တက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။

ရဲတွေက သူတို့နှစ်ဦးကို ခေါ်လာဖို့အတွက် အရာရှိ တစ်ဦးကို စေလွှတ်ခဲ့ပါတယ်။ ဘီယာကူစ်နဲ့ နစ်ကိုလော့တို့ဟာ ၂၀၂၄ ခုနှစ်တုန်းက Netflixမှာ ပြသခဲ့တဲ့ Skywalkers: A Love Storyဆိုတဲ့ မှတ်တမ်းရုပ်ရှင်မှာ ပါဝင်ခဲ့ကြဖူးပါတယ်။ အဲဒီ ရုပ်ရှင်မှာ သူတို့နှစ်ယောက်က မြို့ပြ အဆောက်အအုံ အမြင့်ကြီးတွေရဲ့ အမိုးတွေပေါ် လျှောက်သွားရတာကို တူတူညီညီ သဘောကျကြတဲ့ အကြောင်းတွေကို မျှဝေထားခဲ့ပါတယ်။

နီကိုလော့ရဲ့ ဖခင်ဖြစ်သူ ဒီမစ်ထရီ နစ်ကိုလော့က သူ့သမီးရဲ့ အခုလို အန္တရာယ်များလွန်းတဲ့ လုပ်ရပ်အပေါ် မစိုးရိမ်ကြောင်း၊ သူကိုယ်တိုင်လည်း ငယ်ငယ်က အမိုးထိပ်တွေ လျှောက်တက်ခဲ့ဖူးကြောင်း ပြောကြားခဲ့ပါတယ်။ သူက အင်ပါယာစတိတ်ရဲ့ ထိပ်ဖျားဆီ သမီးဖြစ်သူ တွယ်တက်မယ့် ကိစ္စကို ကြိုသိခဲ့သလားဆိုတာ တိတိကျကျ မှတ်ချက် မပေးပေမယ့် အမေရိကန် အပါအဝင် ဘယ်နိုင်ငံမှာမဆို အိမ်ခေါင်မိုးပေါ် တွယ်တက်တဲ့ ကိစ္စက ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အတူတူလောက်ပဲလို့ ယုံကြည်ကြောင်း ပြောဆိုသွားပါတယ်။

ဆပ်ကပ် စတန့်သမားဟောင်း တစ်ဦးဖြစ်တဲ့ ဒီမစ်ထရီဟာ သူ့သမီးရဲ့ အစီအစဉ်ကို ကြိုတင် သိရှိထားခဲ့ပြီး ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

အင်ပါယာစတိတ် စီမံခန့်ခွဲရေးအဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိကတော့ အဲဒီရုရှား စုံတွဲအနေနဲ့ အခုလို စတန့်ထွင်တာမျိုးကို ခွင့်ပြုချက် မရှိဘဲ လုပ်မယ့်အစား အမိုးပေါ်မှာ လက်ထပ်ခွင့်တောင်းဖို့ အထူးစီစဉ်ပေးထားတဲ့ ဒေါ်လာ ၁၀၀၀ တန် ‘Happily Ever Empire’ဆိုတဲ့ proposal packageကို ဝယ်ယူခဲ့သင့်ကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

Facebook