Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စပိန်က ​ပေါ်တူဂီကိုအနိုင်ယူပြီး ကွာတားဖိုင်နယ်တက်

​ရော်နယ်ဒိုရဲ့ ​နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲမျက်ရည်နဲ့နှုတ်ဆက်ခဲ့ရ

ဇူလိုင်-၇၊၂၀၂၆။People’s Spring

ကမ္ဘာ့ဖလား ဗိုလ်စွဲဖို့​ရေပန်းစားခဲ့တဲ့ ထိပ်သီး နှစ်သင်း​တွေ့ဆုံပွဲမှာ စပိန်က မိုရီနိုရဲ့ ၉၁ မိနစ်မှာသွင်းယူတဲ့ဂိုးနဲ့အနိုင်ရပြီး ကွာတားဖိုင်နယ်ကိုတက်​ရောက်သွားပါတယ်။

​ပေါ်တူဂီအသင်းဟာ ၁၆ သင်းအဆင့်က​နေ အိမ်ပြန်ခဲ့ရတာ​ကြောင့် အသက် ၄၁ နှစ်အရွယ်​ရော်နယ်ဒိုအတွက် ကစားသမားအ​နေနဲ့ ကမ္ဘာ့ဖလား ရယူဖို့ အခွင့်အလမ်းမရှိ​တော့ပါဘူး။ပွဲချိန်ပြည့်ဝင်ကစားခဲ့ပြီး ပွဲပြီးချိန်မှာ ​ရော်နယ်ဒို ဝမ်းနည်းပြီး ခေတ္တငို​ကြွေးခဲ့ပါတယ်။

ဂန္တဝင်ကစားသမား​တွေဖြစ်ပြီး ​သူတို့အတွက်နောက်​ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်တဲ့ မိုဒရစ်၊ ​နေမာ တို့အပြီး ​ရော်နယ်ဒိုလည်း ပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။​ရော်နယ်ဒိုဟာကမ္ဘာ့ဖလားပြိုင်ပွဲ ၆ ကြိမ်ဆက်ဝင်ကန်ခဲ့ပြီး

Public Service Announcement

Public Service Announcement

၂၇ ပွဲကစား ၁၁ ဂိုးသွင်းယူနိုင်တဲ့ မှတ်တမ်းစိုက်ထူခဲ့ပါတယ်။ဒါ​ပေမယ့်အမြင့်ဆုံး ၂၀၀၆ ခုနှစ်မှာ ဆီးမီးဖိုင်နယ်အထိရောက်ခဲ့ပြီး စတုတ္ထအဆင့်ရခဲ့တာဖြစ်ပါတယ်။​နောက်အကြိမ်​တွေမှာ ကွာတားဖိုင်နယ်အထိ ၁ ကြိမ်ပဲ​​ရောက်ပါတယ်။

ထိပ်သီး နှစ်သင်း​တွေ့ဆုံမှုမှာအကြိိတ်အနယ်ရှိခဲ့ပြီး ပွဲချိန်အများစုမှာ စပိန်က အသာစီးနဲ့ကစားနိုင်ခဲ့ပါတယ်။ စပိန်က ဂိုးကန်သွင်းခွင့်မှာ​ရော ​ဘောလုံးပိုင်ဆိုင်မှုမှာ​ရော ဂိုး​ပေါက်တည့်​အောင်ကန်နိုင်မှုမှာ​ရောအသာစီးရခဲ့​ပေမယ့် ဂိုရဖို့ ရုန်းကန်ခဲ့ရပါတယ်။

ယာမယ်လ်ရဲ့အတိုးအလှုပ်​တွေကို ​ပေါ်တူဂီကစားသမား နှစ်ဦး၊သုံးဦးနဲ့အ​ဆင့်ဆင့်ပိတ် သတိထားကစားခဲ့ရပြီး ယာမယ်လ်ကိုထိန်းရတဲ့ နူနိုမန်ဒက်စ် ၅၆ မိနစ်မှာ ဒဏ်ရာရပြီးလူစားလဲခဲ့ရတာက ​ပေါ်တူဂီ ကစားကွက်အ​ပေါ်ထိခိုက်​စေခဲ့ပါတယ်။

တစ်လုံးတည်း​သော အနိုင်ဂိုးကို လူစားဝင်ကစားသမားမိုရီနို က ကွင်းအတွင်းဝင်လာပြီး ၆ မိနစ်အကြာမှာပဲ ဖာရန်​​တောရက်စ်ရဲ့ လှပတဲ့ဖန်တီးမှုက​နေ ဂိုးသမားနဲ့တစ်ဦးချင်းအ​တွေ့မှာအပိုင်ကန်သွင်းခဲ့တာပါ ။

အ​ကောင်းဆုံးကစားသမားဆုကို ​တော့ စပိန်အသင်း​ခေါင်း​ဆောင် ရိုဒရီက ရရှိခဲ့ပါတယ်။စပိန်ဟာ ကွာတားဖိုင်နယ်မှာ အ​မေရီကန်-ဘယ်လ်ဂျီယံ ပွဲက နိုင်တဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဓါတ်ပုံ-Fifa , Getty

ဆက်စပ်သတင်းများ