Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့ဖလားက ထွက်ခွာခဲ့တဲ့နောက် ပေါ်တူဂီ အသင်းမန်နေဂျာ ရာထူးကနေ နုတ်ထွက်

ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ ပေါ်တူဂီအသင်း ရှုံးနိမ့် ထွက်ခွာခဲ့ရတဲ့နောက် အသင်းမန်နေဂျာ ရောဘတ်တို မာတီနက်ဇ်က ရာထူးက နုတ်ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ ပေါ်တူဂီအသင်း ရှုံးနိမ့် ထွက်ခွာခဲ့ရတဲ့နောက် အသင်းမန်နေဂျာ ရောဘတ်တို မာတီနက်ဇ်က ရာထူးက နုတ်ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။

စပိန်သား မန်နေဂျာက ပေါ်တူဂီ အသင်းနဲ့ သူ့ရဲ့ စာချုပ်ဟာ အခုအခါ ပြီးဆုံးသွားပြီဖြစ်ပြီး အသင်းအနေနဲ့ မန်နေဂျာသစ် တစ်ဦးကို ရှာဖွေရတော့မှာ ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ပေါ်တူဂီဟာ စပိန်အသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်ကနေ ထွက်ခွာခဲ့ရတဲ့နောက် မာတီနက်ဇ်လည်း ရာထူးကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားကို အရယူမယ်ဆိုတဲ့ စိတ်မျိုးနဲ့ သူက ပေါ်တူဂီမှာ အလုပ်လုပ်ခဲ့တာ ဖြစ်ကြောင်း၊ ဒီဖလားကို မရခဲ့တဲ့အတွက် သူလည်း အသင်းမှာ ဆက်နေဖို့ အကြောင်းမရှိတော့ကြောင်း မာတီနက်ဇ်က ဆိုပါတယ်။

သူ့စာချုပ်ဟာ အခုအခါ ပြီးဆုံးသွားပြီဖြစ်ပြီး ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်နဲ့ ဥက္ကဋ္ဌဟာ မန်နေဂျာသစ် တစ်ယောက်ကို ရှာဖွေရတော့မှာ ဖြစ်ကြောင်း၊ ဒီထက်များများ ပြောစရာ မရှိကြောင်း သတင်းထောက်တွေကို မာတီနက်ဇ်က မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူက ပေါ်တူဂီ အသင်းမန်နေဂျာ ဖြစ်ခွင့်ရခဲ့တာကို အရမ်းဂုဏ်ယူကြောင်း၊ သူ့ကို နွေးနွေးထွေးထွေး ဆက်ဆံမှုတွေကြောင့် ကိုယ်တိုင်က ပေါ်တူဂီသား တစ်ယောက်လို ခံစားမိခဲ့ကြောင်း၊ ပေါ်တူဂီ မန်နေဂျာ ဘဝဟာ ပျော်စရာ၊ ဂုဏ်ယူစရာနဲ့ တာဝန်ယူမှုတွေ ရောပြွန်းတဲ့ အရင်းအမြစ်တစ်ခု ဖြစ်ခဲ့ကြောင်းလည်း မာတီနက်ဇ်က ပြောကြားသွားပါတယ်။

စပိန်ကို ရှုံးနိမ့်ပြီးတဲ့နောက် အသက် ၄၁ နှစ်အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ လက်ရွေးစင် အသင်း အနာဂတ်လည်း ပြီးဆုံးတော့မယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ရှိနေပါတယ်။ ရော်နယ်ဒိုက စပိန်နဲ့ ပွဲစဉ် မတိုင်ခင်မှာ ဒါဟာ သူ့အတွက် နောက်ဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲဖြစ်မယ်လို့ ပြောကြားထားခဲ့ပါတယ်။

မာတီနက်ဇ်က ရော်နယ်လ်ဒိုရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ရှောင်လွှဲသွားခဲ့ပြီး အဲဒီအစား သူ့ရဲ့ အသင်းခေါင်းဆောင်ကို ကျေးဇူးတင်ကြောင်းပဲ ပြောဆိုသွားပါတယ်။ ရော်နယ်ဒိုနဲ့ ပတ်သက်ရင် ကျေးဇူးတင် စကားပဲ ပြောချင်ကြောင်း၊ သူဟာ စံနမူနာ ပြုထိုက်တဲ့ အသင်းခေါင်းဆောင်မျိုး ဖြစ်ကြောင်း၊ သူဘယ်လောက် ထူးချွန်သလဲ ဆိုတာကို သူ့ရဲ့ သွင်းဂိုး အရေအတွက်က သက်သေပြနေပြီး ဒါတင် မကသေးဘဲ ဂိုးဖန်တီးမှုတွေလည်း အများကြီးနဲ့ အသင်းကို ကူညီခဲ့ကြောင်း မာတီနက်ဇ်က ဆိုပါတယ်။

ရော်နယ်ဒိုဟာ နေ့စဉ်နဲ့အမျှ ဘောလုံးအတွက်ပဲ အာရုံစူးစိုက်ထားခဲ့ကြောင်း၊ သူ့ရဲ့ ဘဝတစ်ခုလုံးက ဘောလုံးအကြောင်းပဲ ဖြစ်နေပြီး ရှူသွင်းတဲ့ လေတောင်မှ ဘောလုံးအငွေ့အသက်တွေ ဖြစ်နေနိုင်ကြောင်း၊ ရော်နယ်ဒိုဟာ အမြဲတမ်း ဂုဏ်ယူ ချီးကျူးနေရမယ့် တကယ့် စံနမူနာကောင်း၊ စံပြုပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း မာတီနက်ဇ်က မှတ်ချက်ပေးသွားပါတယ်။

ပေါ်တူဂီဟာ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး စာရင်းထဲမှာ ပါဝင်ခဲ့ပေမယ့် သေးငယ်တဲ့ အမှားလေး တချို့ကပဲ ကံကြမ္မာ အလှည့်အပြောင်းတွေဆီ ဦးတည်စေခဲ့ကြောင်းလည်း သူက ဆိုပါတယ်။

ပေါ်တူဂီဟာ ခံစစ်မှာ ရဲရင့်ပြောင်မြောက်ခဲ့ပြီး အားမာန်ပါပါနဲ့ ကောင်းကောင်းကြီး ခုခံနိုင်ခဲ့ကြောင်း၊ ဒါပေမဲ့ ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်လို ပွဲစဉ်မျိုးမှာ အသေးစိတ် ကိစ္စလေးတွေက အရမ်း အရေးပါလာကြောင်း၊ ဘောလုံးတစ်လုံးက ဂိုးဘားတန်းကို ထိပြီးတဲ့အခါ ဂိုးဝင်မဝင် ဆိုတာမျိုး၊ နောက်ဆုံး မိနစ်ပိုင်းမှာ အမြန်ကန်ခဲ့တဲ့ ပြစ်ဒဏ်ဘော တစ်ခုကနေ ရသွားတဲ့ အခွင့်အရေးမျိုးတွေကနေ အရာရာ ပြောင်းလဲသွားနိုင်ကြောင်း မာတီနက်ဇ်က ပြောဆိုသွားပါတယ်။

အခုပွဲမှာ စပိန်ဟာ နောက်ဆုံး မိနစ်ပိုင်းမှာ ရခဲ့တဲ့ ပြစ်ဒဏ်ဘောကို အမြန်လူပေးရင်း ကစားကွက် တည်ဆောက်ရင်း ဂိုးသွင်းခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ပွဲချိန် အစောပိုင်းမှာ ပေါ်တူဂီရဲ့ အကောင်းဆုံး အခွင့်အရေး တစ်ခုအဖြစ် နောက်ခံလူ နူနိုမန်းဒက်စ်ရဲ့ ကန်ချက်ကလည်း ဂိုးဘားတန်း ထိထွက်သွားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ