Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်နဲ့ ဆွေးနွေးမှုတွေ မအောင်မြင်ရင် စစ်ရေးနည်းလမ်းကို ပြန်သုံးမယ်လို့ ထရမ့်ပြော

အီရန်အနေနဲ့ သဘောတူညီမှု တစ်ခုခုကို ရအောင် မရှာနိုင်ရင် အမေရိကန်က လုပ်လက်စ ကိစ္စတွေကို အပြီးအစီး လက်စသတ်မှာ ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အီရန်အနေနဲ့ သဘောတူညီမှု တစ်ခုခုကို ရအောင် မရှာနိုင်ရင် အမေရိကန်က လုပ်လက်စ ကိစ္စတွေကို အပြီးအစီး လက်စသတ်မှာ ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အီရန်အနေနဲ့ သဘောတူညီမှု တစ်ခုခုကို ရအောင် မရှာနိုင်ရင် အမေရိကန်က လုပ်လက်စ ကိစ္စတွေကို အပြီးအစီး လက်စသတ်မှာ ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဒါဟာ တကယ်လို့ အီရန်နဲ့ လက်ရှိ ဆွေးနွေးနေမှုတွေ အဆင်မပြေဘူးဆိုရင် အမေရိကန်က စစ်ရေးအရ တိုက်ခိုက်မှုတွေ ပြန်စလာမယ်လို့ ခြိမ်းခြောက်တဲ့ စကားလည်း ဖြစ်ပါတယ်။ ထရမ့်ဟာ အရင်ကလည်း ဒီလို သဘောထား မှတ်ချက်မျိုး မကြာခဏ ပြောဆိုခဲ့ဖူးပါတယ်။

လောလောဆယ်မှာတော့ အီရန်နဲ့ အမေရိကန်တို့ဟာ စစ်ပြေငြိမ်းရေး ဆွေးနွေးမယ့် နားလည်မှု သဝဏ်လွှာ လက်မှတ် ရေးထိုးထားသလို အပစ်အခတ်လည်း ရပ်စဲထားပါတယ်။ ဒါပေမဲ့လည်း နှစ်ဖက် ဆွေးနွေးမှုတွေကတော့ တိုးတက်မှု မရှိဘဲ ရပ်တန့်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ရွေးစရာ လမ်းကြောင်းနှစ်ခု ရှိကြောင်း၊ သဘောတူညီမှု တစ်ခုခု ရလာမလား၊ ဒါမှမဟုတ် အမေရိကန်က လုပ်စရာတွေကို လက်စသတ်ရမလား ဆိုတာဖြစ်ကြောင်း၊ အမေရိကန် အတွက်တော့ စထားတဲ့ကိစ္စကို အဆုံးသတ်ဖို့က အရမ်းခက်ခဲ ကြမ်းတမ်းတဲ့ အလုပ်မျိုး မဟုတ်ကြောင်း ထရမ့်က ဇူလိုင် ၆ ရက်နေ့တုန်းက အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်းထဲမှာ ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

သူ့အနေနဲ့ကတော့ သဘောတူညီမှု တစ်ခုခု ရလာဖို့ကိုပဲ လိုလားကြောင်း၊ အီရန်ပြည်သူ ၉၁ သန်းကို ဆိုးကျိုး ရိုက်ခတ်မှုတွေ မကြုံစေချင်ကြောင်း ထရမ့်က ဆိုပါတယ်။

အီရန်ရဲ့ တံတားတွေကို တစ်နာရီအတွင်း ချိုးပစ်နိုင်စွမ်းမျိုး အမေရိကန်မှာ ရှိနေကြောင်း၊ အီရန်ရဲ့ စွမ်းအင်ထောက်ပံ့ရေး စနစ်တွေကိုလည်း ဖျက်ဆီးပစ်နိုင်ကြောင်း၊ အီရန်မှာ ပိုက်ဆံမရှိကြောင်း၊ အမေရိကန်ကလည်း အီရန်ကို ဘာငွေကြေးမှ ပေးမထားကြောင်း ထရမ့်က ပြောကြားသွားပါတယ်။

အီရန် လုံခြုံရေး ကောင်စီရဲ့ အတွင်းရေးမှူး မိုဟာမက် ဘက္ကာ ဇိုကာဒါကတော့ ထရမ့်ရဲ့ ခြိမ်းခြောက်စကားတွေဟာ ထင်ယောင်ထင်မှားဖြစ်မှု သက်သက်ထက် မပိုဘူးလို့ ဆိုပါတယ်။

အီရန်ဆိုတာ ခြိမ်းခြောက်တဲ့ စကားတွေနဲ့ သိပ်ပြီး အကျွမ်းတဝင် မရှိတဲ့ နိုင်ငံဖြစ်ကြောင်း၊ ဒီတော့ အီရန်ပြည်သူတွေနဲ့ စကားပြောရင် လေးစားမှု ပြသဖို့ လိုကြောင်း၊ မဟုတ်ရင် အီရန်ကလည်း လေးစားမှုမဟုတ်တဲ့ တခြား ဆက်သွယ်ပြောဆိုမှု တစ်ခုခုနဲ့ တုံ့ပြန်မှာဖြစ်ကြောင်း သူက သတိပေးသွားပါတယ်။

အီရန်နဲ့ အမေရိကန်တို့ဟာ စစ်ပြေငြိမ်းရေးကိစ္စ အပြီးသတ်ညှိနှိုင်းမှုကို ရက်ပေါင်း ၆၀ အတွင်း ဆွေးနွေး အဖြေရှာဖို့ မူအားဖြင့် သဘောတူထားကြပါတယ်။

ကိုးကား: Reuters

ဓာတ်ပုံ – AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဟာ ပထမဆုံး အကြိမ်အဖြစ် ရေပေါ်သွား ဖောက်ခွဲရေး ဒရုန်းတွေကို စစ်ပွဲမှာ လက်တွေ့ အသုံးပြု တိုက်ခိုက်ခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြား စစ်ရေး ပဋိပက္ခတွေ ပိုမို အရှိန်မြင့်တက်လာပေမယ့် အီရန်နဲ့ သဘောတူညီမှုတစ်ခု ရယူနိုင်ဖို့ အလားအလာ ရှိနေဆဲလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နဲ့ တင်းမာမှုတွေ ပြန်လည် မြင့်တက်လာတဲ့နောက် ဟောမုဇ် ရေလက်ကြားကို ပိတ်လိုက်ကြောင်း အီရန်က ထုတ်ပြန်ပါတယ်။ အမေရိကန်ကလည်း အီရန်ကို တိုက်ခိုက်မှု အသစ်တွေ ဆက်လက် လုပ်ဆောင်နေကြောင်း ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဒေါ်နယ်လ်ထရမ့်အပေါ် အယုံအကြည် မရှိပေမယ့် အမေရိကန် နိုင်ငံကိုတော့ စစ်မှန်တဲ့ မိတ်ဆွေအဖြစ် ယူကရိန်းပြည်သူ အများစုက ဆက်လက် ယုံကြည်ထားဆဲလို့ စစ်တမ်းတစ်ခုက ညွှန်ပြခဲ့ပါတယ်။