Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမတ်အများစု ထောက်ခံမှုနဲ့အတူ ဗြိတိန် ဝန်ကြီးချုပ်သစ် ဖြစ်လာဖို့ သေချာနေတဲ့ ဘန်ဟမ်

အာဏာရ ပါတီရဲ့ အမတ်အများစုဆီက ထောက်ခံမဲတွေကို ရရှိခဲ့တဲ့နောက် အန်ဒီ ဘန်ဟမ်ဟာ ဗြိတိန်ရဲ့ ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Reuters

အာဏာရ ပါတီရဲ့ အမတ်အများစုဆီက ထောက်ခံမဲတွေကို ရရှိခဲ့တဲ့နောက် အန်ဒီ ဘန်ဟမ်ဟာ ဗြိတိန်ရဲ့ ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မယ်လို့ သိရပါတယ်။

လေဘာပါတီ ခေါင်းဆောင်နေရာနဲ့ ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်မယ်လို့ ကြေညာထားတဲ့ ဆာကီရာ စတာမာရဲ့ နေရာမှာ အစားထိုးဖို့ လေဘာပါတီ ခေါင်းဆောင်သစ် နေရာအတွက် အဆိုပြုမယ့် ပုဂ္ဂိုလ်တွေကို ဇူလိုင် ၉ ရက်နေ့မှာ စတင် လက်ခံခဲ့ရာမှာ ဘန်ဟမ် တစ်ဦးတည်းသာ နာမည်စာရင်း တင်သွင်းသေးပြီး တခြားပြိုင်ဘက်တွေ ထွက်ပေါ်မလာပါဘူး။

ပြီးတော့ လေဘာပါတီရဲ့ အမတ် စုစုပေါင်း ၃၂၂ ဦးက သူ့ကို ပါတီခေါင်းဆောင်နဲ့ ဝန်ကြီးချုပ် နေရာအတွက် သူ့ကို ထောက်ခံကြောင်း အတိအလင်း ကြေညာထားပါတယ်။ ပါတီခေါင်းဆောင် ဖြစ်လာဖို့အတွက် အမတ်စုစုပေါင်း ၃၂၃ ဦးရဲ့ ထောက်ခံချက် လိုအပ်ပြီး ဘန်ဟမ်အတွက် နောက်ထပ် တစ်ဦးက ထပ်မံ ထောက်ခံရုံနဲ့တင် ဝန်ကြီးချုပ်နေရာ ရရှိတော့မယ့် အဓိပ္ပါယ်ပါ။ ပြီးတော့ သင်္ချာနည်းအရ ဘယ်ပြိုင်ဘက်ကမှလည်း သူ့ကို စိန်ခေါ်နိုင်စွမ်း မရှိတော့ဘူးဆိုတဲ့ သဘောပါပဲ။

ပါတီခေါင်းဆောင် နေရာအတွက် အဆိုတင်မယ့် ပုဂ္ဂိုလ်ဟာ အနည်းဆုံး အမတ် ၈၁ ဦးစာ ထောက်ခံမှုကို လိုအပ်မှာဖြစ်ပြီး ဘန်ဟမ်က အမတ်နေရာ အများစုရဲ့ ကျောထောက်နောက်ခံ အင်အားကို ရရှိထားပြီး ဖြစ်တာကြောင့် တခြားသူတွေကလည်း ထောက်ခံအင်အား ၈၁ ဦးရအောင် စုစည်းနိုင်ခြေ မရှိပါဘူး။

Public Service Announcement

Public Service Announcement

တကယ်လို့ လက်ရှိ အခြေအနေအရ ခန့်မှန်းထားတဲ့အတိုင်း သူ့ကို စိန်ခေါ်မယ့် ပြိုင်ဘက် မရှိဘူးဆိုရင် ဘန်ဟမ်ဟာ လာမယ့် သီတင်းပတ်မှာ လေဘာပါတီ ခေါင်းဆောင် နေရာကို ရယူနိုင်မှာဖြစ်ပြီး ဇူလိုင် ၂၀ ရက်နေ့မှာ ဝန်ကြီးချုပ်သစ် အနေနဲ့ တရားဝင် တင်မြှောက်ခံရမယ်လို့ သိရပါတယ်။

သူ့ကို ပါတီခေါင်းဆောင် နေရာအတွက် ဝိုင်းဝန်းထောက်ခံ ဆန္ဒပြုပေးခဲ့တဲ့ အမတ်တွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။ သူ့အတွက် ထောက်ခံမှုတွေဟာ ပါတီရဲ့ အလွှာပေါင်းစုံကနေ ရောက်ရှိလာတာ ဖြစ်ကြောင်း၊ ဒါဟာ နိုင်ငံရေးအရ သစ်လွင်တဲ့ ချဉ်းကပ်မှုတစ်ခု လိုအပ်နေပြီ ဆိုတာကို ပါတီရဲ့ အစိတ်အပိုင်း အသီးသီးက နက်နက်ရှိုင်းရှိုင်း ယုံကြည်နေတယ် ဆိုတာကို မြင်သာလာစေကြောင်း သူက ဆိုပါတယ်။

လက်ရှိ ဗြိတိန် ဝန်ကြီးချုပ် စတာမာဟာ စီးပွားရေးနဲ့ စွမ်းအင်ရေးရာ မူဝါဒတွေမှာ ပြင်းထန်တဲ့ ဝေဖန်မှုတွေ ကြုံတွေ့ခဲ့ပြီး ပါတီတွင်း ထောက်ခံမှုတွေ ဆိုးဆိုးရွားရွား ကျဆင်းလာတဲ့နောက် ရာထူးကနေ နုတ်ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။

သူဟာ ပါတီခေါင်းဆောင်သစ်နဲ့ ဝန်ကြီးချုပ်သစ် နေရာတွေအတွက် လူသစ် မရွေးချယ်ရသေးခင်မှာ ဝန်ကြီးချုပ် တာဝန်ကို ဆက်လက် ထမ်းဆောင်ပေးနေပြီး ဘန်ဟမ် ကျမ်းသစ္စာကျိန်ဆိုမယ့် နေ့မှာပဲ ဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်မှာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ