Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ကို လုပ်ကြံမယ့် အီရန်ရဲ့ အကြံအစည်ကို အစ္စရေးက အမေရိကန်ဆီ မျှဝေအသိပေးခဲ့တယ်လို့ဆို

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို လုပ်ကြံဖို့ အီရန်ရဲ့ အကြံအစည် တစ်ခုကို အစ္စရေး ထောက်လှမ်းရေးက အမေရိကန်ဆီ မျှဝေ အသိပေးထားကြောင်း သိရပါတယ်။

ဓာတ်ပုံ - Getty

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို လုပ်ကြံဖို့ အီရန်ရဲ့ အကြံအစည် တစ်ခုကို အစ္စရေး ထောက်လှမ်းရေးက အမေရိကန်ဆီ မျှဝေ အသိပေးထားကြောင်း သိရပါတယ်။

ဇူလိုင် ၉ ရက်နေ့မှာ အမေရိကန် သတင်းဌာန တစ်ခုဖြစ်တဲ့ CNNက အဲဒီသတင်းကို စတင် ဖော်ပြခဲ့တာပါ။ အီရန်နဲ့ အမေရိကန်တို့ကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ပြန်လည် စတင်နေပြီး အပစ်ရပ် သဘောတူညီမှု ဆက်လက် တည်မြဲဖို့ မရေမရာ ဖြစ်လာချိန်မှာ အခုသတင်း ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

အစ္စရေး ထောက်လှမ်းရေးဟာ အခုသီတင်းပတ်ထဲမှာ အဲဒီ အချက်အလက်တွေကို အမေရိကန်ဆီ မျှဝေ ပေးပို့ခဲ့တာလို့ ဆိုပါတယ်။ ထရမ့်ကို လုပ်ကြံဖို့ အီရန်က အသေးစိတ် ကြံစည်ထားတဲ့ အစီအစဉ် အသစ်အကြောင်းကို အစ္စရေး ထောက်လှမ်းရေးက ခြေရာခံ သိရှိခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ အမေရိကန်ဟာ စဉ်ဆက်မပြတ် သတိထား ဆန်းစစ်မှုတွေကို လုပ်နေပေမယ့် အစ္စရေးရဲ့ သတိပေးမှုက စိုးရိမ်စရာ ရှုထောင့်အသစ်မျိုး ဖြစ်လာစေတယ်လို့လည်း CNNက ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အီရန်ရဲ့ အကြံအစည်က ဘယ်လိုလဲ ဆိုတာကိုတော့ တိတိကျကျ ရေးသားမထားပါဘူး။

Public Service Announcement

Public Service Announcement

ထရမ့်ဟာ အခုသီတင်းပတ် အစောပိုင်းက တူရကီနိုင်ငံ၊ အန်ကာရာမြို့မှာ ကျင်းပတဲ့ NATO စစ်မဟာမိတ်အဖွဲ့ ညီလာခံကနေ ပြန်လည် ထွက်ခွာလာရာမှာ သမ္မတ စီးတော်လေယာဉ် Air Force One အသစ်ကို အသုံးမပြုခဲ့ခြင်းကလည်း အခုကိစ္စနဲ့ ဆက်စပ်မှု ရှိနိုင်ကြောင်း ခန့်မှန်းချက်တွေ ထွက်ပေါ်နေပေမယ့် သီးခြား အတည်မပြုနိုင်ပါဘူး။

အမေရိကန်ဟာ မဟာမိတ် ကာတာနိုင်ငံက လက်ဆောင်ပေးထားတဲ့ Boeing 747-8 လေယာဉ်ကြီးကို Air Force Oneအဖြစ် ပြောင်းလဲထားတာပါ။ အဲဒီလေယာဉ်ဟာ ဝေဟင်နန်းတော်လို့ ရည်ညွှန်းရလောက်အောင် ခေတ်အမီဆုံး၊ အခမ်းနားဆုံး တည်ဆောက်ထားပေမယ့် အမေရိကန်က ရှိရင်းစွဲ အသုံးပြုနေတဲ့ Air Force One အဟောင်း နှစ်စီးလိုမျိုး ကြားဖြတ်တိုက်ခိုက်မှုကို တုံ့ပြန်နိုင်တဲ့ စနစ်တွေ မတပ်ဆင်ရသေးဘူးလို့ ဆိုပါတယ်။ ဒါကြောင့်လည်း နိုင်ငံရပ်ခြား ခရီးစဉ်တွေမှာ အသုံးပြုတဲ့အခါ လုံခြုံရေးဆိုင်ရာ ဟာကွက်တွေ ဖြစ်လာမှာကို စိုးရိမ်ရပါတယ်။

Wall Street ဂျာနယ်ကလည်း အမေရိကန် အစိုးရရဲ့ အမည်မဖော်တဲ့ လုံခြုံရေးဆိုင်ရာ သတင်းရင်းမြစ် တချို့ကို ကိုးကားပြီး အခုသိရှိရလာရတဲ့ ထောက်လှမ်းရေး သတင်း အချက်အလက်တွေဟာ သစ်လွင်တဲ့ အစီအမံမျိုး ဖြစ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

AFP သတင်းဌာနက ဒီအကြောင်းကို အိမ်ဖြူတော်ဆီ ဆက်သွယ်မေးမြန်းတဲ့အခါ တိုက်ရိုက် မဖြေဘဲ ဇူလိုင် ၈ ရက်နေ့မှာ ထရမ့် ပြောဆိုခဲ့တဲ့ စကားတစ်ခွန်းကိုပဲ ပြန်လည် ရည်ညွှန်း ကိုးကားခဲ့ပါတယ်။

အဲဒီစကားထဲမှာတော့ ထရမ့်က အီရန်ဟာ အမေရိကန်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ သူ့ကို အပြတ်ရှင်းပစ်ချင်နေကြောင်း၊ အီရန်က ရှင်းဖို့ ကြံစည်နေသူတွေ စာရင်းမှန်သမျှထဲမှာ သူပါဝင်နေတယ် ဆိုတာကို မနက်ကတင် တွေ့မြင်ခဲ့ကြောင်း ထရမ့်က တူရကီကနေ အပြန် Air Force Oneပေါ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ထရမ့်ဟာ တူရကီကနေ ထွက်ခွာလာချိန်မှာ Air Force One အဟောင်းကို အသုံးပြုခဲ့ပြီး ဗြိတိန်မှာ ခရီးတစ်ထောက်နားရင်း Air Force One အသစ်ဆီ လေယာဉ်ပြောင်း စီးခဲ့ပါတယ်။ ဒါဟာ လုပ်ရိုးလုပ်စဉ်တွေနဲ့ ကွဲပြားနေပြီး Air Force One အသစ်ရဲ့ လုံခြုံရေး စံနှုန်းတွေအပေါ် ဝေဖန် မေးခွန်းထုတ်မှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်နဲ့ နောက်ထပ် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ လက်ခံထားပေမယ့်လည်း နှစ်နိုင်ငံကြား အပစ်ရပ် သဘောတူညီမှုကတော့ ပျက်ပြယ်သွားခဲ့ပြီး ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ရန်လိုမှုတွေကို လက်တုံ့ပြန်တဲ့ အနေနဲ့ ပင်လယ်ကွေ့ဒေသတွင်း နိုင်ငံသုံးခုကို တိုက်ခိုက်ခဲ့ကြောင်း အီရန်က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဆယ်စုနှစ် တစ်ခုလောက်ကြာအောင် ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံအဖြစ် သတ်မှတ်ထားမှုကနေ ပြန်လည် ရုပ်သိမ်းပေးမယ်လို့ အမေရိကန် အစိုးရက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

Patriot လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေကို ယူကရိန်းကိုယ်တိုင် ထုတ်လုပ်ဖို့ ခွင့်ပြုပေးသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။