Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘာဗီ တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာတဲ့နောက် မြောက်ကိုရီးယားမှာ သတိပေးချက်တွေ ထုတ်ပြန်

တိုင်ဖွန်းမုန်တိုင်း ဘာဗီ နီးကပ်လာတဲ့နောက် မြောက်ကိုရီးယားမှာ ရာသီဥတုဆိုင်ရာ အရေးပေါ် သတိပေးချက်တွေ အပူတပြင်း ထုတ်ပြန်ထားပါတယ်။

တိုင်ဖွန်းမုန်တိုင်း ဘာဗီ နီးကပ်လာတဲ့နောက် မြောက်ကိုရီးယားမှာ ရာသီဥတုဆိုင်ရာ အရေးပေါ် သတိပေးချက်တွေ အပူတပြင်း ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁၄ ရက်နေ့မှာ မြောက်ကိုရီးယား အစိုးရက တိုင်ဖွန်းဘာဗီ ဦးတည်လာနေတဲ့ အခြေအနေကြောင့် နိုင်ငံအနှံ့မှာ မိုးသည်းထန်ပြီး လေပြင်းတွေ တိုက်ခတ်နိုင်ကြောင်း ကြေညာခဲ့ပါတယ်။ ထိခိုက်ပျက်စီးမှုတွေကို ကြိုတင် တားဆီးနိုင်ဖို့အတွက် ပြည်သူတွေ အနေနဲ့ အမြင့်ဆုံးအဆင့် နိုးကြား သတိရှိနေကြဖို့လည်း အစိုးရက သတိပေးခဲ့ပါတယ်။

အခြေခံ အဆောက်အအုံတွေ အရည်အသွေး အားနည်းမှု၊ နိုင်ငံရဲ့ စီးပွားရေး ယိမ်းယိုင်မှုတွေကြောင့် မြောက်ကိုရီးယားဟာ သဘာဝ ဘေးအန္တရာယ်တွေရဲ့ ရိုက်ခတ်မှုကို ပိုပြီး ပြင်းပြင်းထန်ထန် သက်ရောက် ခံစားရနိုင်ပါတယ်။

ဘာဗီဟာ တရုတ်ကို ကုန်းတွင်းဝင်ရောက် တိုက်ခတ်ခဲ့ပြီးတဲ့နောက် ပင်လယ်ဝါ ရေပြင်ကို ဖြတ်ပြီး ဇူလိုင် ၁၄ ရက် ညပိုင်းနဲ့ ၁၅ ရက်နေ့ မနက်ပိုင်းတွေအတွင်း မြောက်ကိုရီးယားနိုင်ငံ အလယ်ပိုင်းကို ဖြတ်သန်းဖွယ် ရှိနေပါတယ်။ မုန်တိုင်းဟာ တိုင်ဖွန်းအဆင့်ကနေ အားလျော့လာပြီး အပူပိုင်း လေဖိအားနည်း ရပ်ဝန်းတစ်ခုအဖြစ်နဲ့ မြောက်ကိုရီးယားကို ဝင်ရောက်နိုင်ပါတယ်။

Public Service Announcement

Public Service Announcement

အစိုးရပိုင် ရိုဒွန်ဆင်မွန် သတင်းစာကတော့ ဘာဗီ ဖြတ်သန်းတိုက်ခတ်ချိန်မှာ မိုးသည်းထန်မှု၊ လေပြင်းတိုက်ခတ်မှုလိုမျိုး ရာသီဥတု အခြေအနေတွေ ကြုံရနိုင်ကြောင်း နိုင်ငံရဲ့ မိုးလေဝသ အေဂျင်စီကို ကိုးကား ဖော်ပြခဲ့ပါတယ်။

မုန်တိုင်းကြောင့် ကြုံလာမယ့် ထိခိုက်သက်ရောက်မှု အခြေအနေဆိုးတွေကို အတတ်နိုင်ဆုံး တားဆီးဖို့အတွက် ပြည်သူတွေရော၊ ဌာနဆိုင်ရာ အာဏာပိုင် အသီးသီးပါ အနိုးကြားဆုံး ပြင်ဆင်ထားကြဖို့လည်း သတင်းစာက ထည့်သွင်း တိုက်တွန်းခဲ့ပါတယ်။

မြောက်ကိုရီးယား အစိုးရပိုင် နောက်ထပ် သတင်းဌာန တစ်ခုဖြစ်တဲ့ KCNAက ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ ပြည်တွင်းမှာ သဘာဝ ဘေးအန္တရာယ် တားဆီးကာကွယ်ရေး အစီအမံတွေကို အရှိန်အဟုန်မြှင့် ပြင်ဆင်ထားကြောင်း ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ အိမ်နီးချင်း ပြိုင်ဘက်ဖြစ်တဲ့ တောင်ကိုရီးယားမှာလည်း မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကို ကြုံနေရပြီး တချို့နေရာတွေမှာ မိုးရေချိန် ၂၀၀ မီလီမီတာလောက်ထိ ရွာချခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းက ဂျောင်ဆန်း ဒေသမှာတော့ အသက် ၇၀ ကျော် အမျိုးသားကြီး တစ်ဦးဟာ မြစ်ရေလျှံရာကနေ ရေစီးနဲ့ မျောပါသွားပြီး ပျောက်ဆုံးနေပါတယ်။ ချွန်ချောင်းဒေသမှာလည်း ရေကြီးမှုတွေကြောင့် လူပေါင်း ရာနဲ့ချီ ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဒေါ်လ်ဖင် ကုန်းတွင်းဝင်ရောက် တိုက်ခတ်မှုကြောင့် တရုတ်မှာ လူ ၁ သန်းလောက် ယာယီ ရွှေ့ပြောင်းခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာမှုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လူပေါင်း သိန်းနဲ့ချီ အရေးပေါ် ပြောင်းရွှေ့နေစေသလို လေယာဉ် ခရီးစဉ် ၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။

နိုင်ငံတကာ

ရေကြီးရာကနေ မြောက်ကိုရီးယားဖက်ကနေ မျောပါလာတယ်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်းတွေကို တောင်ကိုရီးယားက လိုက်လံ သိမ်းဆည်း ဖယ်ရှားနေရပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။