Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လူကြိုက်များတဲ့ ကာကွယ်ရေး ဝန်ကြီးကို ယူကရိန်း သမ္မတ ဖယ်ရှား

ပြည်တွင်းမှာ လူကြိုက်များတဲ့ ကာကွယ်ရေး ဝန်ကြီးကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။

ဓာတ်ပုံ - Reuters

ပြည်တွင်းမှာ လူကြိုက်များတဲ့ ကာကွယ်ရေး ဝန်ကြီးကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။

ပြည်တွင်း အရပ်ဖက် အဖွဲ့အစည်းတွေရော၊ မိတ်ဖက် နိုင်ငံတွေကပါ မစ်ခေးလို ဖီဒိုရော့ဗ်ကို ကာကွယ်ရေး ဝန်ကြီးအဖြစ် ဆက်လက်ထားရှိဖို့ တိုက်တွန်း တောင်းဆိုခဲ့ပေမယ့် အစိုးရကို ပြင်ဆင်ဖွဲ့စည်းမယ့် အစီအမံတွေအရ ဇီလန်စကီးက သူ့ကို ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင် ၁၅ ရက်မှာတော့ ဖီဒိုရော့ဗ်က သူဟာ ရာထူးကနေ ထွက်ခွာတော့မှာ ဖြစ်တယ်လို့ ကြေညာခဲ့ပြီး ယူကရိန်း ပြည်သူတွေအတွက် အမှုထမ်းခွင့် ရခဲ့တာကို အထူးဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။

သူ့ကို ဘာကြောင့် ကာကွယ်ရေး ဝန်ကြီးအဖြစ်ကနေ ဇီလန်စကီးက ဖယ်ရှားခဲ့သလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ အသက် ၃၅ နှစ်သာ ရှိသေးတဲ့ ဖီဒိုရော့ဗ်ဟာ ကာကွယ်ရေး ဝန်ကြီးအဖြစ် ၆ လသာ တာဝန်ယူပြီးချိန်မှာ ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနထဲက အဂတိ ကိစ္စတွေကို ထိထိရောက်ရောက် လျှော့ချနိုင်ခဲ့သူအဖြစ် ချီးကျူး အသိအမှတ်ပြု ခံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး ဝန်ကြီးအဖြစ် သူစတင်တာဝန်ယူချိန် ကတည်းက စစ်မြေပြင်မှာ ယူကရိန်းရဲ့ အခြေအနေက အသာစီး အနေအထား တချို့ကို ပြန်လည် ပိုင်ဆိုင်လာပါတယ်။ အထူးသဖြင့် ရုရှားရဲ့ ရေနံချက်စက်ရုံတွေကို ယူကရိန်းက တာဝေး ဒရုန်းတွေ စေလွှတ်ပြီး အကြိမ်ကြိမ် ထိုးနှက် တိုက်ခိုက်တာမျိုး နည်းဗျူဟာတွေကို ဖီဒိုရော့ဗ်ရဲ့ လက်ထက်မှာ ပီပီပြင်ပြင် အသုံးပြုလာပြီး ရုရှားကိုလည်း အထိနာလာစေခဲ့ပါတယ်။

ရာထူးက ထွက်ခွာမယ့်အကြောင်း ကြေညာရင်း ကာကွယ်ရေး ဝန်ကြီးဘဝမှာ သူစွမ်းဆောင်ခဲ့တာ တချို့ကို ဖီဒိုရော့ဗ်က ပြောပြခဲ့ရာမှာတော့ ရုရှားတပ်တွေ အသုံးပြုနေတဲ့ Starlink အင်တာနက် ချိတ်ဆက်မှုတွေကို ဖျက်သိမ်းစေခဲ့တာ၊ ပြည်တွင်းမှာ စစ်သုံးဒရုန်းတွေ ပိုမို ထုတ်လုပ်နိုင်ခဲ့တာ၊ ဒရုန်းတွေကို အသုံးပြုပြီး ရန်သူ ရုရှားရဲ့ ထောက်ပံ့ပို့ဆောင်ရေး ကွန်ရက်တွေကို ဖြတ်တောက်တာ၊ ရုရှားထိန်းချုပ်ထားတဲ့ ယူကရိန်းပိုင် ခရိုင်းမီးယား ဒေသကို ဒရုန်းတွေ အသုံးပြုပြီး ရုရှားနဲ့ အဆက်အသွယ် ပိုမိုပြတ်တောက်လာအောင် စွမ်းဆောင်နိုင်ခဲ့တာတွေ ပါဝင်ခဲ့ပါတယ်။

သူဟာ ကာကွယ်ရေး ဝန်ကြီးဘဝမှာ နိုင်ငံရဲ့ လက်နက် ဝယ်ယူရေး စနစ်တွေကို အကြီးစား အပြောင်းအလဲတွေ လုပ်ဆောင်ခဲ့ပြီး နိုင်ငံရဲ့ ဘတ်ဂျတ်ကို ဒေါ်လာ ဘီလီယံတွေနဲ့ချီ သက်သာစေခဲ့တယ်လို့လည်း ဖီဒိုရော့ဗ်က ဆိုပါတယ်။

ယူကရိန်း စစ်တပ်က ပဲ့ထိန်းဒုံးကျည်တစ်စင်း စမ်းသပ် ပစ်ခတ်မှုကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ကြောင်း ကြေညာတဲ့ နေ့မှာပဲ ဖီဒိုရော့ဗ်လည်း ဝန်ကြီးအဖြစ်ကနေ ထုတ်ပယ် ခံခဲ့ရတာပါ။ ဇီလန်စကီးက သူ့ကို တခြား အစိုးရ ရာထူးတစ်နေရာမှာ ပြောင်းလဲ ခန့်အပ်မလား ဆိုတာကိုတော့ လောလောဆယ် တိတိကျကျ မသိရသေးပါဘူး။

ဇူလိုင် ၁၅ ရက်နေ့မှာ ယူကရိန်း လွှတ်တော်ဟာ ဝန်ကြီးချုပ် ယူလီယာ ဆာဗရီဒန်ကိုရဲ့ နုတ်ထွက်စာကိုလည်း လက်ခံခဲ့ပါတယ်။ ဇီလန်စကီးက သူ့အစိုးရကို အသစ်ကနေ ပြန်စဖို့ လိုနေပြီလို့ မှတ်ချက်ပေးခဲ့ပြီး မကြာခင်မှာပဲ ဝန်ကြီးချုပ်က နုတ်ထွက်စာ တင်ခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်း သတင်းတွေကတော့ စွမ်းအင် ကုမ္ပဏီ Naftogazရဲ့ အကြီးအကဲ ဆာဟီ ကိုရက်စကီက ဝန်ကြီးချုပ်သစ် ဖြစ်လာနိုင်တယ်လို့ ဖော်ပြနေကြပါတယ်။

ဖီဒိုရော့ဗ် ထုတ်ပယ်ခံရမှုနဲ့ ပတ်သက်လို့ သူ့ကို သဘောကျ ထောက်ခံသူတွေဆီက ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဖီဒိုရော့ဗ်ဟာ ယူကရိန်း စစ်ဦးစီးချုပ် အိုလက်ဇန္ဒာ ဆာစကီနဲ့ သဘောထား ကွဲလွဲမှုတွေ ရှိခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပြီး အခုလို ရာထူးကနေ ဖယ်ရှားခံရတာဟာ ဒီကိစ္စနဲ့ ဆက်စပ်သလား ဆိုတာကိုတော့ မသိရသေးပါဘူး။

ကိုးကား: Politico

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။