Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗြိတိန် စစ်သင်္ဘောက ရေပိုင်နက် ကျူးကျော်ခဲ့တယ်လို့ အာဂျင်တီးနား စွပ်စွဲ

အာဂျင်တီးနား ရေပိုင်နက်ထဲ ဗြိတိန် စစ်သင်္ဘောတစ်စီး ချဉ်းနင်း ဝင်ရောက်ခဲ့ကြောင်း ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲမှာ အာဂျင်တီးနားက အင်္ဂလန်ကို အနိုင်ယူခဲ့ပြီး နာရီပိုင်း အကြာမှာပဲ အာဂျင်တီးနားက စွပ်စွဲခဲ့ပါတယ်။

ဓာတ်ပုံ - MOD/Crown

အာဂျင်တီးနား ရေပိုင်နက်ထဲ ဗြိတိန် စစ်သင်္ဘောတစ်စီး ချဉ်းနင်း ဝင်ရောက်ခဲ့ကြောင်း ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲမှာ အာဂျင်တီးနားက အင်္ဂလန်ကို အနိုင်ယူခဲ့ပြီး နာရီပိုင်း အကြာမှာပဲ အာဂျင်တီးနားက စွပ်စွဲခဲ့ပါတယ်။

ဇူလိုင် ၁၅ ရက်နေ့ ညပိုင်းက အင်္ဂလန်နဲ့ အာဂျင်တီးနား လက်ရွေးစင် အသင်းတွေဟာ ၂၁ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ထိပ်တိုက် ရင်ဆိုင်ခဲ့ပြီး အာဂျင်တီးနားက နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။

အဲဒီနေ့ ညပိုင်းမှာပဲ အာဂျင်တီးနား နိုင်ငံခြားရေးဝန်ကြီး ပက်ဘလို ကီရန်နိုက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာမှာ ဇူလိုင် လဆန်းပိုင်းတုန်းက ဗြိတိန် တော်ဝင်ရေတပ်ရဲ့ စစ်သင်္ဘော တစ်စီးဟာ အာဂျင်တီးနား ရေပိုင်နက်ကို စစ်ရေးအရ ကျူးကျော် ဝင်ရောက်ခဲ့တယ်လို့ စွပ်စွဲထားခဲ့ပါတယ်။

ဗြိတိန် တော်ဝင်ရေတပ်ရဲ့ ကမ်းဝေး ကင်းလှည့်ရေယာဉ်ဖြစ်တဲ့ HMS Medwayဟာ လဆန်းပိုင်းတုန်းက အာဂျင်တီးနား အစိုးရဆီ တရားဝင် အသိပေး အကြောင်းကြားတာမျိုး မရှိဘဲ အာဂျင်တီးနား ရေပိုင်နက်ထဲ ဝင်ရောက်ခဲ့တယ်လို့ ကီရန်နိုက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီကိစ္စနဲ့ ပတ်သက်လို့ အာဂျင်တီးနားဟာ ဗြိတိန် သံရုံးဆီ ဆက်သွယ်ပြီး အပြင်းအထန် ကန့်ကွက်ကြောင်း တရားဝင် အသိပေးခဲ့တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ဗြိတိန် အစိုးရကတော့ အာဂျင်တီးနားရဲ့ စွပ်စွဲချက်ကို တုံ့ပြန်ခဲ့ပြီး စစ်သင်္ဘောရဲ့ ချီလီနိုင်ငံဆီ သွားရောက်တဲ့ ခရီးစဉ်အတွက် အာဂျင်တီးနားဆီ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကြိုတင် အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၅ ရက်ကနေ ၈ ရက်တာ ကာလအတွင်း HMS Medwayရဲ့ ထောက်ပံ့ပို့ဆောင်ရေး မစ်ရှင်အတွက် ချီလီနိုင်ငံဆီ ပုံမှန် ခုတ်မောင်းခဲ့မှုကို အာဂျင်တီးနားဆီ ကြိုတင် အသိပေးခဲ့ကြောင်း၊ အဲဒီရေယာဉ်ဟာ အန္တာတိကတိုက်မှာရှိတဲ့ ဗြိတိသျှ သုတေသီ အဖွဲ့အတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာ၊ ရိက္ခာတွေကို သွားရောက် ပို့ဆောင်ခဲ့တာဖြစ်ကြောင်း၊ ဗြိတိန် တော်ဝင်ရေတပ်ဟာ နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေကို အမြဲတမ်း လေးစား လိုက်နာခဲ့ကြောင်း ဗြိတိန် ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရ အရာရှိက ပြောကြားခဲ့ပါတယ်။

ဗြိတိန်ဟာ အာဂျင်တီးနားနဲ့ ပိုင်ဆိုင်ခွင့် အငြင်းပွားမှုတွေ ရှိနေတဲ့ ဖောက်ကလန် ကျွန်းကနေ ချီလီနိုင်ငံဆီကို စစ်သင်္ဘောနဲ့ ရိက္ခာတွေ၊ ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ HMS Medwayဟာ အခုနှစ်ဆန်းပိုင်းမှာ ဖောက်ကလန်ကျွန်းကို ပြောင်းရွှေ့ အခြေစိုက်နေတာပါ။ အဲဒီကျွန်းကို ပိုင်ဆိုင်ခွင့်အတွက် ဗြိတိန်နဲ့ အာဂျင်တီးနားတို့ကြား ၁၉၈၂ ခုနှစ်တုန်းက ဖောက်ကလန်စစ်ပွဲ ဖြစ်ပွားခဲ့ပြီး ဗြိတိန်က အနိုင်ရခဲ့ပါတယ်။

ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲမှာ အနိုင်ရပြီးတဲ့နောက် အာဂျင်တီးနား ကစားသမားတွေက ဖောက်ကလန်ကို အာဂျင်တီးနားက ပိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ စာတန်းကို ကွင်းထဲ ယူဆောင်လာပြီး အောင်ပွဲခံခဲ့တဲ့နောက် အဲဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပေးဖို့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ကို ဗြိတိန်က တိုက်တွန်း တောင်းဆိုထားပါတယ်။

ကိုးကား: Independent

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ထိပ်တိုက် ရင်ဆိုင်ကြမယ့် အင်္ဂလန်နဲ့ နော်ဝေးတို့ရဲ့ နိုင်ငံခေါင်းဆောင်တွေဟာ သက်ဆိုင်ရာ လက်ရွေးစင်အသင်း ဂျာစီတွေကို ဝတ်ဆင်ပြီး တွေ့ဆုံခဲ့ကြသလို အပြန်အလှန် ကျီစယ် စကားနိုင် လုခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းးတိုင်း၊ ဆားလင်းကြီးမြို့နယ်က ချင်းတွင်းမြစ်အတွင်းမှာ စစ်သင်္ဘောတွေ ဆန်တက်လာလို့ မြစ်ဘေးကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

နိုင်ငံတကာ

ရန်သူ စစ်သင်္ဘောတွေကို ပစ်ခတ်နှစ်မြှုပ်တဲ့ စစ်ရေးလေ့ကျင့်မှုရဲ့ မှတ်တမ်း ဗီဒီယိုကို အမေရိကန် ပစိဖိတ် ရေတပ်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်းရဲ့ ပုံနှိပ်ထားတဲ့ ရှားပါး မိတ္တူ တစ်စောင်ကို ဗြိတိန်နိုင်ငံမှာ မမျှော်လင့်ဘဲ ရှာတွေ့ခဲ့ပါတယ်။

Facebook